မြန်မာနိုင်ငံမှာ ဖမ်းဆီးရမိထားတဲ့ ထိုင်းနိုင်ငံရဲ့ အလိုအရှိဆုံး မူးယစ်ဆေးဝါး သံသယရှိသူ “ဘန်လိုင်း” ဆိုသူကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယမန်နေ့မှာ ထိုင်းနိုင်ငံတာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနကဖော်ပြထားပါတယ်။

အဆိုပါ ဘန်လိုင်းဆိုသူဟာ ထိုင်းအကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး မြန်မာနိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်သလို သူ့ကို ယခင်က မူးယစ်ဆေးဝါးအမှုကြီး နှစ်ခုအတွက် ထိုင်းနိုင်ငံက အလိုရှိနေတာပဲဖြစ်ပါတယ်။

ဘန်လိုင်းဟာ မြန်မာနိုင်ငံ တာချီလိတ်မြို့မှာ ပုန်းခိုနေစဉ်အတွင်း မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်တဲ့ လုပ်ငန်းကို ပုန်းအောင်းလုပ်နေတာဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗျူရိုက ဆိုပါတယ်။

ဘန်လိုင်းဟာ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု နဲ့ ငွေကြေးခဝါချမှုတို့အတွက် စွဲချက်တင်ခံထားရကြောင်း မယ်ဆိုင်နယ်စပ်စစ်ဆေးရေးဂိတ်မှာ မြန်မာအာဏာပိုင်တွေဆီက သံသယရှိသူကို လွဲပြောင်းရယူခဲ့တဲ့ NSB အကြီးအကဲ ဗိုလ်မှူးကြီး ဆာရာယွတ် ဆန်ဂွမ်ဖောခိုင်က ပြောပါတယ်။

သူဟာ တောင်ပိုင်းပြည်နယ်တွေမှာ လှုပ်ရှားနေတဲ့ မူးယစ်ဂိုဏ်းများစွာရဲ့ နောက်ကွယ်က အရေးပါတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ဦးဖြစ်ပြီး တတိယနိုင်ငံသို့ မှောင်ခိုမတင်သွင်းမီ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခိုကူးရာတမှာလည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ရဲသတင်းရင်းမြစ်တစ်ခုအရ ဘန်လိုင်းကို ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံမှာ ပထမဆုံးဖမ်းဆီးရမိခဲ့ပြီး ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

#mhtnews

+====================

(Zawgyi)

“ျမန္မာနိုင္ငံမွာ ဖမ္းဆီးရမိထားတဲ့ ထိုင္နိုင္ငံရဲ႕ အလိုအရွိဆုံး မူးယစ္ေဆးဝါး သံသယရွိသူကို ျမန္မာနိုင္ငံက လြဲေျပာင္းေပးအပ္ခဲ့”

ျမန္မာနိုင္ငံမွာ ဖမ္းဆီးရမိထားတဲ့ ထိုင္းနိုင္ငံရဲ႕ အလိုအရွိဆုံး မူးယစ္ေဆးဝါး သံသယရွိသူ “ဘန္လိုင္း” ဆိုသူကို ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က ယမန္ေန႕မွာ ထိုင္းနိုင္ငံတာဝန္ရွိသူေတြထံ လႊဲေျပာင္းေပးအပ္ခဲ့တယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းဌာနကေဖာ္ျပထားပါတယ္။

အဆိုပါ ဘန္လိုင္းဆိုသူဟာ ထိုင္းအက်ဥ္းေထာင္ကေန ထြက္ေျပးလြတ္ေျမာက္ခဲ့ၿပီး ျမန္မာနိုင္ငံကို ေရာက္ရွိေနခဲ့တာျဖစ္သလို သူ႕ကို ယခင္က မူးယစ္ေဆးဝါးအမႈႀကီး ႏွစ္ခုအတြက္ ထိုင္းနိုင္ငံက အလိုရွိေနတာပဲျဖစ္ပါတယ္။

ဘန္လိုင္းဟာ ျမန္မာနိုင္ငံ တာခ်ီလိတ္ၿမိဳ႕မွာ ပုန္းခိုေနစဥ္အတြင္း မူးယစ္ေဆးဝါး ေမွာင္ခိုသယ္ေဆာင္တဲ့ လုပ္ငန္းကို ပုန္းေအာင္းလုပ္ေနတာျဖစ္ေၾကာင္း မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ဗ်ဴရိုက ဆိုပါတယ္။

ဘန္လိုင္းဟာ မူးယစ္ေဆးဝါး လက္ဝယ္ထားရွိမႈ နဲ႕ ေငြေၾကးခဝါခ်မႈတို႔အတြက္ စြဲခ်က္တင္ခံထားရေၾကာင္း မယ္ဆိုင္နယ္စပ္စစ္ေဆးေရးဂိတ္မွာ ျမန္မာအာဏာပိုင္ေတြဆီက သံသယရွိသူကို လြဲေျပာင္းရယူခဲ့တဲ့ NSB အႀကီးအကဲ ဗိုလ္မႉးႀကီး ဆာရာယြတ္ ဆန္ဂြမ္ေဖာခိုင္က ေျပာပါတယ္။

သူဟာ ေတာင္ပိုင္းျပည္နယ္ေတြမွာ လႈပ္ရွားေနတဲ့ မူးယစ္ဂိုဏ္းမ်ားစြာရဲ႕ ေနာက္ကြယ္က အေရးပါတဲ့ မူးယစ္ေဆးဝါး ေရာင္းဝယ္သူတစ္ဦးျဖစ္ၿပီး တတိယနိုင္ငံသို႔ ေမွာင္ခိုမတင္သြင္းမီ ျမန္မာနိုင္ငံကေန ထိုင္းနိုင္ငံကို မူးယစ္ေဆးဝါး ေမွာင္ခိုကူးရာတမွာလည္း ပါဝင္ခဲ့သူတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

ရဲသတင္းရင္းျမစ္တစ္ခုအရ ဘန္လိုင္းကို ၂၀၂၀ ခုႏွစ္က ျမန္မာနိုင္ငံမွာ ပထမဆုံးဖမ္းဆီးရမိခဲ့ၿပီး ထိုင္းအာဏာပိုင္မ်ားထံ လႊဲေျပာင္းေပးအပ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

#mhtnews