စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် ဘုရားနီလမ်းဆုံရှိ အုန်းငှက်ပျောစျေးအနီး၌ ယနေ့ (ဧပြီ ၁၃ ရက်) နေ့ခင်းပိုင်းတွင် %DF အကြမ်းဖက်အုပ်စုမှထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ဈေးအနီး စျေးရောင်း စျေးဝယ်ပြုလုပ်နေသည့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့ခံ လူမှုကူညီရေး အသင်းများထံမှ သိရသည်။

“အခါတွင်းကာလဆိုတော့ လှူဖို့တန်းဖို့ ကန်တော့ဖို့ အုန်း ငှက်ပျောစျေးကတော့ ဖွင့်မှာပဲ ဒါထုံးစံပဲလေ ၊ သကြန်နဲ့ မသက်ဆိုင်တဲ့နေရာမှာ ဖြစ်တာပါ” ဟု နယ်ခံ ပရဟိတသမားတစ်ဦးက ပြောသည်။

ဖြစ်စဥ်အတွင်း သေဆုံးသူမှာ မုံရွာမြို့နေ မဆွေဆွေလှိုင် ဆိုသူဖြစ်ပြီး မသန်းမြင့်ဌေး၊ ဦးသန်းလွင်၊ ကိုစိုးမင်းနိုင်၊ ကိုဝေနှင်း၊ ကိုအောင်မင်းဦး၊ ဦးရွှေသီးတို့မှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းကလည်း အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် ဘုရားနီရှိ ဘုရားလမ်းပေါ်၌ မုံရွာနယ်မြေရဲစခန်းမှ ရဲ ၂ ဦး စီးနင်းလိုက်ပါလာသည့်ကားကို သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ရဲတစ်ဦး ဒဏ်ရာရခဲ့သေးကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။

#mhtnews

(Zawgyi)

“မုံရွာ အုန်းငှက်ပျောဈေးအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကာ ဈေးရောင်း ဈေးဝယ် ပြုလုပ်နေသည့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိ”

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် ဘုရားနီလမ်းဆုံရှိ အုန်းငှက်ပျောဈေးအနီး၌ ယနေ့ (ဧပြီ ၁၃ ရက်) နေ့ခင်းပိုင်းတွင် %DF အကြမ်းဖက်အုပ်စုမှထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ဈေးအနီး ဈေးရောင်း ဈေးဝယ်ပြုလုပ်နေသည့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့ခံ လူမှုကူညီရေး အသင်းများထံမှ သိရသည်။

“အခါတွင်းကာလဆိုတော့ လှူဖို့တန်းဖို့ ကန်တော့ဖို့ အုန်း ငှက်ပျောဈေးကတော့ ဖွင့်မှာပဲ ဒါထုံးစံပဲလေ ၊ သကြန်နဲ့ မသက်ဆိုင်တဲ့နေရာမှာ ဖြစ်တာပါ” ဟု နယ်ခံ ပရဟိတသမားတစ်ဦးက ပြောသည်။



#mhtnews