စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို၊ ရန်ကင်း ရပ်ကွက်၌ ယမန်နေ့ မဟာသင်္ကြန်အကြတ်နေ့တွင် သင်္ကြန်မဏ္ဍပ်ဧည့်ခံရေးတာဝန်ကျသူများအား လိုက်လံနှောင့်ယှက်ရန်ပြုနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲမှ သွားရောက်ရှင်းလင်းခဲ့ရာ နှောင့်ယှက်သူများအနက် မုံရွာမြို၊ သလ္လာဝတီရပ်ကွက်၊ နယ်မြေ(၁)၌နေထိုင်သူ ကျော်မင်းဌေးဆိုသူကို လက်လုပ်သေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုနောက် ၎င်းအားစစ်ဆေးရာမှ အခြားတစ်နေရာတွင် ၎င်းတိုအဖွဲမှ မိုင်းထိုင်ဖောက်ခွဲရန် သွားရောက်နေကြောင်း သိရသဖြင့် အဆိုပါနေရာသို သွားရောက်ရှင်းလင်းရန် ဖမ်းဆီးရမိထားသည့် အကြမ်းဖက်သမား ကျော်မင်းဌေးကိုခေါ်ဆောင်၍ သွားရောက်စဥ် တရားခံ ကျော်မင်းဌေးမှာ ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲမှ ခြောက်လှန့်ပစ်ခတ်ခဲ့ရာ တရားခံ ကျော်မင်းဌေးမှာ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။
#mhtnews
(Zawgyi)
“မုံရွာမြို့၌ သင်္ကြန်မဏ္ဍပ်ဧည့်ခံရေးတာဝန်ကျသူများအား နှောင့်ယှက်ရန်ပြုသူတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိပြီး ၎င်း၏ထွက်ဆိုချက်အရ ၎င်းကိုခေါ်ဆောင်၍ အခြားတစ်နေကာသို့ သွားရောက်ရှင်းလင်းစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး”
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရန်ကင်း ရပ်ကွက်၌ ယမန်နေ့ မဟာသင်္ကြန်အကြတ်နေ့တွင် သင်္ကြန်မဏ္ဍပ်ဧည့်ခံရေးတာဝန်ကျသူများအား လိုက်လံနှောင့်ယှက်ရန်ပြုနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့မှ သွားရောက်ရှင်းလင်းခဲ့ရာ နှောင့်ယှက်သူများအနက် မုံရွာမြို့၊ သလ္လာဝတီရပ်ကွက်၊ နယ်မြေ(၁)၌နေထိုင်သူ ကျော်မင်းဌေးဆိုသူကို လက်လုပ်သေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ၎င်းအားစစ်ဆေးရာမှ အခြားတစ်နေရာတွင် ၎င်းတို့အဖွဲ့မှ မိုင်းထိုင်ဖောက်ခွဲရန် သွားရောက်နေကြောင်း သိရသဖြင့် အဆိုပါနေရာသို့ သွားရောက်ရှင်းလင်းရန် ဖမ်းဆီးရမိထားသည့် အကြမ်းဖက်သမား ကျော်မင်းဌေးကိုခေါ်ဆောင်၍ သွားရောက်စဉ် တရားခံ ကျော်မင်းဌေးမှာ ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့မှ ခြောက်လှန့်ပစ်ခတ်ခဲ့ရာ တရားခံ ကျော်မင်းဌေးမှာ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။
#mhtnews
Recent Comments