မြန်မာနိုင်ငံမှ လုပ်သားသစ် ၇၀ ဦးအပါအဝင် မြန်မာလုပ်သား ၉၀ ကျော်ကို တောင်ကိုရီးယားနိုင်ငံအစိုးရက ပြန်လည်ခေါ်ယူခဲ့တယ်လို သိရပါတယ်။

တောင်ကိုရီးယားအစိုးရအနေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၁ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစပြီး ပြည်ဝင်ခွင့်ပိတ်ပင်ထားခဲ့ရာက ယခုအခါ လိုအပ်ချက်အရ မြန်မာလုပ်သားများကို ဆက်တိုက်ခေါ်ယူနေတာပဲဖြစ်ပြီး ယနေ့ ဧပြီ ၄ ရက်မှာ Re- entry လုပ်သား (၂၈) ဦးအပြင် ကုန်ထုတ်လုပ်သားအဖြစ် လုပ်ကိုင်မယ့် လုပ်သားသစ် (၃၆) ဥိးနဲ့ ဆောက်လုပ်ရေးလုပ်သားအဖြစ် လုပ်ကိုင်မယ့် လုပ်သားသစ် (၃၄) ဦး၊ စုစုပေါင်း (၉၈) ဦးတိုဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့တယ်လို တောင်ကိုရီးယားနိုင်ငံဆိုင် မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
#mhtnews

(Zawgyi)

“မြန်မာနိုင်ငံမှ လုပ်သားသစ် ၇၀ ဦးအပါအဝင် လုပ်သား ၉၀ ကျော်ကို တောင်ကိုရီးယားနိုင်ငံအစိုးရကခေါ်ယူ”

မြန်မာနိုင်ငံမှ လုပ်သားသစ် ၇၀ ဦးအပါအဝင် မြန်မာလုပ်သား ၉၀ ကျော်ကို တောင်ကိုရီးယားနိုင်ငံအစိုးရက ပြန်လည်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားအစိုးရအနေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၁ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစပြီး ပြည်ဝင်ခွင့်ပိတ်ပင်ထားခဲ့ရာက ယခုအခါ လိုအပ်ချက်အရ မြန်မာလုပ်သားများကို ဆက်တိုက်ခေါ်ယူနေတာပဲဖြစ်ပြီး ယနေ့ ဧပြီ ၄ ရက်မှာ Re- entry လုပ်သား (၂၈) ဦးအပြင် ကုန်ထုတ်လုပ်သားအဖြစ် လုပ်ကိုင်မယ့် လုပ်သားသစ် (၃၆) ဥိးနဲ့ ဆောက်လုပ်ရေးလုပ်သားအဖြစ် လုပ်ကိုင်မယ့် လုပ်သားသစ် (၃၄) ဦး၊ စုစုပေါင်း (၉၈) ဦးတို့ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံဆိုင် မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
#mhtnews