ကချင်ပြည်နယ်၊ ကံပိုင်တည်း မြန်မာ- တရုတ် ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်း (မြန်မာဘက်ခြမ်း)၌ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် ပြည်တော်ပြန် ၃၀၀ ရာနီးပါးကို ယနေ့ (ဧပြီ ၂၆ ရက်) နံနက်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများမှ စနစ်တကျ စိစစ်လက်ခံ​‌ပေးခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံ, ကွမ်တုန်းပြည်နယ်ရှိ မြို့အသီးသီး၌ အ​ကြောင်းအမျိုးမျိုး​ကြောင့် ထိန်းသိမ်းခံထားရသည့် ပြည်​တော်ပြန် မြန်မာနိုင်ငံသူ/သား ၂၉၈ ဦးတို့အနေဖြင့် မြစ်ကြီးနားမြို့တွင် ကွာရန်တင်းဝင်ရောက်ရမည်ဖြစ်ကြောင်းသိရသည်။

​အဆိုပါ ပြည်​တော်ပြန် မြန်မာနိုင်ငံသူ/သား (၂၉၈)ဦးတို့အနက် ကျား(၂၁၃)ဦးတို့သည် မြစ်ကြီးနားမြို့, အားကာခန်းမ၌လည်း​ကောင်း၊ မ (၈၅)ဦးတို့သည် မြစ်ကြီးနားမြို့, အံ​တော်ရှင် ဘုန်း​တော်ကြီး​ကျောင်းဝင်းရှိ သီတဂူ မျက်စိ​ဆေးရုံတွင် လည်း​ကောင်း Quarantine ဝင်​ရောက်​ရမည်ဖြစ်​သည်။

အဆိုပါ ပြည်တော်ပြန်များသည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တ​လေးတိုင်း​ဒေသကြီး၊ စစ်ကိုင်းတိုင်း​ဒေသကြီး၊ မ​ကွေးတိုင်း​ဒေသကြီး၊ ပဲခူးတိုင်း​ဒေသကြီး၊ ဧရာဝတီတိုင်း​ဒေသကြီး၊ ရန်ကုန်တိုင်း​ဒေသကြီး၊နေပြည်​တော်တို့မှဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်‌တော်ပြန်များအား ကူမင်းမြို့, မြန်မာ​ကောင်စစ်ဝန်ချုပ်ရုံး အ​နေဖြင့် ဧပြီ ၂၂ ရက်​တွင် ပြန်လည် လွှဲ​ပြောင်း​စေလွှတ်ရန် စီစဥ်ထားသော်လည်း အကြောင်းအမျိုးကြောင့် ယနေ့ ဧပြီ ၂၆ ရက်​နေ့မှသာ လွှဲပြောင်းစေလွှတ်ရခြင်းဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“မြန်မာ-တရုတ် ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်း(မြန်မာဘက်ခြမ်း)တွင် ပြည်တော်ပြန် ၃၀၀ နီးပါးကို စနစ်တကျ စိစစ် လက်ခံ”






#mhtnews