မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုများ ပြုလုပ်ရာတွင် မြန်မာကျပ်ငွေနှင့် အိန္ဒိယငွေကြေးရူပီးတို့ တိုက်ရိုက်လဲလှယ်ပေးချေနိုင်ရေးအတွက် မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဗီနေးကူးမားတို့ ဧပြီ ၈ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စအပြင် နယ်စပ် ကုန်သွယ်မှုတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ တမူး- မိုရေး နယ်စပ်ဂိတ် အမှတ် (၁) ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များလည်း ပါဝင်သည်ဟု နိုင်ငံပိုင်သတင်းအရင်းအမြစ်များအရ သိရသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုအတွင်း ကျပ်ငွေ- ရူပီး တိုက်ရိုက်ပေးချေလာနိုင်မည်ဆိုပါက ဒေသသုံးငွေကြေးဖြင့် ပေးချေသည့် တတိယမြောက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအဖြစ် ရောက်ရှိလာမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ပြည်ပကုန်သွယ်မှုပြုရာတွင် တရုတ်ယွမ်ငွေနှင့် မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေသည့်လုပ်ငန်းကို ယခုနှစ်တွင် ပထမဆုံးဆောင်ရွက်လျှက်ရှိပြီး ဒုတိယအနေဖြင့် ထိုင်းနိုင်ငံသုံး ဘတ်ငွေနှင့် မြန်မာနိုင်ငံသုံး ကျပ်ငွေတို့ဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၌ အသုံးပြုပေးချေနေပြီဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ျမန္မာ-အိႏၵိယကုန္သြယ္မႈတြင္ က်ပ္- ႐ူပီး ေပးေခ်နိဳင္ေရးအတြက္ လိုအပ္သည့္ ေဆြးႏြေးမႈမ်ား ျပဳလုပ္”

ျမန္မာ-အိႏၵိယ ႏွစ္နိုင္ငံကုန္သြယ္မႈမ်ား ျပဳလုပ္ရာတြင္ ျမန္မာက်ပ္ေငြႏွင့္ အိႏၵိယေငြေၾကး႐ူပီးတို႔ တိုက္ရိုက္လဲလွယ္ေပးေခ်နိဳင္ေရးအတြက္ ျမန္မာနိုင္ငံမွ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာပြင့္ဆန္းႏွင့္ ျမန္မာနိုင္ငံဆိုင္ရာ အိႏၵိယနိုင္ငံသံအမတ္ႀကီး ဗီေနးကူးမားတို႔ ဧၿပီ ၈ ရက္တြင္ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးႏြေးမႈမ်ား ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ေတြ႕ဆုံေဆြးႏြေးမႈအတြင္း ႏွစ္နိုင္ငံ ကုန္သြယ္မႈျမႇင့္တင္ေရးကိစၥအျပင္ နယ္စပ္ ကုန္သြယ္မႈတိုးတက္ေရးအတြက္ ေဆာင္႐ြက္နိုင္မည့္ ကိစၥရပ္မ်ား၊ တမူး- မိုေရး နယ္စပ္ဂိတ္ အမွတ္ (၁) ဖြင့္လွစ္နိုင္ေရး ကိစၥရပ္မ်ားလည္း ပါဝင္သည္ဟု နိုင္ငံပိုင္သတင္းအရင္းအျမစ္မ်ားအရ သိရသည္။

ျမန္မာ-အိႏၵိယ ႏွစ္နိုင္ငံကုန္သြယ္မႈအတြင္း က်ပ္ေငြ- ႐ူပီး တိုက္ရိုက္ေပးေခ်လာနိုင္မည္ဆိုပါက ေဒသသုံးေငြေၾကးျဖင့္ ေပးေခ်သည့္ တတိယေျမာက္ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းအျဖစ္ ေရာက္ရွိလာမည္ျဖစ္သည္။

ျမန္မာနိုင္ငံ၌ ျပည္ပကုန္သြယ္မႈျပဳရာတြင္ တ႐ုတ္ယြမ္ေငြႏွင့္ ျမန္မာက်ပ္ေငြျဖင့္ တိုက္ရိုက္ေပးေခ်သည့္လုပ္ငန္းကို ယခုႏွစ္တြင္ ပထမဆုံးေဆာင္႐ြက္လွ်က္ရွိၿပီး ဒုတိယအေနျဖင့္ ထိုင္းနိုင္ငံသုံး ဘတ္ေငြႏွင့္ ျမန္မာနိုင္ငံသုံး က်ပ္ေငြတို႔ျဖင့္ ကုန္သြယ္မႈလုပ္ငန္းမ်ား၌ အသုံးျပဳေပးေခ်ေနၿပီျဖစ္ေၾကာင္း သိရသည္။

#mhtnews