ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးမှာ ကားတစ်စီးပေါ်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။

ယမန်နေ့ (ဧပြီ ၂၃ ရက်) ည ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အဲဒီကားဟာ မီးလောင်ကျွမ်းခဲ့တဲ့အပြင် မြဝတီဘက်က လူဝင်မှုစစ်ဆေးရေးဂိတ် ပျက်စီးခဲ့ပြီး အနီးရှိ ဆိုင်တွေနဲ့ အဆောက်အအုံအချိုလည်း ပျက်စီးခဲ့တယ်လို သိရပါတယ်။

မီးလောင်ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို လုံခြုံရေးတပ်ဖွဲတွေက သွားရောက်စစ်ဆေးနေစဥ်မှာ လူအချိုရောက်လာပြီး တံတားပေါ်ရှိ လုံခြုံရေးတပ်ဖွဲဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားတယ်လိုလည်း ဒေသခံတွေက ပြောပြပေမယ့် ဒဏ်ရာရသေဆုံးမှု ရှိ၊ မရှိဆိုတာကိုတော့ သူတို မသိရဘူးလို ဆိုပါတယ်။

ဒေသခံအချိုကတော့ အဲဒီပေါက်ကွဲမှုဟာ မိုင်းဆင်ထားတဲ့ကားနဲ့ လာရောက်ဖောက်ခွဲမှု ပြုလုပ်တာဖြစ်နိုင်တယ်လို သုံးသပ်ထားကြပြီး ဖြစ်စဥ်အသေးစိတ်ကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ထုတ်ပြန်မှသာ သိရှိရလိမ့်မယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးမှာ ကားတစ်စီပေါ်က ပေါက်ကွဲဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေလည်းရှိခဲ့”

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးမှာ ကားတစ်စီးပေါ်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ (ဧပြီ ၂၃ ရက်) ည ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အဲဒီကားဟာ မီးလောင်ကျွမ်းခဲ့တဲ့အပြင် မြဝတီဘက်က လူဝင်မှုစစ်ဆေးရေးဂိတ် ပျက်စီးခဲ့ပြီး အနီးရှိ ဆိုင်တွေနဲ့ အဆောက်အအုံအချိ့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို လုံခြုံရေးတပ်ဖွဲ့တွေက သွားရောက်စစ်ဆေးနေစဉ်မှာ လူအချိ့ရောက်လာပြီး တံတားပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားတယ်လို့လည်း ဒေသခံတွေက ပြောပြပေမယ့် ဒဏ်ရာရသေဆုံးမှု ရှိ၊ မရှိဆိုတာကိုတော့ သူတို့ မသိရဘူးလို့ ဆိုပါတယ်။

ဒေသခံအချိ့ကတော့ အဲဒီပေါက်ကွဲမှုဟာ မိုင်းဆင်ထားတဲ့ကားနဲ့ လာရောက်ဖောက်ခွဲမှု ပြုလုပ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပြီး ဖြစ်စဉ်အသေးစိတ်ကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ထုတ်ပြန်မှသာ သိရှိရလိမ့်မယ်လို့ သိရပါတယ်။
#mhtnews