ယူကရိန်းနိုင်ငံတွင် အမေရိကန်နိုင်ငံက ထိန်းချုပ်ထားသော ဇီဝဓာတ်ခွဲခန်းများကို စုံစမ်းစစ်ဆေးရန် လုပ်ငန်းအဖွဲ့ ၄ ဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာလိုက်ပြီး ရုရှားကနဦးကော်မရှင်က ပထမဆုံးအစည်းအဝေးကို မတ် ၃၁ ရက်၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်း၏ ဖော်ပြမှုအရ သိရသည်။
ယူကရိန်းနိုင်ငံတွင် အမေရိကန် ကျွမ်းကျင်သူများက ဇီဝဗေဒဆိုင်ရာ သုတေသနပြုမှုအတွင်း စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခြင်းအပေါ် ကော်မရှင်က ရုရှားကာကွယ်ရေးဝန်ကြီးဌာနထံမှ အချက်အလက်များ ကြားနာခဲ့ကြောင်း Russian State Duma သို့မဟုတ် ရုရှား ဖက်ဒရယ်ညီလာခံ အောက်လွှတ်တော်က ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်ဟုဆိုသည်။
ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးအတွင်း ယူကရိန်းနိုင်ငံပိုင်နက်မြေပေါ်ရှိ အမေရိကန်နိုင်ငံ၏ အန္တရာယ်ရှိသော ဇီဝဗေဒဆိုင်ရာလှုပ်ရှားမှုကို ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင် ပူးတွဲဥက္ကဋ္ဌနှင့် State Duma ဒုတိယဥက္ကဋ္ဌ Irina Yarovaya က ပြောခဲ့သည်။
“ရုရှားရော ယူကရိန်းအတွက်ရော အန္တရာယ်ရှိပါတယ်။ ဇီဝလက်နက်တွေ ထုတ်လုပ်မယ့်လက္ခဏာတွေနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကနေ ထိန်းချုပ်ထားတဲ့ လျှို့ဝှက်လှုပ်ရှားမှုအကြောင်း ကျွန်မတို့ ပြောနေကြတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
လုပ်ငန်းအဖွဲ့ လေးဖွဲ့သည် ကျွမ်းကျင်အဆင့် အပါအဝင် အထောက်အထားများနှင့် အချက်အလက်များ အားလုံးကို အသေးစိတ်လေ့လာဆန်းစစ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဥပဒေပြုအမတ်က မှတ်ချက်ပြုခဲ့သည်။
“ဒီကနေ့ ကော်မရှင်ကလည်း ယူကရိန်းက စီမံကိန်းမှာ Hunter Biden ပါဝင်ပတ်သက်မှု အလားအလာများနှင့် ၎င်းကိုယ်တိုင်နှင့် Victoria Nuland ထံမှ ဖြေရှင်းချက်များအတွက် ဖိတ်ကြားခြင်း စတင်လုပ်ဆောင်ရန် ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံတကာဥပဒေဆိုင်ရာ လုပ်ငန်းအဖွဲ့လေးဖွဲ့ကို ညွှန်ကြားထားကြောင်း ,” Yarovaya က ပြောခဲ့သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏သား Hunter Biden က စီမံခန့်ခွဲနေသော Rosemont Seneca ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေက ယူကရိန်းနိုင်ငံရှိ ပင်တဂွန်၏ စစ်ဘက်ဆိုင်ရာ ဇီဝဗေဒဆိုင်ရာ အစီအစဉ်အား ငွေကြေးထောက်ပံ့နေခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်သီတင်းပတ်၌ ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် Victoria Nuland က “ယူကရိန်းတွင် ဇီဝသုတေသနအဆောက်အအုံများ ရှိသည်” ဟု ဝန်ခံထားကြောင်း သိရသည်။
လွန်ခဲ့သည့် သီတင်းပတ်က ဖွဲ့စည်းခဲ့သော ရုရှားနိုင်ငံ လွှတ်တော်ဆိုင်ရာ ကော်မရှင်က ၎င်း၏တွေ့ရှိချက်များကို သမ္မတ ဗလာတီမာပူတင်၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ အစီရင်ခံသွားမည်ဖြစ်ပြီး နောက်ထပ်အစည်းအဝေးကို ဧပြီ ၄ ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ယူကရိန္းတြင္ အေမရိကန္က ထိန္းခ်ဳပ္ထားေသာ ဇီဝဓာတ္ခြဲခန္းမ်ား သက္ေသျပရန္ အလုပ္အဖြဲ႕မ်ား ႐ုရွား ဖြဲ႕စည္း”
ယူကရိန္းနိုင္ငံတြင္ အေမရိကန္နိုင္ငံက ထိန္းခ်ဳပ္ထားေသာ ဇီဝဓာတ္ခြဲခန္းမ်ားကို စုံစမ္းစစ္ေဆးရန္ လုပ္ငန္းအဖြဲ႕ ၄ ဖြဲ႕ ဖြဲ႕စည္းေၾကာင္း ေၾကညာလိုက္ၿပီး ႐ုရွားကနဦးေကာ္မရွင္က ပထမဆုံးအစည္းအေဝးကို မတ္ ၃၁ ရက္၌ က်င္းပခဲ့ေၾကာင္း ဆင္ဟြာသတင္း၏ ေဖာ္ျပမႈအရ သိရသည္။
ယူကရိန္းနိုင္ငံတြင္ အေမရိကန္ ကြၽမ္းက်င္သူမ်ားက ဇီဝေဗဒဆိုင္ရာ သုေတသနျပဳမႈအတြင္း စုံစမ္းစစ္ေဆးမႈ လုပ္ေဆာင္ျခင္းအေပၚ ေကာ္မရွင္က ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနထံမွ အခ်က္အလက္မ်ား ၾကားနာခဲ့ေၾကာင္း Russian State Duma သို႔မဟုတ္ ႐ုရွား ဖက္ဒရယ္ညီလာခံ ေအာက္လႊတ္ေတာ္က ေျပာၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္ဟုဆိုသည္။
႐ုရွားနိုင္ငံ၏ အထူးစစ္ဆင္ေရးအတြင္း ယူကရိန္းနိုင္ငံပိုင္နက္ေျမေပၚရွိ အေမရိကန္နိုင္ငံ၏ အႏၱရာယ္ရွိေသာ ဇီဝေဗဒဆိုင္ရာလႈပ္ရွားမႈကို ေဖာ္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေကာ္မရွင္ ပူးတြဲဥကၠ႒ႏွင့္ State Duma ဒုတိယဥကၠ႒ Irina Yarovaya က ေျပာခဲ့သည္။
႐ုရွားေရာ ယူကရိန္းအတြက္ေရာ အႏၱရာယ္ရွိပါတယ္။ ဇီဝလက္နက္ေတြ ထုတ္လုပ္မယ့္လကၡဏာေတြနဲ႕ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနကေန ထိန္းခ်ဳပ္ထားတဲ့ လွ်ို႔ဝွက္လႈပ္ရွားမႈအေၾကာင္း ကြၽန္မတို႔ ေျပာေနၾကတာျဖစ္ပါတယ္ ဟု ၎က ဆိုသည္။
လုပ္ငန္းအဖြဲ႕ ေလးဖြဲ႕သည္ ကြၽမ္းက်င္အဆင့္ အပါအဝင္ အေထာက္အထားမ်ားႏွင့္ အခ်က္အလက္မ်ား အားလုံးကို အေသးစိတ္ေလ့လာဆန္းစစ္မႈ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း အဆင့္ျမင့္ဥပေဒျပဳအမတ္က မွတ္ခ်က္ျပဳခဲ့သည္။
ဒီကေန႕ ေကာ္မရွင္ကလည္း ယူကရိန္းက စီမံကိန္းမွာ Hunter Biden ပါဝင္ပတ္သက္မႈ အလားအလာမ်ားႏွင့္ ၎ကိုယ္တိုင္ႏွင့္ Victoria Nuland ထံမွ ေျဖရွင္းခ်က္မ်ားအတြက္ ဖိတ္ၾကားျခင္း စတင္လုပ္ေဆာင္ရန္ ကာကြယ္ေရး၊ လုံၿခဳံေရးႏွင့္ နိုင္ငံတကာဥပေဒဆိုင္ရာ လုပ္ငန္းအဖြဲ႕ေလးဖြဲ႕ကို ၫႊန္ၾကားထားေၾကာင္း ,” Yarovaya က ေျပာခဲ့သည္။
လက္ရွိတြင္ အေမရိကန္နိုင္ငံ သမၼတ ဂ်ိဳးဘိုင္ဒန္၏သား Hunter Biden က စီမံခန႔္ခြဲေနေသာ Rosemont Seneca ရင္းႏွီးျမႇုပ္ႏွံမႈ ရန္ပုံေငြက ယူကရိန္းနိုင္ငံရွိ ပင္တဂြန္၏ စစ္ဘက္ဆိုင္ရာ ဇီဝေဗဒဆိုင္ရာ အစီအစဥ္အား ေငြေၾကးေထာက္ပံ့ေနျခင္းျဖစ္ေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္သီတင္းပတ္၌ ေျပာၾကားခဲ့သည္။
အေမရိကန္ နိုင္ငံျခားေရးဌာန နိုင္ငံေရးအတြင္းဝန္ Victoria Nuland က ယူကရိန္းတြင္ ဇီဝသုေတသနအေဆာက္အအုံမ်ား ရွိသည္ ဟု ဝန္ခံထားေၾကာင္း သိရသည္။
လြန္ခဲ့သည့္ သီတင္းပတ္က ဖြဲ႕စည္းခဲ့ေသာ ႐ုရွားနိုင္ငံ လႊတ္ေတာ္ဆိုင္ရာ ေကာ္မရွင္က ၎၏ေတြ႕ရွိခ်က္မ်ားကို သမၼတ ဗလာတီမာပူတင္၊ အစိုးရႏွင့္ နိုင္ငံတကာအဖြဲ႕အစည္းမ်ားထံ အစီရင္ခံသြားမည္ျဖစ္ၿပီး ေနာက္ထပ္အစည္းအေဝးကို ဧၿပီ ၄ ရက္၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
#mhtnews
Recent Comments