
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ယူနက်စကို ကမ္ဘာယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ရေး လှုပ်ရှားမှု တစ်ရပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနှင့် ရခိုင်ပြည်နယ််အုပ်ချုပ်ရေးကောင်စီတို့ပူးပေါင်း၍ “အနဂ္ဃရတနာမြေ” ဓာတ်ပုံပြပွဲတစ်ခုကို ပြုလုပ်လျှက်ရှိကြောင်း ဒေသတွင်းသတင်းဖော်ပြမှုများအရ သိရသည်။
အဆိုပါ ဓာတ်ပုံပြပွဲကို မြောက်ဦးမြို့၊ အံတော်သိမ်ဘုရားအနီး၌ ယနေ့ ဧပြီ ၂၂ ရက်နေ့မှ စတင်ကာ၂၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဓာတ်ပုံဆရာ ၁၂ ဦးတို့၏ ဓာတ်ပုံကားချပ်ပေါင်း ၁၂၅ ချပ်ပါဝင်ပြသထားသည်ဟု မြောက်ဦး ရှေးဟောင်းသုတေသနာဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က ပြောကြားထားသည်။
မြောက်ဦးဒေသ ယူနက်စကိုကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဝင်ရောက်နိုင်ရေး အဆိုပြုလွှာမူချောကို ၂၀၂၁ခုနှစ် နှစ်ဒီဇင်ဘာ ၃၀ ရက်နေ့တွင် တင်သွင်းခဲ့ပြီး ၂၀၂၃တွင် ယူနက်စကိုမှပညာရှင်များက လာရောက် ကွင်းဆင်းလေ့လာမည်ဖြစ်ကာ ပြီးခဲ့သည့်ဧပြီ ၂ ရက်နေ့ကလည်း မြောက်ဦးမြို့တွင် မြောက်ဦးယူနက်စကို ဝင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဌာနပေါင်းစုံမှ အမှိုက်ကောက် ကမ်ပိန်းကိုပြုလုပ်ခဲ့ကြကြောင်းနှင့် ကျူးကျော်နေထိုင်မှုများကိုလည်း စနစ်တကျ ရှင်းလင်းရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ေျမာက္ဦးေဒသကို ယူနက္စ္ကိုကမၻာ့အေမြအႏွစ္စာရင္းဝင္နိုင္ေရး အနဂၣရတနာေျမ ဓာတ္ပုံျပပြဲျပဳလုပ္”
ေျမာက္ဦးေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမကို ယူနက္စကို ကမၻာယဥ္ေက်းမႈ အေမြအႏွစ္စာရင္းဝင္နိုင္ေရး လႈပ္ရွားမႈ တစ္ရပ္အျဖစ္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာႏွင့္ ရခိုင္ျပည္နယ္္အုပ္ခ်ဳပ္ေရးေကာင္စီတို႔ပူးေပါင္း၍ အနဂၣရတနာေျမ ဓာတ္ပုံျပပြဲတစ္ခုကို ျပဳလုပ္လွ်က္ရွိေၾကာင္း ေဒသတြင္းသတင္းေဖာ္ျပမႈမ်ားအရ သိရသည္။
အဆိုပါ ဓာတ္ပုံျပပြဲကို ေျမာက္ဦးၿမိဳ႕၊ အံေတာ္သိမ္ဘုရားအနီး၌ ယေန႕ ဧၿပီ ၂၂ ရက္ေန႕မွ စတင္ကာ၂၄ ရက္ေန႕အထိ က်င္းပသြားမည္ျဖစ္ၿပီး ဓာတ္ပုံဆရာ ၁၂ ဦးတို႔၏ ဓာတ္ပုံကားခ်ပ္ေပါင္း ၁၂၅ ခ်ပ္ပါဝင္ျပသထားသည္ဟု ေျမာက္ဦး ေရွးေဟာင္းသုေတသနာဌာနမွ ၫႊန္ၾကားေရးမႉး ဦးၾကည္ခင္က ေျပာၾကားထားသည္။
ေျမာက္ဦးေဒသ ယူနက္စကိုကမၻာ့ေရွးေဟာင္းအေမြအႏွစ္ဝင္ေရာက္နိုင္ေရး အဆိုျပဳလႊာမူေခ်ာကို ၂၀၂၁ခုႏွစ္ ႏွစ္ဒီဇင္ဘာ ၃၀ ရက္ေန႕တြင္ တင္သြင္းခဲ့ၿပီး ၂၀၂၃တြင္ ယူနက္စကိုမွပညာရွင္မ်ားက လာေရာက္ ကြင္းဆင္းေလ့လာမည္ျဖစ္ကာ ၿပီးခဲ့သည့္ဧၿပီ ၂ ရက္ေန႕ကလည္း ေျမာက္ဦးၿမိဳ႕တြင္ ေျမာက္ဦးယူနက္စကို ဝင္နိုင္ေရး ႀကိဳတင္ျပင္ဆင္မႈအေနျဖင့္ ဌာနေပါင္းစုံမွ အမွိုက္ေကာက္ ကမ္ပိန္းကိုျပဳလုပ္ခဲ့ၾကေၾကာင္းႏွင့္ က်ဴးေက်ာ္ေနထိုင္မႈမ်ားကိုလည္း စနစ္တက် ရွင္းလင္းရန္ ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။
#mhtnews
Recent Comments