မြန်မာနိုင်ငံတွင်အကြီးဆုံးသိမ်တော်ကြီးဖြစ်လာမည့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော် သီမာသမ္မုတိသိမ်သမုတ်ကံဆောင်ခြင်းအောင်ပွဲမင်္ဂလာအခမ်းအနားကို ဧပြီ ၂၇ ရက်နံနက်ပိုင်းက ၎င်းသိမ်တော်ကြီးတည်ဆောက်မည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗု ဒ္ဓ ဥယျာဉ်တော်ဝတ္တုကံတော်အတွင်း၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ လယ်ဝေးမြို့၊ပေါက်မြိုင်ကျောင်းတိုက်၏ ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊တပ်ကုန်းမြို့၊ မဟာသီဟနာဒ ကျောင်းတိုက်၏ ဆရာ တော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏတို့အ မှူးပြုသည့် သံဃာတော် ၅၄ ပါးတို့ကြွရောက်တော်မူခဲ့ကြပြီး ဝိသုံဂါမသီမာသမ္မုတိ သိမ်သ မုတ်ကံဆောင်ခြင်းအား ဆောင်ရွက်တော်မူခဲ့ကြသည်။
ထို့နောက် သံဃာတော်များက မေတ္တာပို့ဂါထာတော်များရွတ်ဆိုပူဇော်တော်မူခဲ့ကြပြီး မာရဝိဇ ယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး ဩဝါဒါစရိယအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိပါဠိ ဆရာတော်ကြီးက ဝိသုံဂါမသိမ်တော်ကံဆောင်ခြင်း၊ဝိသုံဂါမသိမ်တော်၏ ဘွဲ့တော်အမည်အား အဂ္ဂါဓိပတိဘွဲ့ အမည်သမုတ်နိုင်ရန် လျှောက်ထားခဲ့သည်။
ထို့အတူ နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊အလှူရှင်များက ကြွရောက်တော်မူလာသည့် ဆရာတော်၊သံဃာတော်များအား လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။
အလားတူ သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော်ပုံစံငယ်အား နစက ဥက္ကဋ္ဌမှကြည့်ရှု၍ လိုအပ်သည်များအားဆွေးနွေးဖြည့်ဆည်းပေးခဲ့သည်။
အဆိုပါ သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးသည် အလျား ၂၀၈ ပေ၊ အနံ ၂၀၅ ပေရှိကာ သံဃာစင်တွင် သံဃာတော် ၁၈၀ ပါး၊ဘေးခုံတန်းနှစ်ဖက်နှင့်အလယ်ခန်းမတွင် လူပုဂ္ဂိုလ် ၁၈၉၀ ဦး ဝင်ဆံ့မည်ဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
မြန်မာနိုင်ငံတွင်အကြီးဆုံးသိမ်တော်ကြီးဖြစ်လာမည့် သာသနာ့ဗိမာန် အဂ်ဂါဓိပတိ ဝိသုံဂါမသိမ်တော် သီမာသမ္မုတိသိမ်သမုတ်ကံဆောင်ခြင်းအောင်ပွဲမင်္ဂလာအခမ်းအနားကို ဧပြီ ၂၇ ရက်နံနက်ပိုင်းက ၎င်းသိမ်တော်ကြီးတည်ဆောက်မည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗု ဒ္ဓ ဥယျာဉ်တော်ဝတ္တုကံတော်အတွင်း၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် သံဃာတော်များက မေတ္တာပို့ဂါထာတော်များရွတ်ဆိုပူဇော်တော်မူခဲ့ကြပြီး မာရဝိဇ ယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး ဩဝါဒါစရိယအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိပါဠိ ဆရာတော်ကြီးက ဝိသုံဂါမသိမ်တော်ကံဆောင်ခြင်း၊ဝိသုံဂါမသိမ်တော်၏ ဘွဲ့တော်အမည်အား အဂ်ဂါဓိပတိဘှဲ့ အမည်သမုတ်နိုင်ရန် လျှောက်ထားခဲ့သည်။
အလားတူ သာသနာ့ဗိမာန် အဂ်ဂါဓိပတိ ဝိသုံဂါမသိမ်တော်ပုံစံငယ်အား နစက ဥက္ကဋ္ဌမှကြည့်ရှု၍ လိုအပ်သည်များအားဆွေးနွေးဖြည့်ဆည်းပေးခဲ့သည်။
အဆိုပါ သာသနာ့ဗိမာန် အဂ်ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးသည် အလျား ၂၀၈ ပေ၊ အနံ ၂၀၅ ပေရှိကာ သံဃာစင်တွင် သံဃာတော် ၁၈၀ ပါး၊ဘေးခုံတန်းနှစ်ဖက်နှင့်အလယ်ခန်းမတွင် လူပုဂ္ဂိုလ် ၁၈၉၀ ဦး ဝင်ဆံ့မည်ဖြစ်ကြောင်း သိရသည်။
#mhtnews