နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖိတ်ခေါ်ထားတဲ့ ငြိမ်ချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်-EAO တွေအနေနဲ့ လက်ခံပြီး ဆွေးနွေးပွဲကို တက်ရေုာက်ညှိနှိုင်းကာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းကြဖို့ တိုက်တွန်းထားတဲ့ ကြေညာချက်စာတစ်စောင်ကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) က ဧပြီ ၂၄ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ကြေညာချက်မှာ “မြန်မာ့လွတ်လပ်ရေးနဲ့အတူ ယှဉ်တွဲပါလာတယ်လို့ဆိုရမယ့် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးလမ်းစဟာ အခုဆိုရင် မျှော်လင့်ဖွယ်ရာပေါ်ပေါက်လာခဲ့ပြီဖြစ်သည်လို့ အစချီထားပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်မီးတောက်လောင်နေမှုကြောင့် ငြိမ်းချမ်းရေးကင်းမဲ့နေပြီး မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေခဲ့ရတယ်လို့ ရေးသားဖော်ပြထားပါတယ်။

အခုအခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ပွင့်လင်းမြင်သာ လွတ်လပ်စွာ ဆွေးနွေးဖို့ ဖိတ်ခေါ်မှုကို အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက လှိုက်လှဲစွာ ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သက်ဆိုင်အဖွဲ့အစည်းအသီးသီးကလည်း နိုင်ငံတော်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သံသယစိတ်တွေ ဖယ်ရှားပြီး ရိုးသားတဲ့ နိုင်ငံရေးစိတ်ဓာတ်နဲ့ ပြည်ထောင်စုအသစ်တည်ဆောက်ရေးကို မှော်မှန်းကာ နိုင်ငံတော်က ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ညှိနှိုင်းအဖြေရှာဖို့ အလေးအနက်တိုက်တွန်းတယ်လို့လည်း ဖော်ပြထားပါတယ်။

#mhtnews

==========================

(Zawgyi)

“ျမန္မာ့လြတ္လပ္ေရးနဲ႕အတူ ယွဥ္တြဲပါလာတယ္လို႔ဆိုရမယ့္ လက္နက္ကိုင္ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းေရးလမ္းစဟာ အခုဆိုရင္ ေမွ်ာ္လင့္ဖြယ္ရာေပၚေပါက္လာခဲ့ၿပီဆိုၿပီး အစခ်ီထားတဲ့ တိုက္တြန္းစာနဲ႕အတူ ၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲကို EAO ေတြ တက္ေရာက္ၿပီး ပဋိပကၡေတြေျဖရွင္းၾကဖို႔ NDF ပါတီထုတ္ျပန္”

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ဖိတ္ေခၚထားတဲ့ ၿငိမ္ခ်မ္းေရးေဆြးႏြေးပြဲကို တိုင္းရင္းသားလက္နက္ကိုင္-EAO ေတြအေနနဲ႕ လက္ခံၿပီး ေဆြးႏြေးပြဲကို တက္ေရုာက္ညွိႏွိုင္းကာ လက္ရွိျဖစ္ေပၚေနတဲ့ ပဋိပကၡေတြကို ေျဖရွင္းၾကဖို႔ တိုက္တြန္းထားတဲ့ ေၾကညာခ်က္စာတစ္ေစာင္ကို အမ်ိဳးသားဒီမိုကေရစီ အင္အားစုပါတီ (NDF) က ဧၿပီ ၂၄ ရက္မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အဲ့ဒီထုတ္ျပန္ေၾကညာခ်က္မွာ “ျမန္မာ့လြတ္လပ္ေရးနဲ႕အတူ ယွဥ္တြဲပါလာတယ္လို႔ဆိုရမယ့္ လက္နက္ကိုင္ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းေရးလမ္းစဟာ အခုဆိုရင္ ေမွ်ာ္လင့္ဖြယ္ရာေပၚေပါက္လာခဲ့ၿပီျဖစ္သည္လို႔ အစခ်ီထားၿပီး ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာ ျပည္တြင္းစစ္မီးေတာက္ေလာင္ေနမႈေၾကာင့္ ၿငိမ္းခ်မ္းေရးကင္းမဲ့ေနၿပီး ျမန္မာနိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ႏွောင့္ႏွေးေစခဲ့ရတယ္လို႔ ေရးသားေဖာ္ျပထားပါတယ္။

အခုအခါ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ရဲ႕ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြနဲ႕ ပြင့္လင္းျမင္သာ လြတ္လပ္စြာ ေဆြးႏြေးဖို႔ ဖိတ္ေခၚမႈကို အမ်ိဳးသားဒီမိုကေရစီအင္အားစု NDF ပါတီက လွိုက္လွဲစြာ ႀကိဳဆိုေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

သက္ဆိုင္အဖြဲ႕အစည္းအသီးသီးကလည္း နိုင္ငံေတာ္ေအးခ်မ္းဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သံသယစိတ္ေတြ ဖယ္ရွားၿပီး ရိုးသားတဲ့ နိုင္ငံေရးစိတ္ဓာတ္နဲ႕ ျပည္ေထာင္စုအသစ္တည္ေဆာက္ေရးကို ေမွာ္မွန္းကာ နိုင္ငံေတာ္က ဖိတ္ေခၚတဲ့ ၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲကို တက္ေရာက္ညွိႏွိုင္းအေျဖရွာဖို႔ အေလးအနက္တိုက္တြန္းတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

#mhtnews