မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ထားသည့် ကိုရီးယားအထည်ချုပ်စက်ရုံ “ရန်ကုန်ပန်ပစိဖိတ်” မှ အထည်ချုပ် လုပ်သား ၆၀၀ ကျော်ခေါ်ယူမည်ဖြစ်ကြောင်း အဆိုပါစက်ရုံ၏ facebook စာမျက်နှာမှ ထုတ်ပြန်ချက်အရ သိရသည်။

ခေါ်ယူမည့် လစ်လပ်နေရာများမှာ စက်ချုပ်ကျွမ်းကျင် (Operator)၊ စက်ချုပ်ခေါင်းဆောင် (Leader)၊ Supervisor, Chief Supervisor, Q. C, Q. A, CAD, PATTERN ဖြစ်ပြီး အခြေခံလုပ်ခလစာကို တစ်ရက်လျှင် ၅၂၀၀ ကျပ်မှ စတင်ပေးမည်ဖြစ်ကြောင်း သိရသည်။

အလုပ်လျှောက်ထားသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် (ဘီ- ၄)၊ မြေတိုင်းအမှတ် (၁၇၅) ကျီစုစက်မှုဇုန်သို့ လာရောက်လျှောက်ထားနိုင်ကြောင်းနှင့် အင်တာဗျူးမည့်သူ ဆယ်ယောက်ကျော်ရှိပါက စက်ရုံမှ မော်တော်ယာဉ်စီစဉ်ကာ လာရောက်ခေါ်ယူမည်ဖြစ်ကြောင်း ယင်းစက်ရုံက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလုပ်လျှောက်ထားသူများသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ မည်သူမဆိုလာရောက်လျှောက်ထားနိုင်ပြီး နံနက် ၈ နာရီမှ စတင်ကာ နေ့စဉ် အင်တာဗျူးများရှိသည့်အပြင်

အလုပ်ခန့်အပ်ပြီးပါက ဝန်ထမ်းအားလုံးအတွက် ဖယ်ရီများ ထားရှိခြင်း၊ စက်ရုံဆေးခန်းတွင် ဆရာဝန် နှင့် သူနာပြုတစ်ဦးအချိန်ပြည့်ထားရှိပြီး အခမဲ့ဆေးကုသမှုပေးခြင်း၊ အတော်ဆုံးဝန်ထမ်းများကို ဆုချီးမြှင့်ခြင်း၊ လူမှုဖူလုံရေးခံစားခွင့်များ ပေးခြင်း၊ နှစ်စဉ်လုပ်သက်ဆုကြေးနှင့် သင်္ကြန်ဆုကြေးများ စသည့်ခံစားခွင့်များရှိ ကြောင်း အဆိုပါစက်ရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။

#mhtnews

===========================

(Zawgyi)

“ျမန္မာနိုင္ငံတြင္ လာေရာက္ဖြင့္လွစ္ထားသည့္ ကိုရီးယားအထည္ခ်ဳပ္စက္႐ုံ ‘ရန္ကုန္ပန္ပစိဖိတ္’ မွ အလုပ္သမား ၆၀၀ ေက်ာ္ ေခၚယူေန”

ျမန္မာနိုင္ငံတြင္ လာေရာက္ဖြင့္လွစ္ထားသည့္ ကိုရီးယားအထည္ခ်ဳပ္စက္႐ုံ “ရန္ကုန္ပန္ပစိဖိတ္” မွ အထည္ခ်ဳပ္ လုပ္သား ၆၀၀ ေက်ာ္ေခၚယူမည္ျဖစ္ေၾကာင္း အဆိုပါစက္႐ုံ၏ facebook စာမ်က္ႏွာမွ ထုတ္ျပန္ခ်က္အရ သိရသည္။

ေခၚယူမည့္ လစ္လပ္ေနရာမ်ားမွာ စက္ခ်ဳပ္ကြၽမ္းက်င္ (Operator)၊ စက္ခ်ဳပ္ေခါင္းေဆာင္ (Leader)၊ Supervisor, Chief Supervisor, Q. C, Q. A, CAD, PATTERN ျဖစ္ၿပီး အေျခခံလုပ္ခလစာကို တစ္ရက္လွ်င္ ၅၂၀၀ က်ပ္မွ စတင္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

အလုပ္ေလွ်ာက္ထားသူမ်ားအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္၊ အမွတ္ (ဘီ- ၄)၊ ေျမတိုင္းအမွတ္ (၁၇၅) က်ီစုစက္မႈဇုန္သို႔ လာေရာက္ေလွ်ာက္ထားနိုင္ေၾကာင္းႏွင့္ အင္တာဗ်ဴးမည့္သူ ဆယ္ေယာက္ေက်ာ္ရွိပါက စက္႐ုံမွ ေမာ္ေတာ္ယာဥ္စီစဥ္ကာ လာေရာက္ေခၚယူမည္ျဖစ္ေၾကာင္း ယင္းစက္႐ုံက ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အလုပ္ေလွ်ာက္ထားသူမ်ားသည္ အသက္ ၁၈ ႏွစ္ျပည့္ၿပီးသူ မည္သူမဆိုလာေရာက္ေလွ်ာက္ထားနိုင္ၿပီး နံနက္ ၈ နာရီမွ စတင္ကာ ေန႕စဥ္ အင္တာဗ်ဴးမ်ားရွိသည့္အျပင္

အလုပ္ခန႔္အပ္ၿပီးပါက ဝန္ထမ္းအားလုံးအတြက္ ဖယ္ရီမ်ား ထားရွိျခင္း၊ စက္႐ုံေဆးခန္းတြင္ ဆရာဝန္ ႏွင့္ သူနာျပဳတစ္ဦးအခ်ိန္ျပည့္ထားရွိၿပီး အခမဲ့ေဆးကုသမႈေပးျခင္း၊ အေတာ္ဆုံးဝန္ထမ္းမ်ားကို ဆုခ်ီးျမႇင့္ျခင္း၊ လူမႈဖူလုံေရးခံစားခြင့္မ်ား ေပးျခင္း၊ ႏွစ္စဥ္လုပ္သက္ဆုေၾကးႏွင့္ သၾကၤန္ဆုေၾကးမ်ား စသည့္ခံစားခြင့္မ်ားရွိ ေၾကာင္း အဆိုပါစက္႐ုံ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

#mhtnews