
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရှေးဟောင်းစေတီပုထိုးများရှိ ကျူးကျော်နေအိမ်များကို ယခုနှစ် အောက်တိုဘာမတိုင်ခင် အပြီးဖယ်ရှားမည်ဖြစ်ပြီး မြေနေရာ အစားထိုး ပေး၊မပေးကတော့ ရခိုင်ပြည်နယ် အစိုးရအပေါ် မူတည်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ သိရသည်။
အဆိုပါ ကျူးကျော်များ အခြေအနေနှင့်ပတ်သက်ပြီး ပြုလုပ်သည့်အစည်းဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးမှ ကျူးကျော်သူများ နစ်နာမှုမရှိစေရန် သိမ်သိမ်မွေ့မွေ့ လုပ်သွားမည်ဟု ပြောကြားထားသည်။
“ကျူးကျော်တွေကို ဖယ်ရှားတယ်ဆိုတာက အကုန်လုံးကိုလည်း မြေနေရာပေးလို့ မရဘူး။ တချို့ က မြေသပ်သပ် ကျူးကျော်ထားတာ ရှိတယ်။ အဆောက်အဦး မဆောက်ဘူးပေါ့။ နေစရာမရှိလို့ ကျူးကျော်ထားတဲ့ သူကျ တစ်မျိုးပေါ့။ နေစရာရှိရဲ့သားနဲ့ ပိုက်ဆံရှိလို့ ပိုင်ဆိုင်တယ်ဆိုပြီးတော့ အကြောင်းပြတဲ့သူတွေကျ ပိုက်ဆံပေးဝယ်ပြီးတော့ ကျူးကျော်တာရှိတယ်။ အဲ့ဒါတွေကျတော့ ပြန်စိစစ်ရမှာပါ။ အဲ့ဒါကတော့ ပြည်နယ်အစိုးရနဲ့ ညှိပြီးတော့ ရွေးရမှာပါ။ လောလောဆယ်က မြို့သစ်စီမံကိန်းဆိုပြီးတော့ အရင် နှစ်နှစ် သုံးနှစ်လောက်ကတည်းက ရွေးချယ်ထားတဲ့ နေရာရှိပါတယ်။ အုတ်ဖိုကန်ရွာနားမှာပါ။ မြောက်ဦးရဲ့ အနောက်ဘက်ပေါ့။ အဲ့ဒါပေးဖို့ များပါတယ်။ ပြည်နယ်အစိုးရရဲ့ ညှိနှိုင်းမှုနဲ့ လုပ်ရမှာပါ”ဟု မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်ကပြောသည်။
အလားတူ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က “ပေးမယ်၊ မပေးဘူးကတော့ ပြောဖို့က စောလွန်းပါသေးတယ်။ သက်ဆိုင်ရာ ဆက်စပ် ဌာန ဆိုင်ရာတွေ ကွင်းဆင်း စစ်ဆေးဦးမှာပေါ့။ စာရင်းကောက်မယ်။ အဲဒီလိုမျိုးပေါ့။ အဲ့ဒီကျူးတွေကိစ္စ ကျနော်တို့က မဖြစ်မနေ ကို ဖြေရှင်းကြရမယ့် ကိစ္စတွေ။ မဖြစ်မနေကို ဆောင်ရွက်ရမှာ။ ဘာလို့လဲဆိုတော့ icomos က လာတော့မယ်လေ။ ဒီ ၆ လ၊ ၇ လ အတွင်းမှာတော့ မဖြစ်မနေ ဆောင်ရွက်ကြရမယ့် အရာတွေပဲ။ ကျနော်တို့က အတတ်နိုင်ဆုံး အညင်သာဆုံး နည်း လမ်းနဲ့ ဆောင်ရွက်နေပါတယ်။ နောက်ဆုံးမရမှ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ၂၀၁၉ နဲ့ ကျနော်တို့က ဆောင်ရွက်ရမှာပါ။ သူတို့ကတော့ နေရာပေးရင် သွားကြမှာပဲလေ။ ကျနော့်အထင်ပြောတာ” ဟုဆိုသည်။
လက်ရှိ မြောက်ဦးမြို့တွင် ရှိသော ကျူးကျော်ထဲ၌ နေစရာရှိ၍ ကျူးကျော်နေထိုင်သူ ၂၀၀ ကျော်ရှိပြီး နေစရာမရှိဖြစ်ကာ ကျူးကျော်နေထိုင်သူ ၁၀၀ ကျော်ရှိကြောင်း မြောက်ဦးဒေသခံများ၏ ပြေဆိုမှုအရ သိရသည်။
#mhtnews

(Zawgyi)
“ေျမာက္ဦးၿမိဳ႕ ေရွးေဟာင္းေစတီပုထိုးမ်ားရွိ က်ဴးေက်ာ္ေနအိမ္မ်ားကို ယခုႏွစ္ ေအာက္တိုဘာ မတိုင္ခင္ အၿပီးဖယ္ရွားမည္ျဖစ္ၿပီး ေျမေနရာ အစားထိုး ေပး၊မေပး ျပည္နယ္အစိုးရေပၚ မူတည္”
ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕ ေရွးေဟာင္းေစတီပုထိုးမ်ားရွိ က်ဴးေက်ာ္ေနအိမ္မ်ားကို ယခုႏွစ္ ေအာက္တိုဘာမတိုင္ခင္ အၿပီးဖယ္ရွားမည္ျဖစ္ၿပီး ေျမေနရာ အစားထိုး ေပး၊မေပးကေတာ့ ရခိုင္ျပည္နယ္ အစိုးရအေပၚ မူတည္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (ေျမာက္ဦးဌာနခြဲ)မွ သိရသည္။
အဆိုပါ က်ဴးေက်ာ္မ်ား အေျခအေနႏွင့္ပတ္သက္ၿပီး ျပဳလုပ္သည့္အစည္းေဝးတြင္ ရခိုင္ျပည္နယ္ဝန္ႀကီးမွ က်ဴးေက်ာ္သူမ်ား နစ္နာမႈမရွိေစရန္ သိမ္သိမ္ေမြ႕ေမြ႕ လုပ္သြားမည္ဟု ေျပာၾကားထားသည္။
က်ဴးေက်ာ္ေတြကို ဖယ္ရွားတယ္ဆိုတာက အကုန္လုံးကိုလည္း ေျမေနရာေပးလို႔ မရဘူး။ တခ်ိဳ႕ က ေျမသပ္သပ္ က်ဴးေက်ာ္ထားတာ ရွိတယ္။ အေဆာက္အဦး မေဆာက္ဘူးေပါ့။ ေနစရာမရွိလို႔ က်ဴးေက်ာ္ထားတဲ့ သူက် တစ္မ်ိဳးေပါ့။ ေနစရာရွိရဲ႕သားနဲ႕ ပိုက္ဆံရွိလို႔ ပိုင္ဆိုင္တယ္ဆိုၿပီးေတာ့ အေၾကာင္းျပတဲ့သူေတြက် ပိုက္ဆံေပးဝယ္ၿပီးေတာ့ က်ဴးေက်ာ္တာရွိတယ္။ အဲ့ဒါေတြက်ေတာ့ ျပန္စိစစ္ရမွာပါ။ အဲ့ဒါကေတာ့ ျပည္နယ္အစိုးရနဲ႕ ညွိၿပီးေတာ့ ေ႐ြးရမွာပါ။ ေလာေလာဆယ္က ၿမိဳ႕သစ္စီမံကိန္းဆိုၿပီးေတာ့ အရင္ ႏွစ္ႏွစ္ သုံးႏွစ္ေလာက္ကတည္းက ေ႐ြးခ်ယ္ထားတဲ့ ေနရာရွိပါတယ္။ အုတ္ဖိုကန္႐ြာနားမွာပါ။ ေျမာက္ဦးရဲ႕ အေနာက္ဘက္ေပါ့။ အဲ့ဒါေပးဖို႔ မ်ားပါတယ္။ ျပည္နယ္အစိုးရရဲ႕ ညွိႏွိုင္းမႈနဲ႕ လုပ္ရမွာပါဟု ေျမာက္ဦးၿမိဳ႕ ေရွးေဟာင္းအေမြအႏွစ္ ေစာင့္ေရွာက္ေရးအဖြဲ႕ ဒုတိယဥကၠ႒ ဦးသန္းျမင့္ကေျပာသည္။
အလားတူ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (ေျမာက္ဦးဌာနခြဲ)မွ ၫႊန္ၾကားေရးမႉး ဦးၾကည္ခင္က ေပးမယ္၊ မေပးဘူးကေတာ့ ေျပာဖို႔က ေစာလြန္းပါေသးတယ္။ သက္ဆိုင္ရာ ဆက္စပ္ ဌာန ဆိုင္ရာေတြ ကြင္းဆင္း စစ္ေဆးဦးမွာေပါ့။ စာရင္းေကာက္မယ္။ အဲဒီလိုမ်ိဳးေပါ့။ အဲ့ဒီက်ဴးေတြကိစၥ က်ေနာ္တို႔က မျဖစ္မေန ကို ေျဖရွင္းၾကရမယ့္ ကိစၥေတြ။ မျဖစ္မေနကို ေဆာင္႐ြက္ရမွာ။ ဘာလို႔လဲဆိုေတာ့ icomos က လာေတာ့မယ္ေလ။ ဒီ ၆ လ၊ ၇ လ အတြင္းမွာေတာ့ မျဖစ္မေန ေဆာင္႐ြက္ၾကရမယ့္ အရာေတြပဲ။ က်ေနာ္တို႔က အတတ္နိုင္ဆုံး အညင္သာဆုံး နည္း လမ္းနဲ႕ ေဆာင္႐ြက္ေနပါတယ္။ ေနာက္ဆုံးမရမွ ယဥ္ေက်းမႈ အေမြအႏွစ္ေဒသမ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒ ၂၀၁၉ နဲ႕ က်ေနာ္တို႔က ေဆာင္႐ြက္ရမွာပါ။ သူတို႔ကေတာ့ ေနရာေပးရင္ သြားၾကမွာပဲေလ။ က်ေနာ့္အထင္ေျပာတာ ဟုဆိုသည္။
လက္ရွိ ေျမာက္ဦးၿမိဳ႕တြင္ ရွိေသာ က်ဴးေက်ာ္ထဲ၌ ေနစရာရွိ၍ က်ဴးေက်ာ္ေနထိုင္သူ ၂၀၀ ေက်ာ္ရွိၿပီး ေနစရာမရွိျဖစ္ကာ က်ဴးေက်ာ္ေနထိုင္သူ ၁၀၀ ေက်ာ္ရွိေၾကာင္း ေျမာက္ဦးေဒသခံမ်ား၏ ေျပဆိုမႈအရ သိရသည္။
#mhtnews
Recent Comments