ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက် နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့တွင် ၂၄၆ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုအား ပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင် ရွက်ပေးသည်။

ထိုသို ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြိုရှိ ဆယ်မြိုနယ်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို ပိုဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြိုရှိ ကုန်သွယ် ရေးဇုန်၊ မဲကနယ်နှင့် ကျောက်လုံးကြီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာရက်ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြိုနယ်များသို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။

ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၆၁ ဦး၊ အမျိုးသမီး ၈၅ ဦး စုစုပေါင်း ၂၄၆ ဦးရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ျမန္မာ- ထိုင္းနယ္စပ္ ျမဝတီ အမွတ္(၂) ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ထိုင္းနိုင္ငံေရာက္ ျမန္မာနိုင္ငံသား ၂၄၆ ဦးဆက္လက္ဝင္ေရာက္”

ထိုင္းနိုင္ငံတြင္ ေရာက္ရွိေနၿပီး ေနရပ္ျပန္လိုသည့္ ျမန္မာနိုင္ငံသားမ်ားအား ျမဝတီၿမိဳ႕၊ ျမန္မာ-ထိုင္း အမွတ္(၂) ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ျပန္လည္ႀကိဳဆို လက္ခံျခင္းကို ၂၀၂၁ ခုႏွစ္၊ ၾသဂုတ္လ ၁ ရက္ ေန႕မွစတင္ ေဆာင္႐ြက္ ေပးလ်က္ရွိရာ ယမန္ေန႕တြင္ ၂၄၆ ဦးဆက္လက္ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ထိုင္းနိုင္ငံမွ ျပန္လည္ဝင္ေရာက္လာသည့္ ျမန္မာနိုင္ငံသားမ်ားအား တာဝန္ရွိသူမ်ားက ႀကိဳဆိုအား ေပးၾကၿပီး သက္ဆိုင္ရာ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ တာဝန္ရွိသူမ်ားက ကိုဗစ္-၁၉ ေရာဂါဆိုင္ရာမ်ားအား အသိပညာေပးျခင္း၊ ျပန္လည္ဝင္ေရာက္လာသူမ်ား၏ အခ်က္အလက္မ်ား ေကာက္ယူျခင္းမ်ားကို ေဆာင္ ႐ြက္ေပးသည္။

ထိုသို ထိုင္းနိုင္ငံမွ ျပန္လာသူမ်ားတြင္ ပဲခူးတိုင္းေဒသႀကီး၊ မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးမွ ေနရပ္ျပန္မ်ားအား ေမာ္လၿမိဳင္ၿမိဳရွိ ဆယ္ၿမိဳနယ္အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ေရးစခန္းသို ပိုေဆာင္ေပးၿပီး အျခားတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ ေနရပ္ျပန္မ်ားအား ျမဝတီၿမိဳရွိ ကုန္သြယ္ ေရးဇုန္၊ မဲကနယ္ႏွင့္ ေက်ာက္လုံးႀကီး အသြားအလာကန႔္သတ္ေစာင့္ၾကည့္ေရးစခန္းမ်ားတြင္ ၁၀ ရက္ၾကာ အသြားအလာရက္ကန႔္သတ္ထားရွိကာ ကိုဗစ္ေရာဂါပိုးရွိမရွိ စစ္ေဆးၿပီးမွ သက္ဆိုင္ရာ ၿမိဳနယ္မ်ားသို႔ ပို႔ေဆာင္ေပးျခင္းျဖစ္သည္။

ယေန႕ ျပန္လည္ဝင္ေရာက္လာသူမ်ားအေနျဖင့္ တိုင္းေဒသႀကီး၊ ျပည္နယ္အသီးသီးမွ အမ်ိဳးသား ၁၆၁ ဦး၊ အမ်ိဳးသမီး ၈၅ ဦး စုစုေပါင္း ၂၄၆ ဦးရွိေၾကာင္း သိရသည္။

#mhtnews