ယခင်က ဖြစ်ပေါ်ခဲ့သည့် အာဃာတများ မဖြစ်ပေါ်စေရေးကို သင်ခန်းစာယူဆောင်ရွက်နေခြင်းသာဖြစ်ပြီး နာကြည်းချက်များကို သားစဉ်မြေးဆက်မပါစေရေးအတွက် သည်းခံစိတ်မွေး၍ သွေးထွက်သံယိုမှုအနည်းဆုံးဖြင့် ထိန်းသိမ်းနေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဧပြီ ၈ ရက် မွန်းလွဲပိုင်းတွင် လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးက မိမိတို့သည် ဒီမိုကရေစီစနစ် နုနယ်နေသေးသဖြင့် ရိုးသားသည့် ဒီမိုကရေစီစနစ်ဖြစ်ရန်လိုအပ်သည် တပ်မတော်အနေဖြင့် ရိုးသားသည့် ဒီမိုကရေစီစနစ်ကိုသာ လိုလားသည်ဟု မိမိအနေဖြင့် ပြောကြားခဲ့ကြောင်း၊ တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာသည့် တိုင်းပြည်နှင့် ပြည်သူ၏ အစိတ်အပိုင်းသာဖြစ်သဖြင့် ပြည်သူတို့လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာအောင် လျှောက်လှမ်းနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် နိုင်ငံရေးအရအသုံးချ၍ မရိုးမသားဆောင်ရွက်မှုများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တို့တွင် အသုံးချခြင်းများ လုပ်ဆောင်လာခဲ့သည်ကို တွေ့ခဲ့ရကြောင်း၊ အုပ်ချုပ်ရေးပိုင်း၊ စီးပွားရေးပိုင်းတို့တွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ပြီး ယဉ်ကျေးမှုပိုင်းဆိုင်ရာတွင်လည်း မြန်မာ့ထုံးတမ်းစဉ်လာနှင့် မကိုက်ညီသည့်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ကာ စည်းလုံးညီညွတ်မှုများ ပျက်ပြားခဲ့ရကြောင်း၊ ထို့နောက် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ် ရန် လိုအပ်သည်ဟု ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲတွင် မရိုးမသားသည့် နည်းလမ်းများဖြင့် အနိုင်ရရှိရေး ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ မဲစာရင်းကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသဖြင့်တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ အကြိမ်ကြိမ်အခါခါ အမုန်းခံ၍ တိုင်းပြည်ကို ကာကွယ်ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်လျှောက်လှမ်းနေသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက်သာဖြစ်ပြီး ထိုလမ်းကြောင်းပေါ်မှ သွေဖည်စေမည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်နေကြောင်း၊ ယခင်က ဖြစ်ပေါ်ခဲ့သည့် အာဃာတများ မဖြစ်ပေါ်စေ ရေးကို သင်ခန်းစာယူဆောင်ရွက်နေခြင်းသာဖြစ်ပြီး နာကြည်းချက်များကို သားစဉ်မြေးဆက်မပါ စေရေးအတွက် သည်းခံစိတ်မွေး၍ သွေးထွက်သံယိုမှုအနည်းဆုံးဖြင့် ထိန်းသိမ်းနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက ပဋိပက္ခဖြေရှင်း ရေးအတွက် တာဝန်ရှိသူများအနေဖြင့်လည်း မှန်မှန်ကန်ကန် ထိထိရောက်ရောက် အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတာဝန်ယူရသည့် အဖွဲ့အစည်းများကို တာဝန်ယူ ကြပ်မတ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းခိုင်မာရေးကိုသာ အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်က ဦးဆောင်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက်တပ်မတော်သားများအနေဖြင့် နားလည်သဘောပေါက်ရန်လိုကြောင်းဖြင့်လည်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

#mhtnews

(Zawgyi)

“ယခင္က ျဖစ္ေပၚခဲ့သည့္ အာဃာတမ်ား မျဖစ္ေပၚေစေရးကို သင္ခန္းစာယူေဆာင္႐ြက္ေနျခင္းသာျဖစ္ၿပီး နာၾကည္းခ်က္မ်ားကို သားစဥ္ေျမးဆက္မပါေစေရးအတြက္ သည္းခံစိတ္ေမြး၍ ေသြးထြက္သံယိုမႈအနည္းဆုံးျဖင့္ ထိန္းသိမ္းေနျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ေျပာ”

ယခင္က ျဖစ္ေပၚခဲ့သည့္ အာဃာတမ်ား မျဖစ္ေပၚေစေရးကို သင္ခန္းစာယူေဆာင္႐ြက္ေနျခင္းသာျဖစ္ၿပီး နာၾကည္းခ်က္မ်ားကို သားစဥ္ေျမးဆက္မပါေစေရးအတြက္ သည္းခံစိတ္ေမြး၍ ေသြးထြက္သံယိုမႈအနည္းဆုံးျဖင့္ ထိန္းသိမ္းေနျခင္းျဖစ္ေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာသည္။

ဧၿပီ ၈ ရက္ မြန္းလြဲပိုင္းတြင္ လားရွိုးတပ္နယ္မွ အရာရွိ၊ စစ္သည္ မိသားစုဝင္မ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဗိုလ္ခ်ဳပ္မႉးႀကီးက မိမိတို႔သည္ ဒီမိုကေရစီစနစ္ ႏုနယ္ေနေသးသျဖင့္ ရိုးသားသည့္ ဒီမိုကေရစီစနစ္ျဖစ္ရန္လိုအပ္သည္ တပ္မေတာ္အေနျဖင့္ ရိုးသားသည့္ ဒီမိုကေရစီစနစ္ကိုသာ လိုလားသည္ဟု မိမိအေနျဖင့္ ေျပာၾကားခဲ့ေၾကာင္း၊ တပ္မေတာ္သည္ ျပည္သူၾကားမွ ေပါက္ဖြားလာသည့္ တိုင္းျပည္ႏွင့္ ျပည္သူ၏ အစိတ္အပိုင္းသာျဖစ္သျဖင့္ ျပည္သူတို႔လိုလားသည့္ ပါတီစုံဒီမိုကေရစီစနစ္ကို ခိုင္မာေအာင္ ေလွ်ာက္လွမ္းနိုင္ေရး ဦးတည္ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲေနာက္ပိုင္းတြင္ နိုင္ငံေရးအရအသုံးခ်၍ မရိုးမသားေဆာင္႐ြက္မႈမ်ားကို နိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးနယ္ပယ္တို႔တြင္ အသုံးခ်ျခင္းမ်ား လုပ္ေဆာင္လာခဲ့သည္ကို ေတြ႕ခဲ့ရေၾကာင္း၊ အုပ္ခ်ဳပ္ေရးပိုင္း၊ စီးပြားေရးပိုင္းတို႔တြင္ အားနည္းခ်က္မ်ား ျဖစ္ေပၚခဲ့ၿပီး ယဥ္ေက်းမႈပိုင္းဆိုင္ရာတြင္လည္း ျမန္မာ့ထုံးတမ္းစဥ္လာႏွင့္ မကိုက္ညီသည့္ျဖစ္ရပ္မ်ား ျဖစ္ေပၚခဲ့ကာ စည္းလုံးညီၫြတ္မႈမ်ား ပ်က္ျပားခဲ့ရေၾကာင္း၊ ထို႔ေနာက္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ လြတ္လပ္၍ တရားမွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ ရန္ လိုအပ္သည္ဟု ေျပာၾကားခဲ့ေသာ္လည္း ေ႐ြးေကာက္ပြဲတြင္ မရိုးမသားသည့္ နည္းလမ္းမ်ားျဖင့္ အနိုင္ရရွိေရး ေဆာင္႐ြက္ခဲ့သည္ကိုေတြ႕ရွိရေၾကာင္း၊ မဲစာရင္းကြဲလြဲမႈမ်ားကို ေျဖရွင္းေဆာင္႐ြက္ေပးရန္ တပ္မေတာ္မွ ေျပာၾကားခဲ့ေသာ္လည္း ေဆာင္႐ြက္ေပးျခင္းမရွိသျဖင့္တပ္မေတာ္မွ နိုင္ငံေတာ္၏တာဝန္မ်ားကို ဝင္ေရာက္ထိန္းသိမ္းေဆာင္႐ြက္ခဲ့ရျခင္းျဖစ္ေၾကာင္း၊ အႀကိမ္ႀကိမ္အခါခါ အမုန္းခံ၍ တိုင္းျပည္ကို ကာကြယ္ခဲ့ရေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ခဲ့ျခင္းသည္ နိုင္ငံေတာ္ေလွ်ာက္လွမ္းေနသည့္ ပါတီစုံ ဒီမိုကေရစီလမ္းေၾကာင္း ခိုင္မာေရးအတြက္သာျဖစ္ၿပီး ထိုလမ္းေၾကာင္းေပၚမွ ေသြဖည္ေစမည္မဟုတ္ေၾကာင္း၊ ထို႔ေၾကာင့္ တိုင္းျပည္တည္ၿငိမ္ေရးကို ေဆာင္႐ြက္ရာတြင္ ဥပေဒႏွင့္အညီသာ ထိန္းထိန္း သိမ္းသိမ္းေဆာင္႐ြက္ေနေၾကာင္း၊ ယခင္က ျဖစ္ေပၚခဲ့သည့္ အာဃာတမ်ား မျဖစ္ေပၚေစ ေရးကို သင္ခန္းစာယူေဆာင္႐ြက္ေနျခင္းသာျဖစ္ၿပီး နာၾကည္းခ်က္မ်ားကို သားစဥ္ေျမးဆက္မပါ ေစေရးအတြက္ သည္းခံစိတ္ေမြး၍ ေသြးထြက္သံယိုမႈအနည္းဆုံးျဖင့္ ထိန္းသိမ္းေနျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ဆက္လက္၍လည္း ဗိုလ္ခ်ဳပ္မႉးႀကီးက ပဋိပကၡေျဖရွင္း ေရးအတြက္ တာဝန္ရွိသူမ်ားအေနျဖင့္လည္း မွန္မွန္ကန္ကန္ ထိထိေရာက္ေရာက္ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ မိမိတာဝန္ယူရသည့္ အဖြဲ႕အစည္းမ်ားကို တာဝန္ယူ ၾကပ္မတ္ထိန္းသိမ္းရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းခိုင္မာေရးကိုသာ အဓိကေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာေစေရး၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စု တည္ေဆာက္ေရးကို ဦးတည္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္အမ်ိဳးသားေရးလုပ္ငန္းစဥ္ႏွစ္ခုအျဖစ္ တိုင္းျပည္သာယာဝေျပာေရးႏွင့္ စား၊ ေရ၊ ရိကၡာဖူလုံေရးကို ခ်မွတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္က ဦးေဆာင္ေဆာင္႐ြက္ေနျခင္းျဖစ္သည့္အတြက္တပ္မေတာ္သားမ်ားအေနျဖင့္ နားလည္သေဘာေပါက္ရန္လိုေၾကာင္းျဖင့္လည္း ေျပာၾကားခဲ့သည္ဟု သိရွိရပါသည္။

#mhtnews