မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ရာမှာ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီစနစ်၊ ဥပဒေများကိုလေ့လာ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားခဲ့ပါတယ်။

ယမန်နေ့နံနက်ပိုင်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H. E. Mr. Vinay Kumar အား နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဥ် ပြောကြားခဲ့တာပါ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံဟာ ယခင်ကတည်းက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် အကူအညီများပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ရာမှာ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီစနစ်၊ ဥပဒေများကိုလေ့လာ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးကလည်း မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ ရင်းနှီးချစ်ကြည်စွာဖြင့် မိတ်ဆွေကောင်း အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ ဒီမိုကရေစီနစ်ကို ဖော်ဆောင်ရာမှာလည်း တူညီသော သမိုင်းကြောင်းများရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အကူအညီပေးမှုများကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် အကူအညီပေးနိုင်ရေး ကိစ္စရပ်များနဲ့စပ်လျဉ်းပြီး သိလိုသည်များကို မေးမြန်းလာတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများကို စစ်ဆေးဆောင်ရွက်နေမှု၊ PR စနစ် ပြောင်းလဲကျင့်သုံးနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနဲ့ စပ်လျဥ်ပြီး အကူအညီပေးနိုင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနဲ့ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

#mhtnews

=======================

(Zawgyi)

“ျမန္မာနိုင္ငံအေနျဖင့္ ဒီမိုကေရစီစနစ္ ေဖာ္ေဆာင္ ရာတြင္ အိႏၵိယနိုင္ငံ၏ ဒီမိုကေရစီစနစ္၊ ဥပေဒမ်ားကို ေလ့လာ၍ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း UEC ဥကၠ႒ ဦးသိန္းစိုး ေျပာၾကား”

ျမန္မာနိုင္ငံအေနနဲ႕ ဒီမိုကေရစီစနစ္ ေဖာ္ေဆာင္ရာမွာ အိႏၵိယနိုင္ငံရဲ႕ ဒီမိုကေရစီစနစ္၊ ဥပေဒမ်ားကိုေလ့လာ၍ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးက ေျပာၾကားခဲ့ပါတယ္။

ယမန္ေန႕နံနက္ပိုင္က ျမန္မာနိုင္ငံဆိုင္ရာ အိႏၵိယနိုင္ငံ သံအမတ္ႀကီး H. E. Mr. Vinay Kumar အား ေနျပည္ေတာ္ရွိ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံး ဧည့္ေတြ႕ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံစဥ္ ေျပာၾကားခဲ့တာပါ။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒က ျမန္မာနိုင္ငံနဲ႕ အိႏၵိယနိုင္ငံဟာ ယခင္ကတည္းက ေ႐ြးေကာက္ပြဲဆိုင္ရာ လုပ္ငန္းေတြမွာ ပူးေပါင္းေဆာင္႐ြက္ခဲ့ၿပီး အိႏၵိယနိုင္ငံအေနနဲ႕ ျမန္မာနိုင္ငံအေပၚ အကူအညီမ်ားေပးခဲ့ေၾကာင္း၊ ျမန္မာနိုင္ငံ အေနနဲ႕ ဒီမိုကေရစီစနစ္ ေဖာ္ေဆာင္ရာမွာ အိႏၵိယနိုင္ငံရဲ႕ ဒီမိုကေရစီစနစ္၊ ဥပေဒမ်ားကိုေလ့လာ၍ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

ျမန္မာနိုင္ငံဆိုင္ရာ အိႏၵိယနိုင္ငံသံအမတ္ႀကီးကလည္း ျမန္မာနိုင္ငံနဲ႕ အိႏၵိယနိုင္ငံတို႔ဟာ ရင္းႏွီးခ်စ္ၾကည္စြာျဖင့္ မိတ္ေဆြေကာင္း အိမ္နီးခ်င္းနိုင္ငံမ်ားျဖစ္ေၾကာင္း၊ ဘာသာ၊ ယဥ္ေက်းမႈနဲ႕ ဒီမိုကေရစီနစ္ကို ေဖာ္ေဆာင္ရာမွာလည္း တူညီေသာ သမိုင္းေၾကာင္းမ်ားရွိခဲ့ေၾကာင္း၊ အိႏၵိယနိုင္ငံအေနနဲ႕ ျမန္မာနိုင္ငံ ေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ၊ အကူအညီေပးမႈမ်ားကို ဆက္လက္ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ ေ႐ြးေကာက္ပြဲဆိုင္ရာကိစၥ၊ ႏွစ္နိုင္ငံ ပူးေပါင္းေဆာင္႐ြက္ အကူအညီေပးနိုင္ေရး ကိစၥရပ္မ်ားနဲ႕စပ္လ်ဥ္းၿပီး သိလိုသည္မ်ားကို ေမးျမန္းလာတဲ့အတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒က ေ႐ြးေကာက္ပြဲ က်င္းပနိုင္ေရးအတြက္ မဲဆႏၵရွင္စာရင္းမ်ား ျပဳစုေဆာင္႐ြက္ေနမႈ၊ နိုင္ငံေရးပါတီမ်ားကို စစ္ေဆးေဆာင္႐ြက္ေနမႈ၊ PR စနစ္ ေျပာင္းလဲက်င့္သုံးနိုင္ေရး ျပင္ဆင္ ေဆာင္႐ြက္ေနမႈ၊ ေ႐ြးေကာက္ပြဲဆိုင္ရာ လုပ္ငန္းမ်ားနဲ႕ စပ္လ်ဥ္ၿပီး အကူအညီေပးနိုင္ေရးအတြက္ ႏွစ္နိုင္ငံပူးေပါင္းေဆာင္႐ြက္နိုင္မယ့္ အေျခအေနမ်ားကို ရင္းႏွီးပြင့္လင္းစြာ ရွင္းလင္းေဆြးႏြေးခဲ့ၾကပါတယ္။

ေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္မ်ားနဲ႕ ေကာ္မရွင္႐ုံးမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကတယ္လို႔ သိရွိရပါတယ္။

#mhtnews