ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရှေးဟောင်းစေတီ ပုထိုးများ၏ အနီးပတ်ဝန်းကျင်ရှိ ကျူးကျော်များအတွက် မြေနေရာ အစားထိုး ပေးမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က CNI သတင်းဌာနသို့ ပြောဆိုထားကြောင်း ၎င်းသတင်းဌာနက ဖော်ပြသည်။

၎င်းက “ဟုတ်ကဲ့ ဟုတ်ကဲ့။ ဒီအချိန်ပြောလို့ မရသေးဘူး မြေနေရာ။ ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ရွေးချယ်နေပါတယ်။ သူ့ နေရာနဲ့သူ သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်နေပါတယ်။ အဲ့ဒီမှာ မြေနေရာရရင် ဒီနေရာကို ရွှေ့ပြောင်းပေးပါ့မယ်”ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

မြောက်ဦးဒေသကို ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဝင်၊ မဝင် ဆုံးဖြတ်ရန်အတွက် ယခုနှစ်(၂၀၂၂ ခုနှစ်) စက်တင်ဘာလ၊ အောက်တိုဘာလတွင် ပညာရှင်များမှ ကွင်းဆင်း စစ်ဆေးမည် ဖြစ်သဖြင့် ကျူးကျော်နေအိမ်များကို အပြီးဖယ်ရှားရန် လုပ်ဆောင်လျှက်ရှိသည်။

မြောက်ဦး နန်းတော်ရာကုန်း တဝိုက်ရှိ ကျူးကျော်များကို ဖယ်ရှားရန်အတွက် စာထုတ်ထားကြောင်း ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Western News သို့ ညွှန်ကြားရေးမှူး ဦးကြည်ခင်မှ ဖြေဆိုထားကာ ကျန်နေရာများကိုလည်း တစ်ဆင့်ချင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

============================

(Zawgyi)

“မြောက်ဦးရှိ ကျူးကျော်များကို မြေနေရာ အစားထိုးမေးမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြောကြားထား”