
ကမ္ဘောဒီးယားနိုင်ငံ Borei Angkor Resort andSpa ၌ ယမန်နေ့ နံနက် ၈ နာရီခွဲက ကျင်းပသည့် SEAGF COUNCILအစည်းအဝေးသို့မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူးဦးခွန်ဂျာအောင်၊ SOUTH EAST ASIAN GAMES FEDERATION မှ တာဝန်ရှိသူများနှင့် SEAGF COUNCIL အဖွဲ့ဝင်များက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာကမ္ဘောဒီးယားနိုင်ငံ SEA Games ကျင်းပရေးလုပ်ငန်းကော်မတီပူးတွဲဒုဥက္ကဋ္ဌ H.E.DR. THONG KHON က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးကမ္ဘောဒီးယားနိုင်ငံဒုတိယ ဝန်ကြီးချုပ် SEA Games ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ SAMDECH PICHEY SENA TEA BANH က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် SEAGF COUNCIL အဖွဲ့ဝင်များကအသီးသီး နှုတ်ခွန်းဆက်စကားပြောကြားကြပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကအရှေ့တောင်အာရှဒေသတွင်းမှ SEAGF အဖွဲ့ဝင်များနှင့် ထပ်မံတွေ့ဆုံရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အရှေ့တောင်အာရှဒေသတွင်း၌ အားကစားလှုပ်ရှားမှုများဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြှင့်တင်ရေးဆောင်ရွက်မှုများတွင် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားရန်မျှော်လင့်ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် 32nd SEA Games အတွက် အစစအရာရာ အောင်မြင် စေရန်ဆုမွန်ကောင်းတောင်းပေးပါကြောင်း၊ လာမည့်ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် 31st SEA Games တွင် တွေ့ဆုံရန်မျှော်လင့်ပါကြောင်း မိတ်ဆက်စကားပြောကြားသည်။
ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ SEA Games ကျင်းပရေးလုပ်ငန်းကော်မတီ ပူးတွဲဒုဥက္ကဋ္ဌ H.E.DR. THONG KHON မှ 32nd Combodia SEA Games တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်း အမျိုး အစားများကို ရှင်းလင်းပြောကြားရာ SEAGF အဖွဲ့ဝင် နိုင်ငံများကထပ်မံထည့်သွင်း ကျင်းပလိုသည့် အားကစားနည်းများကို အဆိုပြုတင်ပြဆွေးနွေးပြီး ဆပ်ကော်မတီအလိုက် အတည်ပြုချက်များကို တင်ပြဆွေးနွေးကြသည်။
ယင်းနောက်ဗီယက်နမ်နိုင်ငံ SEA Games ကျင်းပရေးကော်မတီတာဝန်ရှိသူက 31st SEA Games နှင့်ပတ်သက်သည့် အချက်အလက်များ၊ ကျင်းပမည့်နေရာများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
ထိုနောက်ကမ္ဘောဒီးယားနိုင်ငံ SEA Games ကျင်းပရေးကော်မတီတာဝန်ရှိသူက 32nd SEA Games နှင့်ပတ်သက်သည့်အချက်အလက်များ၊ ကျင်းပမည့်နေရာများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ျမန္မာနိုင္ငံ အိုလံပစ္ေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသိန္းဇံ SEAGF COUNCIL အစည္းအေဝးတက္ေရာက္”
ကေမၻာဒီးယားနိုင္ငံ Borei Angkor Resort andSpa ၌ ယမန္ေန႕ နံနက္ ၈ နာရီခြဲက က်င္းပသည့္ SEAGF COUNCILအစည္းအေဝးသို႔ျမန္မာနိုင္ငံ အိုလံပစ္ေကာ္မတီဥကၠ႒ အားကစားႏွင့္လူငယ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးမင္းသိန္းဇံ၊ အားကစားႏွင့္ကာယပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးထြန္းျမင့္ဦး၊ ယွဥ္ၿပိဳင္ေရးႏွင့္ ေလ့က်င့္ေရးဌာနခြဲ(၁)ၫႊန္ၾကားေရးမႉးဦးခြန္ဂ်ာေအာင္၊ SOUTH EAST ASIAN GAMES FEDERATION မွ တာဝန္ရွိသူမ်ားႏွင့္ SEAGF COUNCIL အဖြဲ႕ဝင္မ်ားက ေနျပည္ေတာ္ ဝဏၰသိဒၶိအားကစားကြင္း အစည္းအေဝးခန္းမမွ ဗီဒီယိုကြန္ဖရင့္စနစ္ျဖင့္ တက္ေရာက္ၾကသည္။
ေရွးဦးစြာကေမၻာဒီးယားနိုင္ငံ SEA Games က်င္းပေရးလုပ္ငန္းေကာ္မတီပူးတြဲဒုဥကၠ႒ H.E.DR. THONG KHON က ႀကိဳဆိုႏႈတ္ခြန္းဆက္စကားေျပာၾကားခဲ့ၿပီးကေမၻာဒီးယားနိုင္ငံဒုတိယ ဝန္ႀကီးခ်ဳပ္ SEA Games က်င္းပေရးဦးစီးေကာ္မတီဥကၠ႒ SAMDECH PICHEY SENA TEA BANH က အဖြင့္အမွာစကား ေျပာၾကားသည္။
ယင္းေနာက္ SEAGF COUNCIL အဖြဲ႕ဝင္မ်ားကအသီးသီး ႏႈတ္ခြန္းဆက္စကားေျပာၾကားၾကၿပီး ျမန္မာနိုင္ငံအိုလံပစ္ေကာ္မတီဥကၠ႒ အားကစားႏွင့္ လူငယ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသိန္းဇံကအေရွ႕ေတာင္အာရွေဒသတြင္းမွ SEAGF အဖြဲ႕ဝင္မ်ားႏွင့္ ထပ္မံေတြ႕ဆုံရသည့္အတြက္ ဂုဏ္ယူပါေၾကာင္း၊ အေရွ႕ေတာင္အာရွေဒသတြင္း၌ အားကစားလႈပ္ရွားမႈမ်ားဖြံ႕ၿဖိဳးတိုးတက္ေစရန္ႏွင့္ ျမႇင့္တင္ေရးေဆာင္႐ြက္မႈမ်ားတြင္ ေရွ႕ဆက္ပူးေပါင္း ေဆာင္႐ြက္သြားရန္ေမွ်ာ္လင့္ပါေၾကာင္း၊ ကေမၻာဒီးယားနိုင္ငံ၌အိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ 32ndSEA Games အတြက္ အစစအရာရာ ေအာင္ျမင္ ေစရန္ဆုမြန္ေကာင္းေတာင္းေပးပါေၾကာင္း၊ လာမည့္ဗီယက္နမ္နိုင္ငံတြင္ က်င္းပမည့္ 31stSEA Games တြင္ ေတြ႕ဆုံရန္ေမွ်ာ္လင့္ပါေၾကာင္း မိတ္ဆက္စကားေျပာၾကားသည္။
ဆက္လက္၍ ကေမၻာဒီးယားနိုင္ငံ SEA Games က်င္းပေရးလုပ္ငန္းေကာ္မတီ ပူးတြဲဒုဥကၠ႒ H.E.DR. THONG KHON မွ 32ndCombodia SEA Games တြင္ ထည့္သြင္းက်င္းပမည့္ အားကစားနည္း အမ်ိဳး အစားမ်ားကို ရွင္းလင္းေျပာၾကားရာ SEAGF အဖြဲ႕ဝင္ နိုင္ငံမ်ားကထပ္မံထည့္သြင္း က်င္းပလိုသည့္ အားကစားနည္းမ်ားကို အဆိုျပဳတင္ျပေဆြးႏြေးၿပီး ဆပ္ေကာ္မတီအလိုက္ အတည္ျပဳခ်က္မ်ားကို တင္ျပေဆြးႏြေးၾကသည္။
ယင္းေနာက္ဗီယက္နမ္နိုင္ငံ SEA Games က်င္းပေရးေကာ္မတီတာဝန္ရွိသူက 31stSEA Games ႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ား၊ က်င္းပမည့္ေနရာမ်ားႏွင့္ ျပင္ဆင္ေဆာင္႐ြက္ထားရွိမႈမ်ားကို ရွင္းလင္းေျပာၾကားသည္။
ထိုေနာက္ကေမၻာဒီးယားနိုင္ငံ SEA Games က်င္းပေရးေကာ္မတီတာဝန္ရွိသူက 32ndSEA Games ႏွင့္ပတ္သက္သည့္အခ်က္အလက္မ်ား၊ က်င္းပမည့္ေနရာမ်ားႏွင့္ ျပင္ဆင္ေဆာင္႐ြက္ထားရွိမႈမ်ားကို ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
#mhtnews
Recent Comments