
မီးလင်းချိုင်စီမံကိန်းမှ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အထိ ဓာတ်အားဖြန့်ဖြူးမည့် မဂ္ဂါဝပ် ၅၀၀ Transmission လိုင်းဆွဲပေးရန်ရှိကြောင်းက်သွးနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး၏ ပြောကြားချက်အရ သိရသည်။
ပြည်ထောင်စုဝန်ကြီးက မီးလင်းချိုင်စီမံကိန်းအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပြင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အထိ ဓာတ်အားဖြန့်ဖြူးပေးမည့် မဂ္ဂါဝပ် ၅၀၀ Transmission လိုင်းဆွဲပေးရန်ရှိကြောင်း၊ မဂ္ဂါဝပ် ၁၉၀၀ ခန့်ထုတ်ပေးနိုင်မည်ဖြစ်သည့်အတွက် ကြီးမားသည့်စီမံကိန်းဖြစ်ပြီး တိုင်းပြည်အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ လျှပ်စစ်ကဏ္ဍတွင်ရှိသည့် အခြေခံအဆောက်အအုံလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြည်ပသတင်းမီဒီယာများနှင့်တွေ့ဆုံစဥ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
LNG ဓာတ်အားပေးစက်ရုံနှင့် ရန်ကုန်သို့သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းများပါဝင်ကာ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၅ ဘီလျံရှိသည့် ဧရာဝတီတိုင်းဒေသကြီး မီးလင်းချိုင်စီမံကိန်းကို တရုတ်-မြန် မာစီးပွားရေးစင်္ကြံ၏အစောပိုင်း စီမံကိန်းများစာရင်းတွင် ထည့်သွင်းရန် အဆိုပြုထားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်ကုမ္ပဏီသုံးခုဖြစ်သည့် Union Resource and Engineering Company (၄၁ ရာခိုင်နှုန်း)၊ Yunnan Energy Investment (၃၉ ရာခိုင်နှုန်း)နှင့် Zhefu Holding (၁ ရာခိုင်နှုန်း) တို့သည် Myanmar’s Supreme Group (၁၉ ရာခိုင်နှုန်း)နှင့် ပူးပေါင်းပြီး ၁၃၉၀ မဂ္ဂါဝပ် LNG ထုတ်ပေးသည့် မီးလင်းချိုင်စီမံကိန်းကို အကောင်အထည်ဖော်ရန် စတင်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးရှိ အဆိုပါစက်ရုံတွင် LNG ဓာတ်အားပေးစက်ရုံ၊ LNG သိုလှောင်ကန်၊ ဗို့အားမြင့်သွယ်တန်းခြင်းနှင့် ရန်ကုန်သို့ သွယ်တန်းထားသည့် ဓာတ်ငွေ့ ပိုက်လိုင်းများ ပါဝင်သည်။
အဆိုပါစီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးပြီး ၂၀၂၇ ခုနှစ်တွင် စီးပွားဖြစ်လုပ်ငန်း စတင်လည်ပတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြန်မာအစိုးရသည် ၎င်း၏တိုး တက်မှုကို အရှိန်မြှင့်တင်ရန် ခန့်မှန်းခြေရင်း နှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၅ ဘီလျံရှိ သည့် အဆိုပါ ဦးစားပေးစွမ်းအင်စီမံကိန်းကိုလည်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အ စောပိုင်းစီမံကိန်းများစာရင်းတွင် ထည့်သွင်းရန် အဆိုပြုထားမည်ဟု သိရသည်။
လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၀ ချက်ချင်း ထုတ်လုပ်ရန်အတွက် ဓာတ်မြေသြဇာစက်ရုံ အချို့(ဓာတ်ငွေ့သုံး၍) အသွင်ပြောင်းခြင်း နှင့် အခြားဓာတ်ငွေ့သုံးဓာတ်အားပေးစက်များ သို့မဟုတ် စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံစီမံကိန်းများတွင် အရှိန်ဟုန်မြှင့်လုပ်ဆောင်ခြင်း၊ လက်ရှိတွင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၀ ကို အသုံးပြု၍ ကျောက်ဖြူတွင် လျှပ်စစ်ဓာတ်အားစုစုပေါင်း မဂ္ဂါဝပ် ၁၀၀ ခန့်ထုတ်ပေးလျက်ရှိသည်။ ပိုက်လိုင်းပြုပြင်ထိန်းသိမ်းပြီးပါက တစ်နေ့လျှင် ကုဗပေသန်း ၃၀ အထိ တိုးချဲ့ကာ ၁၉၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။
စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ရန် ရှာဖွေဆောင်ရွက်နေစဉ်၌ မြန်မာနိုင်ငံအနေဖြင့် ပျက်စီးသွားသော ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်နေကြောင်း သိရသည်။
#mhtnews

(Zawgyi)
“မီးလင်းချိုင်စီမံကိန်းမှ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အထိ ဓာတ်အားဖြန့်ဖြူးမည့် မဂ်ဂါဝပျ ၅၀၀ Transmission လိုင်းဆွဲပေးရန်ရှိဟုဆို”
မီးလင်းချိုင်စီမံကိန်းမှ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အထိ ဓာတ်အားဖြန့်ဖြူးမည့် မဂ်ဂါဝပျ ၅၀၀ Transmission လိုင်းဆွဲပေးရန်ရှိကြောင်းက်သွးနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး၏ ပြောကြားချက်အရ သိရသည်။
ပြည်ထောင်စုဝန်ကြီးက မီးလင်းချိုင်စီမံကိန်းအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပြင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အထိ ဓာတ်အားဖြန့်ဖြူးပေးမည့် မဂ်ဂါဝပျ ၅၀၀ Transmission လိုင်းဆွဲပေးရန်ရှိကြောင်း၊ မဂ်ဂါဝပျ ၁၉၀၀ ခန့်ထုတ်ပေးနိုင်မည်ဖြစ်သည့်အတွက် ကြီးမားသည့်စီမံကိန်းဖြစ်ပြီး တိုင်းပြည်အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ လျှပ်စစ်ကဏ္ဍတွင်ရှိသည့် အခြေခံအဆောက်အအုံလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြည်ပသတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်ကုမ္ပဏီသုံးခုဖြစ်သည့် Union Resource and Engineering Company (၄၁ ရာခိုင်နှုန်း)၊ Yunnan Energy Investment (၃၉ ရာခိုင်နှုန်း)နှင့် Zhefu Holding (၁ ရာခိုင်နှုန်း) တို့သည် Myanmars Supreme Group (၁၉ ရာခိုင်နှုန်း)နှင့် ပူးပေါင်းပြီး ၁၃၉၀ မဂ်ဂါဝပျ LNG ထုတ်ပေးသည့် မီးလင်းချိုင်စီမံကိန်းကို အကောင်အထည်ဖော်ရန် စတင်ခဲ့သည်။
လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၀ ချက်ချင်း ထုတ်လုပ်ရန်အတွက် ဓာတ်မြေသြဇာစက်ရုံ အချို့(ဓာတ်ငွေ့သုံး၍) အသွင်ပြောင်းခြင်း နှင့် အခြားဓာတ်ငွေ့သုံးဓာတ်အားပေးစက်များ သို့မဟုတ် စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံစီမံကိန်းများတွင် အရှိန်ဟုန်မြှင့်လုပ်ဆောင်ခြင်း၊ လက်ရှိတွင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၀ ကို အသုံးပြု၍ ကျောက်ဖြူတွင် လျှပ်စစ်ဓာတ်အားစုစုပေါင်း မဂ်ဂါဝပျ ၁၀၀ ခန့်ထုတ်ပေးလျက်ရှိသည်။ ပိုက်လိုင်းပြုပြင်ထိန်းသိမ်းပြီးပါက တစ်နေ့လျှင် ကုဗပေသန်း ၃၀ အထိ တိုးချဲ့ကာ ၁၉၅ မဂ်ဂါဝပျ ထုတ်လုပ်နိုင်မည်ဖြစ်သည်။
#mhtnews
Recent Comments