မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလုပ် ငန်းများတွင် ယွမ်/ကျပ်တိုက်ရိုက်အသုံးပြု ပေးချေရာ၌ ပုဂ္ဂလိကဘဏ်များဖြစ်သည့် CB Bank PCL ၊ ဧရာဝတီဘဏ်၊ ယူအေဘီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုရာတွင် ပုဂ္ဂလိကဘဏ်များအနေဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့များ၌ ဘဏ်ခွဲရှိသည့် နိုင်ငံခြားသုံးငွေ ရောင်းဝယ် ဖောက်ကားခွင့်လိုင်စင်ရ ပုဂ္ဂလိကဘဏ်များကိုသာ ခွင့်ပြုခြင်းဖြစ်ပြီး ယွမ်/ကျပ်ဖြင့် ဘဏ်လမ်းကြောင်းအသုံးပြု တိုက်ရိုက်ပေးချေရာ၌ ကုန်သည်များလျင်မြန်အဆင်ပြေစွာအသုံးပြုနိုင်မှုကို ပိုမိုကျယ်ပြန့်စွာ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ခွင့်ပြုချက်ရဘဏ် (Designated Bank)များအဖြစ် ထပ်မံတိုးချဲ့ခွင့်ပြုခြင်းဖြစ်သည်။

ယွမ်/ကျပ်တိုက်ရိုက်အသုံးပြု၍ ငွေပေးချေမှုကြောင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်လာနိုင်ပြီး ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့ကာ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ လွယ်ကူချောမွေ့စေနိုင်သလို အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုလျှော့ချကာ ဈေးကစားမှုကိုလည်း တားဆီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္မႈတြင္ ယြမ္/က်ပ္တိုက္ရိုက္အသုံးျပဳမႈအတြက္ ပုဂၢလိကဘဏ္ ၄ ခုကိုခြင့္ျပဳထား”

ျမန္မာ-တ႐ုတ္ ႏွစ္နိုင္ငံနယ္စပ္ကုန္သြယ္မႈလုပ္ ငန္းမ်ားတြင္ ယြမ္/က်ပ္တိုက္ရိုက္အသုံးျပဳ ေပးေခ်ရာ၌ ပုဂၢလိကဘဏ္မ်ားျဖစ္သည့္ CB Bank PCL ၊ ဧရာဝတီဘဏ္၊ ယူေအဘီဘဏ္ႏွင့္ ျမန္မာ့ေရွ႕ေဆာင္ဘဏ္တို႔ကို ခြင့္ျပဳထားၿပီးျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ခြင့္ျပဳရာတြင္ ပုဂၢလိကဘဏ္မ်ားအေနျဖင့္ တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးၿမိဳ႕မ်ား၌ ဘဏ္ခြဲရွိသည့္ နိုင္ငံျခားသုံးေငြ ေရာင္းဝယ္ ေဖာက္ကားခြင့္လိုင္စင္ရ ပုဂၢလိကဘဏ္မ်ားကိုသာ ခြင့္ျပဳျခင္းျဖစ္ၿပီး ယြမ္/က်ပ္ျဖင့္ ဘဏ္လမ္းေၾကာင္းအသုံးျပဳ တိုက္ရိုက္ေပးေခ်ရာ၌ ကုန္သည္မ်ားလ်င္ျမန္အဆင္ေျပစြာအသုံးျပဳနိုင္မႈကို ပိုမိုက်ယ္ျပန႔္စြာ ျမႇင့္တင္နိုင္ရန္ရည္႐ြယ္၍ ခြင့္ျပဳခ်က္ရဘဏ္ (Designated Bank)မ်ားအျဖစ္ ထပ္မံတိုးခ်ဲ့ခြင့္ျပဳျခင္းျဖစ္သည္။

ယြမ္/က်ပ္တိုက္ရိုက္အသုံးျပဳ၍ ေငြေပးေခ်မႈေၾကာင့္ ျမန္မာ-တ႐ုတ္ႏွစ္နိုင္ငံ ကုန္သြယ္မႈတိုးျမႇင့္လာနိုင္ၿပီး ကုန္စည္စီးဆင္းမႈျမန္ဆန္ေခ်ာေမြ႕ကာ ေငြေပးေခ်မႈႏွင့္ စာရင္းရွင္းလင္းမႈစနစ္မ်ား လြယ္ကူေခ်ာေမြ႕ေစနိုင္သလို အေမရိကန္ေဒၚလာအေပၚ မွီခိုမႈေလွ်ာ့ခ်ကာ ေဈးကစားမႈကိုလည္း တားဆီးနိုင္မည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews