ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် အင်းစိန်မြို့နယ်နေ ဆုဝေ နှင်း (ဘ)ဦးတင့်လွင်၊ ဆုမြတ်သွယ် (ဘ)ဦးစိန်မိုး၊
ခိုင်မင်းထွန်း (ခ)နေမင်း (ဘ)ဦးလှနိုင်၊ ဉာဏ်ဟိန်းထက် (ခ)ကိုထက် (ခ)ယုန်လေး (ဘ)ဦးစိုးဝင်း၊ ပြည့်ဖြိုးသူ(ခ)ကိုစိုင်း (ခ)စိုင်းသူ(ဘ)ဦးအေးသန်း၊ ရဲရင့်ဖြိုး(ခ)ပီတာပို(ဘ)ဦးညီညီလွင်၊ ဝေမိုးနိုင်(ခ)ဝင်းလွင်ဦး (ဘ)ဦးခင်ထွန်းနှင့် သန်းဇော်(ခ)ဝတုတ်(ခ)ကျောင်းဆရာ(ဘ) ဦးမောင် တို့သည် မြောက်ဉက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်ရှိ Wifi ကားရေဆေးဆိုင်မှ ဆိုင်ရှင်ဖြစ်သူအား သုနန္ဒာလမ်းနှင့် မေဓာဝီလမ်းဆုံ၌ သေနတ်ဖြင့်ပစ် ခတ်သတ်ဖြတ်ခဲ့ပြီး နိုင်ငံတော်က သတ်မှတ်ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ လက်အောက်ခံအဖြစ် အများပြည်သူ၏ လုံခြုံရေးကိုထိခိုက်ဆုံးရှုံးစေရန် အကြမ်းဖက် မှုကျူးလွန်ခဲ့ခြင်းကြောင့် လည်းကောင်း၊ ဆုမြတ်သွယ်(ဘ)ဦးစိန်မိုး၊ ခိုင်မင်းထွန်း (ခ)နေမင်း(ဘ) ဦးလှနိုင်၊ ဉာဏ်ဟိန်းထက်(ခ) ကိုထက်(ခ)ယုန်လေး(ဘ)ဦးစိုးဝင်း၊ ပြည့်ဖြိုးသူ(ခ) ကိုစိုင်း(ခ)စိုင်းသူ(ဘ)ဦးအေးသန်း၊ ရဲရင့်ဖြိုး(ခ)ပီတာပို(ဘ) ဦးညီညီလွင်၊ ဝေမိုးနိုင်(ခ) ဝင်းလွင်ဦး(ဘ)ဦးခင်ထွန်း၊သန်းဇော် (ခ) ဝတုတ်(ခ) ကျောင်းဆရာ(ဘ) ဦးမောင် နှင့် ကိုလတ်တို့သည် မြောက်ဥက္ကလာပမြို့မရဲစခန်းအပါအဝင် အများပြည်သူများ သွားလာလျက်ရှိသည့် နေရာများ၊ လုံခြုံရေးစခန်းများ၊ ဘဏ်များ၊ နိုင်ငံပိုင်အဆောက်အဦများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အရ ၂၀၂၂ ခုနှစ်၊ မတ် ၃၀ ရက်တွင် ၎င်းတို့အား “သေဒဏ်” ပြစ်ဒဏ်ကို အသီးသီးအမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများ အား၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြိုနယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#mhtnews
=========================
(Zawgyi)
“မြောက်ဥက္ကလာပမြို့နယ်တွင်း အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား “သေဒဏ်” ပြစ်ဒဏ်အသီးသီးချမှတ်”
#mhtnews
Recent Comments