
ယခု လာမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် Grade-5 ၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် Grade-5 ၊ Grade-8 နှင့် Grade-11 သင်ရိုးသစ် TOT သင်တန်းများကိုလည်း ဧပြီ ၄ရက် မှစ၍ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ယမန်နေ့နံနက်ပိုင်းကပြုလုပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်ပညာ ရေးမှူးများနှင့် ခရိုင်ပညာရေးမှူးများအတွက် ဖွင့်လှစ်ပို့ချသည့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ပညာရေးမှူးများအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ဆင့်ပွားသင်တန်းများကို စနစ်တကျ ဆက်လက်ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုပိုင်းနှင့် ပတ်သက်၍ စီမံအုပ်ချုပ်ရာတွင် အလွဲအမှားများ မရှိစေရေးအတွက် အထူးဂရုပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ၁/၂၀၁၇၊ ၃၅/ ၂၀၁၇ နှင့် ၁/၂၀၂၂ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်အောင် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်သကဲ့သို့ စွမ်းဆောင်ရည်ရမှတ်များကို မှတ်တမ်းများ ပြုလုပ်၍ရုံးချုပ်သို့ ပေးပို့ရမည် ဖြစ်ကြောင်း၊ အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးသည် ဆရာ ဆရာမကြီးများအပေါ်တွင် များစွာမူတည်သည့်အတွက် လက်ရှိတာဝန်ယူ ဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများ၊ ခရိုင်ပညာရေး မှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် စီမံ/ဘဏ္ဍာ/ပညာ ကဏ္ဍများကို ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ကလည်း လေ့လာ သင်ယူ၍ မိမိတာဝန်ယူရသော နယ်မြေများတွင်လည်း အနာဂတ် နိုင်ငံတော်အတွက် အားထားရသော နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်ပေးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။
#mhtnews

(Zawgyi)
“ယခုလာမည့္စာသင္ႏွစ္တြင္ Grade-5၊ Grade-8 ႏွင့္ Grade-11 သင္ရိုးသစ္တန္းမ်ား ဖြင့္လွစ္သြားမည္”
ယခု လာမည့္ ၂၀၂၂-၂၀၂၃ ပညာသင္ႏွစ္ တြင္ Grade-5 ၊ Grade-8 ႏွင့္ Grade-11 သင္ရိုးသစ္တန္းမ်ားကို ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေဇာ္ဝင္း၏ ေျပာၾကားခ်က္အရ သိရသည္။
လက္ရွိတြင္ Grade-5 ၊ Grade-8 ႏွင့္ Grade-11 သင္ရိုးသစ္ TOT သင္တန္းမ်ားကိုလည္း ဧၿပီ ၄ရက္ မွစ၍ ဖြင့္လွစ္ပို႔ခ်လ်က္ရွိေၾကာင္းလည္း ဒုတိယဝန္ႀကီးက ေျပာၾကားသည္။
ယမန္ေန႕နံနက္ပိုင္းကျပဳလုပ္သည့္ တိုင္းေဒသႀကီး/ ျပည္နယ္ပညာ ေရးမႉးမ်ားႏွင့္ ခရိုင္ပညာေရးမႉးမ်ားအတြက္ ဖြင့္လွစ္ပို႔ခ်သည့္ စီမံခန့္ခြဲမႈ စြမ္းေဆာင္ရည္ ျမင့္မားေရးအလုပ္႐ုံေဆြးႏြေးပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျပည္ေထာင္စုဝန္ႀကီးက ပညာေရးမႉးမ်ားအေနျဖင့္ သက္ဆိုင္ရာေဒသအလိုက္ ဆင့္ပြားသင္တန္းမ်ားကို စနစ္တက်ဆက္လက္ဖြင့္လွစ္ပို႔ခ်နိဳင္ေရးအတြက္ ပံ့ပိုးေဆာင္႐ြက္ သြားရမည္ျဖစ္ေၾကာင္း၊ စီမံခန့္ခြဲမႈပိုင္းႏွင့္ ပတ္သက္၍စီမံအုပ္ခ်ဳပ္ရာတြင္ အလြဲအမွားမ်ားမရွိေစေရးအတြက္အထူးဂ႐ုျပဳ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ဘ႑ာေရး လုပ္ထုံးလုပ္နည္းမ်ားႏွင့္ပတ္သက္၍ ၁/၂၀၁၇၊ ၃၅/ ၂၀၁၇ ႏွင့္ ၁/၂၀၂၂ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ဝန္ထမ္းမ်ား လုပ္ငန္းစြမ္းေဆာင္ရည္ တိုးတက္ေအာင္ ေလ့က်င့္သင္ၾကားေပးရမည္ျဖစ္သကဲ့သို႔ စြမ္းေဆာင္ရည္ရမွတ္မ်ားကိုမွတ္တမ္းမ်ား ျပဳလုပ္၍႐ုံးခ်ဳပ္သို႔ ေပးပို႔ရမည္ ျဖစ္ေၾကာင္း၊ အေျခခံပညာေရးက႑ ဖြံ႕ၿဖိဳး တိုးတက္ေရးသည္ ဆရာ ဆရာမႀကီးမ်ားအေပၚတြင္ မ်ားစြာမူတည္သည့္အတြက္ လက္ရွိတာဝန္ယူ ေဆာင္႐ြက္ေနသည့္ တိုင္းေဒသႀကီး/ျပည္နယ္ ပညာေရးမႉးမ်ား၊ ခရိုင္ပညာေရး မႉးမ်ား၊ၿမိဳ႕နယ္ပညာေရးမႉးမ်ားႏွင့္ ေက်ာင္းအုပ္ႀကီးမ်ားအေနျဖင့္ စီမံ/ဘ႑ာ/ပညာ က႑မ်ားကို ၫႊန္ၾကားခ်က္ႏွင့္အညီစနစ္တက် ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မိမိကိုယ္တိုင္ကလည္း ေလ့လာ သင္ယူ၍ မိမိတာဝန္ယူရေသာ နယ္ေျမမ်ားတြင္လည္း အနာဂတ္ နိုင္ငံေတာ္အတြက္ အားထားရေသာ နိုင္ငံ့သားေကာင္းရတနာမ်ား ေမြးထုတ္ေပးနိုင္ေရးအတြက္ ႀကိဳးစားေဆာင္႐ြက္သြားၾကရန္ ေဆြးႏြေးေျပာၾကားခဲ့သည္ဟု သိရွိရပါသည္။
#mhtnews
Recent Comments