၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လကုန်အထိ ၆ လတာကာလအတွင်း၌ မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့်သာ ကုန်သွယ်မှုပြုနိုင်ခဲ့သဖြင့် ယခင်ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၇၅၆ သန်းကျော် ကျဆင်းခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၁ ခုနှစ် မတ်လအကုန်အထိ ၆ လတာကာလအတွင်း၌ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၅၅၅ သန်းကျော် ရှိခဲ့ခြင်းဖြစ်ကာ ယခုဘဏ္ဍာနှစ် ခြောက်လအတွင်း အမေရိကန်ဒေါ်လာသန်း ၈၀၀ ခန့်သာ ကုန်သွယ်မှုပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ စာရင်းများကို မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်မှု အဓိကထား ပြုလုပ်နေသည့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော် ၊ ကံပိုက်တီ ၊ ကျိုင်းတုံစသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများက စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများက ဖော်ပြသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ် ရေးစခန်းများကို တရုတ်ဘက်မှ ကိုဗစ်-၁၉ အကြောင်းပြချက်ဖြင့် မကြာခဏ ယာယီပိတ် ထားမှုများရှိခဲ့သည့်အပြင် ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲများကြောင့် ကုန်စည်ပို့ဆောင်ရာတွင် အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

#mhtnews

=======================

(Zawgyi)

“ျမန္မာ – တ႐ုတ္ နယ္စပ္ကုန္သြယ္မႈပမာဏ ေျခာက္လအတြင္း အေမရိကန္ေဒၚလာ ၈၀၀ ခန့္သာရရွိခဲ့သျဖင့္ ယခင္ကာလတူထက္ ကန္ေဒၚလာသန္း ၂၇၀၀ ေက်ာ္ ေလ်ာ့က်ခဲ့”

၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလမွ ၂၀၂၂ ခုႏွစ္၊ မတ္လကုန္အထိ ၆ လတာကာလအတြင္း၌ ျမန္မာ – တ႐ုတ္ နယ္စပ္ကုန္သြယ္မႈမွ အေမရိကန္ေဒၚလာ သန္း ၈၀၀ ခန့္သာ ကုန္သြယ္မႈျပဳနိုင္ခဲ့သျဖင့္ ယခင္ကာလတူႏွင့္ ႏွိုင္းယွဥ္ပါက အေမရိကန္ေဒၚလာ ၂၇၅၆ သန္းေက်ာ္ က်ဆင္းခဲ့ေၾကာင္း စီးပြားေရး ႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္စာရင္းမ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလ မွ ၂၀၂၁ ခုႏွစ္ မတ္လအကုန္အထိ ၆ လတာကာလအတြင္း၌ တ႐ုတ္- ျမန္မာ နယ္စပ္ကုန္သြယ္မႈမွ အေမရိကန္ေဒၚလာ ၃၅၅၅ သန္းေက်ာ္ ရွိခဲ့ျခင္းျဖစ္ကာ ယခုဘ႑ာႏွစ္ ေျခာက္လအတြင္း အေမရိကန္ေဒၚလာသန္း ၈၀၀ ခန႔္သာ ကုန္သြယ္မႈျပဳလုပ္ခဲ့ရျခင္းျဖစ္သည္။

အဆိုပါ စာရင္းမ်ားကို ျမန္မာ – တ႐ုတ္ နယ္စပ္ကုန္သြယ္မႈ အဓိကထား ျပဳလုပ္ေနသည့္ မူဆယ္၊ လြယ္ဂ်ယ္၊ ခ်င္းေ႐ႊေဟာ္ ၊ ကံပိုက္တီ ၊ က်ိဳင္းတုံစသည့္ နယ္စပ္ကုန္သြယ္ေရး စခန္းမ်ားက စစ္တမ္းေကာက္ယူခဲ့ျခင္းျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ စာရင္းမ်ားက ေဖာ္ျပသည္။

ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ ေရးစခန္းမ်ားကို တ႐ုတ္ဘက္မွ ကိုဗစ္-၁၉ အေၾကာင္းျပခ်က္ျဖင့္ မၾကာခဏ ယာယီပိတ္ ထားမႈမ်ားရွိခဲ့သည့္အျပင္ ကုန္သြယ္ေရးမူဝါဒ အေျပာင္းအလဲမ်ားေၾကာင့္ ကုန္စည္ပို႔ေဆာင္ရာတြင္ အခက္အခဲမ်ားစြာျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။

#mhtnews