ယနေ့ (ဧပြီ ၈ ရက်) ပြည်တွင်းရှိ ရွှေဈေးကွက်များမရှိဘဲ ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၃၅ ဝန်းကျင်ရှိကြောင်း သိရသည်။

ယနေ့ ဗဟိုဘဏ်ကသတ်မှတ်သည့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းမှာ ဝယ်ဈေး ၁၈၅၀ ဒဿမ ၁ ကျပ်၊ ရောင်းဈေး ၁၈၅၅ ဒဿမ ၃၅ ကျပ်နှင့် ဗဟိုဘဏ်ဈေးနှုန်းမှာ ၁၈၅၀ ကျပ်ဖြင့် အသီးသီးရှိခဲ့သော်လည်း ပြင်ပဈေးကွက်နှင့် ကွဲလွဲမှုရှိနိုင်သည်။

ယနေ့ စက်သုံးဆီ ဈေးနှုန်းများမှာ Octane 92 Ron ၁ လီတာ ၁၇၃၀ ကျပ်၊ Octane 95 Ron ၁ လီတာ ၁၇၉၅ ကျပ်၊ Diesel ၁၉၅၀ ကျပ်နှင့် Permium Diesel ၁၉၇၀ ကျပ် အသီးသီးရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရှိရပြီး ယမန်နေ့ဈေးထက် 92 တစ်လီတာ ၁၃၅ ကျပ်၊ 95 တစ်လီတာ ၁၄၅ ကျပ်၊ Diesel တစ်လီတာ ၁၉၀ ကျပ်နှင့် Permium Diesel တစ်လီတာ ၁၈၅ ကျပ် အသီးသီးကျဆင်းခဲ့ကာ နေရာဒေသအလိုက် အပြောင်းအလဲရှိနိုင်သည်။
#mhtnews

(Zawgyi)
“ယနေ့ ပြည်တွင်းရွှေ ဈေးကွက်မရှိဘဲ ဒေါ်လာဈေးပုံမှန်အတိုင်းရှိနေပြီး စက်သုံးဆီဈေးနှုန်းများ ကျဆင်း”



#mhtnews