မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခြေအနေအရ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို မြဲမြံစွာ စွဲကိုင်ကျင့်သုံးခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ယမန်နေ့က နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနှင့် တောင်ကြီးတပ်နယ်များသို့သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးက မိမိတို့နိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံခြားရေးမူဝါဒအရလည်း လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက်ရပ်တည် လက်ခံ ကျင့်သုံးခဲ့ကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခြေအနေအရ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို မြဲမြံစွာ စွဲကိုင်ကျင့်သုံးခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်အပေါ် နိုင်ငံရေးအရ ဘက်စုံဖိအားပေးမှု အသွင်ဆောင်မှုများအပေါ် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းကျော်လွှားနေရကြောင်း၊ ထိုအောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရန်မှာ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည်ကို ယုံကြည်ချက်၊ ခံယူချက် ပြည့်ဝစွာဖြင့် ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် စွမ်းရည်ရှိပြီး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲအသင့်ဖြစ်နေအောင် လိုအပ်သည်များ အမြဲတမ်းပြင်ဆင်နေကြရန်လိုကြောင်း၊ ကောင်းမွန်သော လေ့ကျင့်မှု၊ ကောင်းမွန်သော ပြင်ဆင်မှုဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့်ပူးပေါင်း၍ အခက်အခဲများကို ဆက်လက်ရင်ဆိုင်ကျော်ဖြတ်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

#mhtnews

(Zawgyi)

“မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခြေအနေအရ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို မြဲမြံစွာ စွဲကိုင်ကျင့်သုံးခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြော”




#mhtnews