မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးအတွက် ကျူးကျော်ဝင်ရောက်မှုမရှိစေရေး ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးပူးပေါင်း၍ ပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးအတွက် ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ၌ ပြောကြားသည်။

ပြည်နယ်ဝန်ကြီးချုပ်က မြောက်ဦးအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာတွင် ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုး (Outstanding Universal Values) OUV နှင့်အတူ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ အမွေအနှစ်၏တန်ဖိုး စစ်မှန်ခြင်းဟူသော ဂုဏ်ရည်နှင့်လက္ခဏာတို့ မပျောက်ပျက်၊ မလျော့ကျရအောင် ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်၏ တန်ဖိုးကို ထိခိုက်မှုမရှိစေဘဲ ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ ရေမြောင်းများနှင့် မြစ်ချောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းမရှိစေရေး၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်သူများမရှိစေရေး၊ စနစ်တကျစာရင်း ကောက်ယူမှတ်တမ်းပြုစုပြီး ယခုထက်ပို၍ ထပ်မံကျူးကျော်ဝင်ရောက်မှုမရှိစေရေး ဌာနဆိုင်ရာများ၊ ဒေသခံများ၊ ပရဟိတအဖွဲ့များ၊ ပြည်သူအခြေပြု လူမှုအဖွဲ့အစည်းများ (CSO) များ၊ မြောက်ဦး Heritage trust စသည့်အဖွဲ့များမှ ပူးပေါင်း၍ ပညာပေးဆွေးနွေးပွဲများ စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပျူမြို့ဟောင်း (၃) မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့သည် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည် ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်ခဲ့ကာ ယခုအခါ တတိယအနေဖြင့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ေျမာက္ဦးယဥ္ေက်းမႈေဒသအား ကမၻာ့အေမြအႏွစ္ စာရင္းတင္သြင္းေရးအတြက္ က်ဴးေက်ာ္ဝင္ေရာက္မႈမရွိေစေရး ဌာနဆိုင္ရာ အဖြဲ႕အစည္းအသီးသီးပူးေပါင္း၍ ပညာေပးေဆြးႏြေးပြဲမ်ားကို စဥ္ဆက္မျပတ္ လုပ္ေဆာင္သြားရမည္ျဖစ္ေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ေျပာ”

ေျမာက္ဦးယဥ္ေက်းမႈေဒသအား ကမၻာ့အေမြအႏွစ္ စာရင္းတင္သြင္းေရးအတြက္ က်ဴးေက်ာ္ဝင္ေရာက္မႈမရွိေစေရး ဌာနဆိုင္ရာ အဖြဲ႕အစည္းအသီးသီးပူးေပါင္း၍ ပညာေပးေဆြးႏြေးပြဲမ်ားကို စဥ္ဆက္မျပတ္ လုပ္ေဆာင္သြားရမည္ျဖစ္ေၾကာင္း ရခိုင္ျပည္နယ္ယဥ္ေက်းမႈအေမြအႏွစ္မ်ား ကာကြယ္ထိန္းသိမ္းေရး ေကာ္မတီဥကၠ႒၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္ေက်ာ္မင္းက ေျမာက္ဦးယဥ္ေက်းမႈေဒသအား ကမၻာ့အေမြအႏွစ္ စာရင္းတင္သြင္းေရးအတြက္ ညွိႏွိုင္းအစည္းအေဝး (၁/၂၀၂၂) ၌ ေျပာၾကားသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျမာက္ဦးအေမြအႏွစ္ေဒသကို ကမၻာ့အေမြအႏွစ္စာရင္းတင္သြင္းရာတြင္ ကမၻာလုံးဆိုင္ရာစံတန္ဖိုး (Outstanding Universal Values) OUV ႏွင့္အတူ ေျမာက္ဦးယဥ္ေက်းမႈအေမြအႏွစ္ေဒသကို ေရရွည္တည္တံ့ခိုင္ၿမဲေစရန္ ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ျခင္း၊ အေမြအႏွစ္၏တန္ဖိုး စစ္မွန္ျခင္းဟူေသာ ဂုဏ္ရည္ႏွင့္လကၡဏာတို႔ မေပ်ာက္ပ်က္၊ မေလ်ာ့က်ရေအာင္ ထိန္းသိမ္းကာကြယ္ရမည္ျဖစ္ေၾကာင္း၊ ယဥ္ေက်းမႈအေမြအႏွစ္၏ တန္ဖိုးကို ထိခိုက္မႈမရွိေစဘဲ ေဒသခံမ်ား၏ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းအစီအစဥ္မ်ားကို အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ ယဥ္ေက်းမႈအေမြအႏွစ္ေဒသအတြင္း အမွိုက္မ်ား စနစ္တက်စြန႔္ပစ္ေရး၊ ေရေျမာင္းမ်ားႏွင့္ ျမစ္ေခ်ာင္းမ်ားအတြင္း စည္းကမ္းမဲ့အမွိုက္စြန႔္ပစ္ျခင္းမရွိေစေရး၊ ယဥ္ေက်းမႈအေမြအႏွစ္ေဒသအတြင္း က်ဴးေက်ာ္ဝင္ေရာက္ေနထိုင္သူမ်ားမရွိေစေရး၊ စနစ္တက်စာရင္း ေကာက္ယူမွတ္တမ္းျပဳစုၿပီး ယခုထက္ပို၍ ထပ္မံက်ဴးေက်ာ္ဝင္ေရာက္မႈမရွိေစေရး ဌာနဆိုင္ရာမ်ား၊ ေဒသခံမ်ား၊ ပရဟိတအဖြဲ႕မ်ား၊ ျပည္သူအေျချပဳ လူမႈအဖြဲ႕အစည္းမ်ား (CSO) မ်ား၊ ေျမာက္ဦး Heritage trust စသည့္အဖြဲ႕မ်ားမွ ပူးေပါင္း၍ ပညာေပးေဆြးႏြေးပြဲမ်ား စသည့္လုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ လုပ္ေဆာင္သြားရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာနိုင္ငံတြင္ ပ်ဴၿမိဳ႕ေဟာင္း (၃) ၿမိဳ႕ျဖစ္သည့္ ဟန္လင္း၊ ဗိႆနိုး၊ သေရေခတၱရာတို႔သည္ ၂၀၁၄ ခုႏွစ္၊ ဇြန္လ ၂၂ ရက္ေန႕တြင္ ျမန္မာနိုင္ငံ၏ ပထမဆုံး ကမၻာ့အေမြအႏွစ္ စာရင္းဝင္ေဒသ ျဖစ္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၆ ရက္တြင္ ပုဂံယဥ္ေက်းမႈ အေမြအႏွစ္ေဒသသည္ ဒုတိယေျမာက္ ကမၻာ့အေမြအႏွစ္ေဒသျဖစ္ခဲ့ကာ ယခုအခါ တတိယအေနျဖင့္ ေျမာက္ဦးယဥ္ေက်းမႈ အေမြအႏွစ္ ေဒသကို ကမၻာ့အေမြအႏွစ္စာရင္းတြင္ ပါဝင္နိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

#mhtnews