မြန်မာကျပ်ငွေလဲလှယ်မှု နှုန်းထား တည်ငြိမ်မှု အခြေအနေအပေါ်မူတည်ပြီး တားမြစ်မှုများ ရုပ်သိမ်းနိုင်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က ပြည်ပမီဒီယာများနှင့် တွေ့ဆုံစဥ် ပြောဆိုခဲ့သည်။

Straits Times သတင်းဌာမှ မေးမြန်းသည့် “ကြေညာချက်သည် အချိန်ကာလတစ်ခုလား အမြဲဆက်လက် တည်ရှိသွားမည်လား” ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဖြစ်ပေါ်တိုးတက်လာသည့် အခြေအနေအပေါ်တွင် မူတည်ကြောင်း၊ ကြေညာချက်သည် ဗဟိုဘဏ် ထုတ်ပြန်ချက်ဖြစ်ပြီး ကင်းလွတ်ခွင့်သည် အစိုးရကဖွဲ့စည်းသည့် ကော်မတီတစ်ရပ်က အခြေအနေအပေါ် မူတည်၍ ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်ကြောင်း၊ မြန်မာကျပ်ငွေလဲလှယ်မှု နှုန်းထား တည်ငြိမ်မှုအခြေအနေအပေါ်မူတည်ပြီး တားမြစ်မှုများ ရုပ်သိမ်းနိုင်မည် ဖြစ်ကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက ငွေကြေးလဲလှယ်မှုနှုန်းထား မတည်ငြိမ်သည့် အခြေအနေကို ကြည့်လျှင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ဒေါ်လာကို ၁၃၅၀ ကျပ်နှုန်းထားရှိခဲ့ပါကြောင်း၊ သို့သော်ပြီးခဲ့သည့်လက ၂၀၀၀-၂၀၅၀ ကျပ်အထိ ဖြစ်ခဲ့ကြောင်း၊ ယင်းကိုကြည့်လျှင် ငွေကြေးလဲလှယ်မှု နှုန်းထား အလွန်အမင်းပြောင်းလဲသွားသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငွေကြေးလဲလှယ်မှုနှုန်းထား တည်ငြိမ်မှုရှိစေရန် အဆိုပါ ကြေညာချက်ကို ဗဟိုဘဏ်က ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု သိရှိရပါသည်။

#mhtnews

=========================

(Zawgyi)

“ျမန္မာက်ပ္ေငြလဲလွယ္မႈ ႏႈန္းထား တည္ၿငိမ္မႈ အေျခအေနအေပၚမူတည္ၿပီး တားျမစ္မႈမ်ား ႐ုပ္သိမ္းနိုင္မည္ ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္နိုင္ဦး ေျပာဆို”

ျမန္မာက်ပ္ေငြလဲလွယ္မႈ ႏႈန္းထား တည္ၿငိမ္မႈ အေျခအေနအေပၚမူတည္ၿပီး တားျမစ္မႈမ်ား ႐ုပ္သိမ္းနိုင္မည္ ျဖစ္ေၾကာင္း ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္နိုင္ဦး က ျပည္ပမီဒီယာမ်ားႏွင့္ ေတြ႕ဆုံစဥ္ ေျပာဆိုခဲ့သည္။

Straits Times သတင္းဌာမွ ေမးျမန္းသည့္ “ေၾကညာခ်က္သည္ အခ်ိန္ကာလတစ္ခုလား အၿမဲဆက္လက္ တည္ရွိသြားမည္လား” ဆိုသည့္ ေမးခြန္းႏွင့္ ပတ္သက္၍ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္နိုင္ဦးက ျဖစ္ေပၚတိုးတက္လာသည့္ အေျခအေနအေပၚတြင္ မူတည္ေၾကာင္း၊ ေၾကညာခ်က္သည္ ဗဟိုဘဏ္ ထုတ္ျပန္ခ်က္ျဖစ္ၿပီး ကင္းလြတ္ခြင့္သည္ အစိုးရကဖြဲ႕စည္းသည့္ ေကာ္မတီတစ္ရပ္က အေျခအေနအေပၚ မူတည္၍ ကင္းလြတ္ခြင့္ေပးထားျခင္းျဖစ္ေၾကာင္း၊ ျမန္မာက်ပ္ေငြလဲလွယ္မႈ ႏႈန္းထား တည္ၿငိမ္မႈအေျခအေနအေပၚမူတည္ၿပီး တားျမစ္မႈမ်ား ႐ုပ္သိမ္းနိုင္မည္ ျဖစ္ေၾကာင္း ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ဆက္လက္၍လည္း ျပည္ေထာင္စုဝန္ႀကီးက ေငြေၾကးလဲလွယ္မႈႏႈန္းထား မတည္ၿငိမ္သည့္ အေျခအေနကို ၾကည့္လွ်င္ ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ တစ္ေဒၚလာကို ၁၃၅၀ က်ပ္ႏႈန္းထားရွိခဲ့ပါေၾကာင္း၊ သို႔ေသာ္ၿပီးခဲ့သည့္လက ၂၀၀၀-၂၀၅၀ က်ပ္အထိ ျဖစ္ခဲ့ေၾကာင္း၊ ယင္းကိုၾကည့္လွ်င္ ေငြေၾကးလဲလွယ္မႈ ႏႈန္းထား အလြန္အမင္းေျပာင္းလဲသြားသည္ကို ေတြ႕ၾကရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ေငြေၾကးလဲလွယ္မႈႏႈန္းထား တည္ၿငိမ္မႈရွိေစရန္ အဆိုပါ ေၾကညာခ်က္ကို ဗဟိုဘဏ္က ထုတ္ျပန္ရျခင္းျဖစ္ေၾကာင္း ေျဖၾကားခဲ့သည္ဟု သိရွိရပါသည္။

#mhtnews