
မြန်မာနိုင်ငံမှ ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေးအတွက် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး (SPS) သဘောတူညီချက်ကို ဧပြီ ၁ ရက်တွင် တရုတ်ပြည်သူသမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China- GACC) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
ယခုလက်မှတ်ရေးထိုးခြင်းသည် GACC နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အကြား ၅ ကြိမ်မြောက် လက်မှတ်ရေးထိုးနိုင်ခြင်းဖြစ်ကာ ယခင်က မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပိုးအိမ်ခြောက်၊ ကျွဲ၊ နွားအရှင်နှင့် ပြောင်းများကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ငှက်ပျောတန်ချိန် ရှစ်သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး ယခုလက်မှတ်ရေးထိုးသည့် သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ ငှက်ပျောသီးကို တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့နိုင်မည်ဖြစ်၍ မြန်မာ-တရုတ် နှစ်နိုင်ငံကြား လယ်ယာထွက်ကုန်များ တရားဝင်ကုန်သွယ်မှု တိုးမြင့်လာမည်ဖြစ်သဖြင့် ငှက်ပျောစိုက်တောင်သူများ၏ အကျိုးစီးပွားပိုမိုတိုးတက် ကောင်းမွန်လာစေခြင်းသာမက စိုက်ပျိုးခုတ်သိမ်းတင်ပို့သည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ပါဝင်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲပုပ်၊ ပီလောပီနံ၊ ကန်စွန်းဥများ တင်ပို့နိုင်ရေးတို့အတွက် အပင်/ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး(SPS) နှစ်ဖက်သဘောတူစာချုပ်များ မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အလားအလာရှိသော ပို့ကုန်အမယ်သစ်များဖြစ်သည့် နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ သံပရာသီး၊ ကွမ်းသီးအစိမ်းတို့ အတွက်လည်း လိုအပ်သည့် ပိုးမွှားရောဂါဆန်းစစ်မှုဆိုင်ရာ အချက်အလက်များကို နှစ်ဘက်ညှိနှိုင်းဖလှယ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“မြန်မာ့ငှက်ပျော တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် တရုတ်ဘက်မှ GACC နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုး”
မြန်မာနိုင်ငံမှ ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေးအတွက် အပင်/ တိရစ်ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး (SPS) သဘောတူညီချက်ကို ဧပြီ ၁ ရက်တွင် တရုတ်ပြည်သူသမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of the Peoples Republic of China- GACC) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲပုပ်၊ ပီလောပီနံ၊ ကန်စွန်းဥများ တင်ပို့နိုင်ရေးတို့အတွက် အပင်/ တိရစ်ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး(SPS) နှစ်ဖက်သဘောတူစာချုပ်များ မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အလားအလာရှိသော ပို့ကုန်အမယ်သစ်များဖြစ်သည့် နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ သံပရာသီး၊ ကွမ်းသီးအစိမ်းတို့ အတွက်လည်း လိုအပ်သည့် ပိုးမွှားရောဂါဆန်းစစ်မှုဆိုင်ရာ အချက်အလက်များကို နှစ်ဘက်ညှိနှိုင်းဖလှယ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#mhtnews
Recent Comments