ကချင်ပြည်နယ် မြစ်ကြီးနားမြို၌ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အတက်နေ့ ဧပြီ ၁၆ ရက် နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို၌ ရေပက်ကစားသူများ၊ လည်ပတ်သူများဖြင့် ယခင်နေ့များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ က ကြည့်ရှုအားပေးခဲ့ကြပြီး အတာရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှခဲ့ကြကြောင်း သိရသည်။

မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်၌ မြိုပေါ်ရပ်ကွက် ယိမ်းအဖွဲများနှင့် ဌာန ဆိုင်ရာယိမ်းအဖွဲများ၏ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်းသီဆိုမှုများဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိသည်။

အလားတူ မြစ်ကြီးနားမြို မင်းရပ်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်၌ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေမှုများဖြင့် သင်္ကြန်ချစ်သူများ၊ ရေပက်ကစားသူများနှင့် အထူး စည်ကားလျက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရှိရသည်။
#mhtnews

(Zawgyi)
“မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယခင်နေ့များထက် သင်္ကြန်ချစ်သူများဖြင့် စည်ကားလျက်ရှိ”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အတက်နေ့ ဧပြီ ၁၆ ရက် နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့၌ ရေပက်ကစားသူများ၊ လည်ပတ်သူများဖြင့် ယခင်နေ့များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ က ကြည့်ရှုအားပေးခဲ့ကြပြီး အတာရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်၌ မြို့ပေါ်ရပ်ကွက် ယိမ်းအဖွဲ့များနှင့် ဌာန ဆိုင်ရာယိမ်းအဖွဲ့များ၏ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်းသီဆိုမှုများဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိသည်။

အလားတူ မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်၌ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေမှုများဖြင့် သင်္ကြန်ချစ်သူများ၊ ရေပက်ကစားသူများနှင့် အထူး စည်ကားလျက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရှိရသည်။
#mhtnews