န်မာတစ်နိုင်ငံလုံး၌ (၂၄) နာရီအတွင်း ဓာတ်ခွဲနမူနာ ၁ သောင်းကျော်ကို စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသူ ၄၁ ဦးသာရှိပြီး တစ်ရက်အတွင်း ကူးစက်ခံရမှုမှာ ၁ ရာခိုင်နှုန်းအောက်သို ဆက်လက်ကျဆင်းခဲ့ကာ ကိုဗစ်ကြောင့် ထပ်မံသေဆုံးသူ မရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ ၂၇ ရက် ည ၈ နာရီမှ ဧပြီ ၂၈ ရက် ည ၈ နာရီအထိ မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်- ၁၉ ရောဂါ ဓါတ်ခွဲနမူနာစုစုပေါင်း (၁၁၁၀၅) ခုကို စစ်ဆေးခဲ့ရာ ဓါတ်ခွဲအတည်ပြုလူနာသစ် (၄၁) ဦးတွေ့ရှိရသဖြင့် ကူးစက်မှု (၀ ဒဿမ ၃၇) ရာခိုင်နှုန်းသာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများကို လေ့လာသုံးသပ်ကြည့်ရာတွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့် ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
#mhtnews