
မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ နေ့စဉ်ထုတ်သတင်းစာများကို အလှည့်ကျထုတ်ဝေမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ထိုသို့ထုတ်ဝေရာတွင် ဧပြီ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်တို့တွင် မြန်မာ့အလင်းသတင်းစာကို ထုတ်ဝေမည်ဖြစ်ပြီး ကြေးမုံသတင်းစာနှင့် The Global New Light of Myanmar သတင်းစာတို့ ခေတ္တရပ်နားသွားမည်ဖြစ်သည်။
ဧပြီ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်တို့တွင် ကြေးမုံသတင်းစာနှင့် The Global New Light of Myanmar သတင်းစာတို့ကို ထုတ်ဝေမည်ဖြစ်ပြီး မြန်မာ့အလင်းသတင်းစာကို ခေတ္တရပ်နားသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ)မှ (ဗုဒ္ဓဟူးနေ့)တိုင်း ရခိုင်ဘာသာဖြင့် ထုတ်ဝေသည့် ရွှီပြည်ရခိုင်ပုံရိပ်အချပ်ပိုကို ဧပြီ ၁၃ ရက်နေ့တွင်လည်းကောင်း၊ ကိုယ်ပွားသတင်းစာတိုက်(တောင်ကြီး)မှ (ကြာသပတေးနေ့)တိုင်း ထုတ်ဝေသည့် ရှမ်းဘာသာတိုင်းရင်းသားကဏ္ဍအချပ်ပိုကို ဧပြီ ၁၄ ရက်နေ့တွင်လည်းကောင်း၊ ကိုယ်ပွား သတင်းစာတိုက်(မော်လမြိုင်)မှ (တနင်္ဂနွေနေ့)တိုင်း ထုတ်ဝေလျက် ရှိသည့် မွန်၊ စကောကရင်၊ ပိုးကရင်၊ ပအိုဝ်း တိုင်းရင်းသားဘာသာ အချပ်ပိုကို ဧပြီ ၁၀ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင်လည်းကောင်း ရပ်နားမည်ဖြစ်ပြီး သင်္ကြန်ရုံးပိတ်ရက်ကာလကျော်လွန်ပါက ပုံမှန် ပြန်လည် ထုတ်ဝေသွားမည်ဖြစ်သည်။
သတင်းစာကြော်ငြာများကို သတင်းစာတိုက်များ၏ အလှည့်ကျ ပိတ်ရက်ကာလများတွင် ပိတ်ရက်မရှိ လက်ခံသွားမည်ဖြစ်ပြီး ဧပြီ ၁၈ ရက်နေ့မှစ၍ သတင်းစာများအားလုံး ပုံမှန်အတိုင်း ဆက်လက် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
#mhtnews

(Zawgyi)
“ျမန္မာႏွစ္သစ္ကူး႐ုံးပိတ္ရက္မ်ားအတြင္း ျပန္ၾကားေရးဝန္ႀကီးဌာန၊ သတင္းႏွင့္စာနယ္ဇင္းလုပ္ငန္း၏ ေန႕စဥ္ထုတ္သတင္းစာမ်ားကို အလွည့္က်ထဳတ္ေဝမည္”
ျမန္မာႏွစ္သစ္ကူး႐ုံးပိတ္ရက္မ်ားအတြင္း ျပန္ၾကားေရးဝန္ႀကီးဌာန၊ သတင္းႏွင့္စာနယ္ဇင္းလုပ္ငန္း၏ ေန႕စဥ္ထုတ္သတင္းစာမ်ားကို အလွည့္က်ထဳတ္ေဝမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာသည္။
ထိုသို႔ထုတ္ေဝရာတြင္ ဧၿပီ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက္တို႔တြင္ ျမန္မာ့အလင္းသတင္းစာကို ထုတ္ေဝမည္ျဖစ္ၿပီး ေၾကးမုံသတင္းစာႏွင့္ The Global New Light of Myanmar သတင္းစာတို႔ ေခတၱရပ္နားသြားမည္ျဖစ္သည္။
ဧၿပီ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက္တို႔တြင္ ေၾကးမုံသတင္းစာႏွင့္ The Global New Light of Myanmar သတင္းစာတို႔ကို ထုတ္ေဝမည္ျဖစ္ၿပီး ျမန္မာ့အလင္းသတင္းစာကို ေခတၱရပ္နားသြားမည္ ျဖစ္ေၾကာင္း သိရသည္။
ထို႔အတူ ကိုယ္ပြားသတင္းစာတိုက္(စစ္ေတြ)မွ (ဗုဒၶဟူးေန႕)တိုင္း ရခိုင္ဘာသာျဖင့္ ထုတ္ေဝသည့္ ႐ႊီျပည္ရခိုင္ပုံရိပ္အခ်ပ္ပိုကို ဧၿပီ ၁၃ ရက္ေန႕တြင္လည္းေကာင္း၊ ကိုယ္ပြားသတင္းစာတိုက္(ေတာင္ႀကီး)မွ (ၾကာသပေတးေန႕)တိုင္း ထုတ္ေဝသည့္ ရွမ္းဘာသာတိုင္းရင္းသားက႑အခ်ပ္ပိုကို ဧၿပီ ၁၄ ရက္ေန႕တြင္လည္းေကာင္း၊ ကိုယ္ပြား သတင္းစာတိုက္(ေမာ္လၿမိဳင္)မွ (တနဂၤႏြေေန႕)တိုင္း ထုတ္ေဝလ်က္ ရွိသည့္ မြန္၊ စေကာကရင္၊ ပိုးကရင္၊ ပအိုဝ္း တိုင္းရင္းသားဘာသာ အခ်ပ္ပိုကို ဧၿပီ ၁၀ ရက္ေန႕ႏွင့္ ၁၇ ရက္ေန႕တို႔တြင္လည္းေကာင္း ရပ္နားမည္ျဖစ္ၿပီး သၾကၤန္႐ုံးပိတ္ရက္ကာလေက်ာ္လြန္ပါက ပုံမွန္ ျပန္လည္ ထုတ္ေဝသြားမည္ျဖစ္သည္။
သတင္းစာေၾကာ္ျငာမ်ားကို သတင္းစာတိုက္မ်ား၏ အလွည့္က် ပိတ္ရက္ကာလမ်ားတြင္ ပိတ္ရက္မရွိ လက္ခံသြားမည္ျဖစ္ၿပီး ဧၿပီ ၁၈ ရက္ေန႕မွစ၍ သတင္းစာမ်ားအားလုံး ပုံမွန္အတိုင္း ဆက္လက္ ထုတ္ေဝသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
#mhtnews
Recent Comments