
မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်(၉) ခုသို့ ရေပေးဝေရေးစနစ် (၃)ခုဖြင့် နေ့စဉ် ရေဂါလံပေါင်း ၁၅ သိန်းကျော်ဖြန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့ ဧရိယာသည် ၄၁.၆၉ စတုရန်းမိုင်ကျယ်ဝန်းပြီး၊ မြို့ပေါ် ၂၈ ရပ်ကွက် အိမ်ခြေ ၃၅၀၀၀ ကျော်နှင့် မြို့လူဦးရေ ၂၃၀၀၀၀ ကျော်နေထိုင်လျက်ရှိရာ မြစ်ရေတင်စနစ်ဖြင့် မြို့ရေပေး ဝေဖြန့်ဖြူးရေးလုပ်ငန်းကို ၁၉၆၃ ခုနှစ်မှ စတင်သည့် သီတာမြစ်ရေတင်နှင့် ၁၉၆၄ ခုနှစ်မှ စတင်သည့် မြို့မမြစ်ရေတင်စနစ် (၂)တို့ဖြင့် မြို့ပေါ်ရှိ သီတာ၊ ဧရာနှင့် မြို့မ ၃ ရပ်ကွက်သို့ နေ့စဉ် ရေဂါလံ ၁၅၄၀၀၀ ဂါလံသာ ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
ထို့အပြင် မြို့ပေါ်ရပ်ကွက်များတွင် မြေအောက်ရေသုံးစွဲမှု များပြားလာမှုကြောင့် မြေအောက် ရေသုံး စွဲမှု လျှော့ချနိုင်ရေးနှင့် မြို့ပေါ်ရပ်ကွက်များအား တိုးချဲ့ရေပေးဝေနိုင်ရေးအတွက် ရေအရင်းအမြစ် ရှာဖွေခဲ့ပြီး ရေဂါလံ ၁၄၄၀၀၀၀ ဂါလံဖြန့်ဝေနိုင်သည့် ကျန်ခရန်ရေပေးဝေရေး တိုးချဲ့စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ တရားဝင်ဖွံ့ဖြိုးမှု အစီအစဉ် (JICA ODA Loan) ဖြင့် ဆောင်ရွက်ခဲ့ရာ မြို့ပေါ် (၆)ရပ်ကွက်အထိ ထပ်မံတိုးချဲ့ပေးဝေနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မြစ်ရေတင်ဖြစ်သည့် သီတာနှင့် ဧရာရပ်ကွက်ရှိ မူလရေပေးရေး အစီအစဉ်အား ကျန်ခရန်ရေပေးရေးပိုက်လိုင်းနှင့် ချိတ်ဆက်ပေးဝေနိုင်ခဲ့သည့် အတွက် မြို့ပေါ်ရပ်ကွက် (၉)ရပ် ကွက်သို့ နေ့စဉ်ရေဂါလံပေါင်း ၁၅ သိန်းကျော် ဖြန့်ဝေလျက်ရှိကြောင်း သိရှိရပြီး မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့အနေဖြင့် ရေမီတာများတပ်ဆင်၍ ရေအသုံးချမှုအတွက် မြစ်ရေတင်စနစ်မှ တစ်ယူနစ် လျှင် ငွေကျပ် ၃၀၀ နှင့် ကျိန်ခရန်ရေပေးဝေရေးစနစ်အတွက် တစ်ယူနစ်လျှင် ၅၀၀ ကျပ်နှုန်း ကောက်ခံ၍ ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
#mhtnews

(Zawgyi)
“ျမစ္ႀကီးနားၿမိဳ႕ေပၚရွိ ရပ္ကြက္(၉) ခုသို႔ ေရေပးေဝေရးစနစ္ (၃)ခုျဖင့္ ေန႕စဥ္ ေရဂါလံေပါင္း ၁၅ သိန္းေက်ာ္ျဖန႔္ေဝေပးေန”
ျမစ္ႀကီးနားၿမိဳ႕ေပၚရွိ ရပ္ကြက္(၉) ခုသို႔ ေရေပးေဝေရးစနစ္ (၃)ခုျဖင့္ ေန႕စဥ္ ေရဂါလံေပါင္း ၁၅ သိန္းေက်ာ္ျဖန႔္ေဝေပးလွ်က္ရွိေၾကာင္း သိရသည္။
ျမစ္ႀကီးနားၿမိဳ႕ ဧရိယာသည္ ၄၁.၆၉ စတုရန္းမိုင္က်ယ္ဝန္းၿပီး၊ ၿမိဳ႕ေပၚ ၂၈ ရပ္ကြက္ အိမ္ေျခ ၃၅၀၀၀ ေက်ာ္ႏွင့္ ၿမိဳ႕လူဦးေရ ၂၃၀၀၀၀ ေက်ာ္ေနထိုင္လ်က္ရွိရာ ျမစ္ေရတင္စနစ္ျဖင့္ ၿမိဳ႕ေရေပး ေဝျဖန႔္ျဖဴးေရးလုပ္ငန္းကို ၁၉၆၃ ခုႏွစ္မွ စတင္သည့္ သီတာျမစ္ေရတင္ႏွင့္ ၁၉၆၄ ခုႏွစ္မွ စတင္သည့္ ၿမိဳ႕မျမစ္ေရတင္စနစ္ (၂)တို႔ျဖင့္ ၿမိဳ႕ေပၚရွိ သီတာ၊ ဧရာႏွင့္ ၿမိဳ႕မ ၃ ရပ္ကြက္သို႔ ေန႕စဥ္ ေရဂါလံ ၁၅၄၀၀၀ ဂါလံသာ ျဖန႔္ျဖဴးေပးနိုင္ခဲ့သည္။
ထို႔အျပင္ ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ ေျမေအာက္ေရသုံးစြဲမႈ မ်ားျပားလာမႈေၾကာင့္ ေျမေအာက္ ေရသုံး စြဲမႈ ေလွ်ာ့ခ်နိဳင္ေရးႏွင့္ ၿမိဳ႕ေပၚရပ္ကြက္မ်ားအား တိုးခ်ဲ့ေရေပးေဝနိုင္ေရးအတြက္ ေရအရင္းအျမစ္ ရွာေဖြခဲ့ၿပီး ေရဂါလံ ၁၄၄၀၀၀၀ ဂါလံျဖန႔္ေဝနိုင္သည့္ က်န္ခရန္ေရေပးေဝေရး တိုးခ်ဲ့စီမံကိန္းကို ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ၏ တရားဝင္ဖြံ႕ၿဖိဳးမႈ အစီအစဥ္ (JICA ODA Loan) ျဖင့္ ေဆာင္႐ြက္ခဲ့ရာ ၿမိဳ႕ေပၚ (၆)ရပ္ကြက္အထိ ထပ္မံတိုးခ်ဲ့ေပးေဝနိုင္ခဲ့ျခင္းျဖစ္သည္။
လက္ရွိအခ်ိန္တြင္ ျမစ္ေရတင္ျဖစ္သည့္ သီတာႏွင့္ ဧရာရပ္ကြက္ရွိ မူလေရေပးေရး အစီအစဥ္အား က်န္ခရန္ေရေပးေရးပိုက္လိုင္းႏွင့္ ခ်ိတ္ဆက္ေပးေဝနိုင္ခဲ့သည့္ အတြက္ ၿမိဳ႕ေပၚရပ္ကြက္ (၉)ရပ္ ကြက္သို႔ ေန႕စဥ္ေရဂါလံေပါင္း ၁၅ သိန္းေက်ာ္ ျဖန႔္ေဝလ်က္ရွိေၾကာင္း သိရွိရၿပီး ၿမိဳ႕နယ္စည္ပင္သာ ယာေရးအဖြဲ႕အေနျဖင့္ ေရမီတာမ်ားတပ္ဆင္၍ ေရအသုံးခ်မႈအတြက္ ျမစ္ေရတင္စနစ္မွ တစ္ယူနစ္ လွ်င္ ေငြက်ပ္ ၃၀၀ ႏွင့္ က်ိန္ခရန္ေရေပးေဝေရးစနစ္အတြက္ တစ္ယူနစ္လွ်င္ ၅၀၀ က်ပ္ႏႈန္း ေကာက္ခံ၍ ျဖန႔္ေဝေပးေနျခင္းျဖစ္ေၾကာင္း စည္ပင္သာယာေရးအဖြဲ႕ထံမွ သိရသည္။
#mhtnews
Recent Comments