မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို ကျိုက် ကေလာသ လက်ဝှေ့ရုံ၌ သင်္ကြန်အတက်နေ့ ညနေ (၄)နာရီတွင် ဦးကျော်နှင့် မွန်စာပေယဥ်ကျေးမှုအဖွဲမှ ကြီးမှူး၍ (၃၇)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပသည်။
အခမ်းအနားကို ဘုရားကန်တော့ ဖွင့်လှစ်ပြီး၊ ငါးပါးသီလ ခံယူဆောက်တည်၍ အစီအစဥ်အရ သက်ကြီး အဘိုးအဘွားများအား ဩကာသ ကန်တော့ချိုးဖြင့် လက်အုပ်ချီမိုး ရှိခိုးကန်တော့ပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
အခမ်းအနားတွင် အသက်(၈၀)နှစ်အထက် အဘိုးအဘွားများကို ပူဇော်ကန်တော့ခြင်းဖြစ်ကာ သက်ကြီးပူဇော်ပွဲသို မတက်ရောက်နိုင်သည့် အဘိုးအဘွားများကို အိမ်တိုင်ရာရောက် သွားရောက်၍ အဘိုးအဘွားတစ်ဦးလျှင် ကျပ် (၅၀၀၀၀)တန်ဖိုးရှိ လှူဖွယ်ပစွည်းနှင့် ငွေသားများလှူဒါန်းခြင်းဖြစ်ရာ၊ အဘိုး အဘွား (၁၆၃)ဦးအတွက် စုစုပေါင်းလှူဒါန်းတန်ဖိုး ကျပ် ( ၈၁၅၀၀၀၀) ဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“မော်လမြိုင်ခရိုင်၊ လမိုင်းမြို့တွင် သက်ကြီးအဘိုးအဘွား ၁၆၀ ကျော်အား (၃၇)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ၍ လှူဖွယ်ပစ္စည်းများ လှူဒါန်း”
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့ ကျိက်ကေလာသ လက်ဝှေ့ရုံ၌ သင်္ကြန်အတက်နေ့ ညနေ (၄)နာရီတွင် ဦးကျော်နှင့် မွန်စာပေယဉ်ကျေးမှုအဖွဲ့မှ ကြီးမှူး၍ (၃၇)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပသည်။
အခမ်းအနားကို ဘုရားကန်တော့ ဖွင့်လှစ်ပြီး၊ ငါးပါးသီလ ခံယူဆောက်တည်၍ အစီအစဉ်အရသက်ကြီး အဘိုးအဘွားများအား ဩကာသ ကန်တော့ချိးဖြင့် လက်အုပ်ချီမိုး ရှိခိုးကန်တော့ပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
အခမ်းအနားတွင် အသက်(၈၀)နှစ်အထက် အဘိုးအဘွားများကို ပူဇော်ကန်တော့ခြင်းဖြစ်ကာသက်ကြီးပူဇော်ပွဲသို့ မတက်ရောက်နိုင်သည့် အဘိုးအဘွားများကို အိမ်တိုင်ရာရောက် သွားရောက်၍ အဘိုးအဘွားတစ်ဦးလျှင် ကျပ် (၅၀၀၀၀)တန်ဖိုးရှိ လှူဖွယ်ပစွည်းနှင့် ငွေသားများလှူဒါန်းခြင်းဖြစ်ရာ၊ အဘိုး အဘွား (၁၆၃)ဦးအတွက်စုစုပေါင်းလှူဒါန်းတန်ဖိုး ကျပ် ( ၈၁၅၀၀၀၀) ဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments