မိုးရာသီကာလတွင်ဖြစ်ပွားမှုများပြားသော သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေး ရောဂါနှင့် အခြားကူးစက်ရောဂါများအတွက် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

ယမန်နေ့ကပြုလုပ်သည့် မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှုအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် –

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ လက်ရှိကာလတွင် ရောဂါကူးစက်မှုအခြေအနေကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင် လျက်ရှိကာ ဖြေလျှော့မှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ကာ ဆောင်ရွက်ရမည့်အချိန် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုနှင့်တစ်ခု ဖြစ်ပွားနိုင်သော ဘေးအန္တရာယ်အမျိုးအစားနှင့် ဖြစ်ပွားနိုင်မှုအတိုင်းအတာ ကွာခြားမည်ဖြစ်ပါ၍ မိမိတို့ဒေသအလိုက်၊ မြို့နယ်အလိုက် ဖြစ်ပေါ် လာနိုင်သော ဘေးအန္တရာယ်အမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိုးကြို/မိုးရာသီကာလတွင် မုန်တိုင်းတိုက်ခြင်း၊ လေပြင်းတိုက်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်း ဘေးအန္တရာယ်များ ဖြစ်ပွားလေ့ရှိပြီး ယခုနှစ်တွင် လာနီညာရာသီဥတုဖြစ်စဉ်ကြောင့် မိုးသည်း ထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ပိုမိုကြုံတွေ့ရနိုင်သည်ဖြစ်၍ ဆေးရုံများရှိ လူနာနှင့် လူနာစောင့်များ ဘေးအန္တရာယ်ကင်းစေရေး၊ ကျန်းမာရေးဌာနအဆောက်အဦများ ဘေးကင်းစေရေး၊ ဆေးနှင့်ဆေးပစ္စည်းများ မပျက်စီးစေရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားသည်။

ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက အသက်အရွယ်ကြီးသူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ယာယီ စခန်း (IDP Camp) များတွင် နေထိုင်ရသူများစသည့် ထိခိုက်လွယ်အုပ်စု (vulnerable group) များတွင် ဘေးအန္တရာယ်ကြောင့်ပိုမိုထိခိုက်နိုင်ကာ ကျန်းမာရေးပြဿနာများလည်း ပိုမိုဖြစ်ပွားနိုင်ကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားမှု၏ နောက်ဆက်တွဲအဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မြွေကိုက်ခံရမှုအစရှိသည့် ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာနိုင်သဖြင့် ရေသန့်စင်ဆေးပြားများ၊ ဓာတ်ဆားများ၊ မြွေဆိပ်ဖြေဆေးများအပါအဝင် ဆေးဝါးနှင့် ဆေးပစ္စည်းများကြိုတင်ပြင်ဆင်ထားရှိရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အသင့်ပြင်ဆင်ထားရှိသော ဘေးအန္တရာယ်ဆိုင်ရာသုံး ဆေးသေတ္တာပုံးများတွင် ဆေးဝါးများမပြတ်လပ်စေရေးဖြည့်ဆည်းထားရမည် ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် ကွပ်ကဲကြီးကြပ်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုများသည် အရေးကြီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အရေးပေါ်အခြေအနေကွပ်ကဲမှုစင်တာများတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများ၏ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေကွပ်ကဲမှုစင်တာများကိုလည်း အသင့်အနေအထား ဖြစ်နေစေရန် စီမံဆောင်ရွက်ထားရမည်ဖြစ်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team) များကို ခရိုင်/ မြို့နယ်အဆင့်များအထိ အသင့်အနေအထား ဖွဲ့စည်းလေ့ကျင့်ထားရမည် ဖြစ်ကြောင်းဖြင့်လည်း ပြောကြားသည်။

ထို့အပြင် ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး (safety) ကိုလည်း အမြဲအလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝယ်ယူဖြန့်ဝေးပေးထားသော အသက် ကယ်အင်္ကျီ (life jacket) များကိုလည်း ရေကြီးရေလျှံ ဖြစ်ပွားရာဒေသများတွင် အသုံးပြုနိုင် ရေးအတွက် အောက်ခြေအဆင့်အထိရောက်အောင် ဖြန့်ဖြူးထားရှိရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကျရောက်သည့်အခါ လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနတစ်ခုတည်းဆောင်ရွက်၍မရဘဲ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့် နှီးနွှယ်ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ စသည်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်၍ ကြိုတင်ပြင်ဆင်မှုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကိုလည်း တိုင်းဒေသကြီး/ပြည်နယ်များတွင် ပြုလုပ်ကြစေလို ပါကြောင်း၊ ထို့အပြင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များအား အကျိုးရှိထိရောက်စွာအသုံး ချနိုင်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ၊ စားပွဲဝိုင်းလေ့ကျင့်ခန်းများနှင့် သဏ္ဍာန်တူလေ့ကျင့်ခန်းများကိုလည်း ပိုမိုလုပ်ဆောင်စေလိုကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မိုးလေဝသသတင်းများကိုလည်း ဂရုပြုစောင့် ကြည့်ကာ ထူးခြားမိုးလေဝသသတင်းများအား အောက်ခြေအဆင့်အထိဖြန့်ဝေရမည်ဖြစ်ပြီး ဒေသအလိုက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပြည်သူများတွင် ကျန်းမာ ရေးအသိပညာများမြင့်မားစေရေးကိုလည်း စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်များကို ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးပေးမည်ဖြစ်ကာ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများအနေဖြင့် အကျိုးရှိထိရောက်စွာ အသုံးပြုဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

#mhtnews

(Zawgyi)

“မိုးရာသီကာလတြင္ျဖစ္ပြားမႈမ်ားျပားေသာ ေသြးလြန္တုပ္ေကြးေရာဂါ၊ ရာသီတုပ္ေကြး ေရာဂါႏွင့္ အျခားကူးစက္ေရာဂါမ်ားအတြက္ ေရာဂါကာကြယ္ထိန္းခ်ဳပ္မႈလုပ္ငန္းမ်ားကို အားျဖည့္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းေျပာၾကား”

မိုးရာသီကာလတြင္ျဖစ္ပြားမႈမ်ားျပားေသာ ေသြးလြန္တုပ္ေကြးေရာဂါ၊ ရာသီတုပ္ေကြး ေရာဂါႏွင့္ အျခားကူးစက္ေရာဂါမ်ားအတြက္ ေရာဂါကာကြယ္ထိန္းခ်ဳပ္မႈလုပ္ငန္းမ်ားကို အားျဖည့္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡ ေဒါက္တာသက္ခိုင္ဝင္းက ေျပာၾကားသည္။

ယမန္ေန႕ကျပဳလုပ္သည့္ မိုးရာသီကာလတြင္ျဖစ္ပြားေလ့ရွိေသာ ေဘးအႏၱရာယ္မ်ားအတြက္ က်န္းမာေရးက႑ ႀကိဳတင္ျပင္ဆင္မႈအစည္းအေဝးသို႔ တက္ေရာက္အမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုဝန္ႀကီးက အဖြင့္အမွာစကားေျပာၾကားရာတြင္ –

က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးႏွံမႈလုပ္ငန္းမ်ားအပါအဝင္ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ႀကိဳးပမ္းေဆာင္႐ြက္လ်က္ ရွိရာ လက္ရွိကာလတြင္ ေရာဂါကူးစက္မႈအေျခအေနကို အတိုင္းအတာတစ္ခုအထိ ထိန္းခ်ဳပ္နိုင္ လ်က္ရွိကာ ေျဖေလွ်ာ့မႈမ်ားလည္း ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ျပည္သူ႕က်န္းမာေရးႏွင့္ ကုသေရးလုပ္ငန္းမ်ားအား အရွိန္အဟုန္ျမႇင့္တင္ကာ ေဆာင္႐ြက္ရမည့္အခ်ိန္ ျဖစ္ေၾကာင္း၊ တိုင္းေဒသႀကီး/ ျပည္နယ္တစ္ခုႏွင့္တစ္ခု ျဖစ္ပြားနိုင္ေသာ ေဘးအႏၱရာယ္အမ်ိဳးအစားႏွင့္ ျဖစ္ပြားနိုင္မႈအတိုင္းအတာ ကြာျခားမည္ျဖစ္ပါ၍ မိမိတို႔ေဒသအလိုက္၊ ၿမိဳ႕နယ္အလိုက္ ျဖစ္ေပၚ လာနိုင္ေသာ ေဘးအႏၱရာယ္အမ်ိဳးမ်ိဳးအတြက္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ မိုးႀကိဳ/မိုးရာသီကာလတြင္ မုန္တိုင္းတိုက္ျခင္း၊ ေလျပင္းတိုက္ျခင္း၊ ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္း ေဘးအႏၱရာယ္မ်ား ျဖစ္ပြားေလ့ရွိၿပီး ယခုႏွစ္တြင္ လာနီညာရာသီဥတုျဖစ္စဥ္ေၾကာင့္ မိုးသည္း ထန္စြာ ႐ြာသြန္းျခင္းႏွင့္ ေလျပင္းတိုက္ခတ္ျခင္းမ်ား ပိုမိုႀကဳံေတြ႕ရနိုင္သည္ျဖစ္၍ ေဆး႐ုံမ်ားရွိ လူနာႏွင့္ လူနာေစာင့္မ်ား ေဘးအႏၱရာယ္ကင္းေစေရး၊ က်န္းမာေရးဌာနအေဆာက္အဦမ်ား ေဘးကင္းေစေရး၊ ေဆးႏွင့္ေဆးပစၥည္းမ်ား မပ်က္စီးေစေရးတို႔အတြက္ ႀကိဳတင္ျပင္ဆင္မႈႏွင့္ ဇာတ္တိုက္ေလ့က်င့္မႈမ်ားေဆာင္႐ြက္ရန္ အေရးႀကီးေၾကာင္း ေျပာၾကားသည္။

ဆက္လက္၍လည္း ျပည္ေထာင္စုဝန္ႀကီးက အသက္အ႐ြယ္ႀကီးသူမ်ား၊ ကိုယ္ဝန္ေဆာင္မ်ား၊ ကေလးသူငယ္မ်ား၊ မသန္စြမ္းသူမ်ား၊ ယာယီ စခန္း (IDP Camp) မ်ားတြင္ ေနထိုင္ရသူမ်ားစသည့္ ထိခိုက္လြယ္အုပ္စု (vulnerable group) မ်ားတြင္ ေဘးအႏၱရာယ္ေၾကာင့္ပိုမိုထိခိုက္နိုင္ကာ က်န္းမာေရးျပႆနာမ်ားလည္း ပိုမိုျဖစ္ပြားနိုင္ေၾကာင္း၊ ေဘးအႏၱရာယ္ျဖစ္ပြားမႈ၏ ေနာက္ဆက္တြဲအျဖစ္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ၊ ေႁမြကိုက္ခံရမႈအစရွိသည့္ က်န္းမာေရးျပႆနာမ်ား ေပၚေပါက္လာနိုင္သျဖင့္ ေရသန႔္စင္ေဆးျပားမ်ား၊ ဓာတ္ဆားမ်ား၊ ေႁမြဆိပ္ေျဖေဆးမ်ားအပါအဝင္ ေဆးဝါးႏွင့္ ေဆးပစၥည္းမ်ားႀကိဳတင္ျပင္ဆင္ထားရွိရမည္ျဖစ္ေၾကာင္း၊ တိုင္းေဒသႀကီး/ ျပည္နယ္အသီးသီးတြင္ အသင့္ျပင္ဆင္ထားရွိေသာ ေဘးအႏၱရာယ္ဆိုင္ရာသုံး ေဆးေသတၱာပုံးမ်ားတြင္ ေဆးဝါးမ်ားမျပတ္လပ္ေစေရးျဖည့္ဆည္းထားရမည္ ျဖစ္ေၾကာင္း၊ ေဘးအႏၱရာယ္က်ေရာက္ခ်ိန္တြင္ ကြပ္ကဲႀကီးၾကပ္မႈႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္မႈမ်ားသည္ အေရးႀကီး၍ ျပည္သူ႕က်န္းမာေရးဦးစီးဌာန၏ အေရးေပၚအေျခအေနကြပ္ကဲမႈစင္တာမ်ားတြင္ လုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိၿပီး တိုင္းေဒသႀကီး/ ျပည္နယ္ျပည္သူ႕ က်န္းမာေရးဦးစီးဌာနမ်ား၏ ျပည္သူ႕က်န္းမာေရးအေရးေပၚ အေျခအေနကြပ္ကဲမႈစင္တာမ်ားကိုလည္း အသင့္အေနအထား ျဖစ္ေနေစရန္ စီမံေဆာင္႐ြက္ထားရမည္ျဖစ္၍ အေရးေပၚတုံ႕ျပန္ေဆာင္႐ြက္ေရးအဖြဲ႕ (Rapid Response Team) မ်ားကို ခရိုင္/ ၿမိဳ႕နယ္အဆင့္မ်ားအထိ အသင့္အေနအထား ဖြဲ႕စည္းေလ့က်င့္ထားရမည္ ျဖစ္ေၾကာင္းျဖင့္လည္း ေျပာၾကားသည္။

ထို႔အျပင္ ေဘးအႏၱရာယ္ဆိုင္ရာ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ မိမိတို႔၏ က်န္းမာေရးဝန္ထမ္းမ်ား ေဘးအႏၱရာယ္ကင္းရွင္းေစေရး (safety) ကိုလည္း အၿမဲအေလးထား ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ ဝန္ႀကီးဌာနအေနျဖင့္ ဝယ္ယူျဖန႔္ေဝးေပးထားေသာ အသက္ ကယ္အကၤ်ီ (life jacket) မ်ားကိုလည္း ေရႀကီးေရလွ်ံ ျဖစ္ပြားရာေဒသမ်ားတြင္ အသုံးျပဳနိုင္ ေရးအတြက္ ေအာက္ေျခအဆင့္အထိေရာက္ေအာင္ ျဖန႔္ျဖဴးထားရွိရမည္ျဖစ္ေၾကာင္း၊ ေဘးအႏၱရာယ္က်ေရာက္သည့္အခါ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ မိမိတို႔ဝန္ႀကီးဌာနတစ္ခုတည္းေဆာင္႐ြက္၍မရဘဲ လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန စသည့္ ႏွီးႏႊယ္ဌာနဆိုင္ရာမ်ား၊ ပရဟိတအဖြဲ႕မ်ား၊ ေစတနာ့ဝန္ထမ္းမ်ား စသည္တို႔ႏွင့္ ပူးေပါင္းေဆာင္႐ြက္ရမည္ျဖစ္၍ ႀကိဳတင္ျပင္ဆင္မႈႏွင့္ လုပ္ငန္းညွိႏွိုင္းအစည္းအေဝးမ်ားကိုလည္း တိုင္းေဒသႀကီး/ျပည္နယ္မ်ားတြင္ ျပဳလုပ္ၾကေစလို ပါေၾကာင္း၊ ထို႔အျပင္ က်န္းမာေရးလူ႕စြမ္းအားအရင္းအျမစ္မ်ားအား အက်ိဳးရွိထိေရာက္စြာအသုံး ခ်နိဳင္ေရးအတြက္ စြမ္းေဆာင္ရည္ျမႇင့္တင္မႈသင္တန္းမ်ား၊ စားပြဲဝိုင္းေလ့က်င့္ခန္းမ်ားႏွင့္ သ႑ာန္တူေလ့က်င့္ခန္းမ်ားကိုလည္း ပိုမိုလုပ္ေဆာင္ေစလိုေၾကာင္း၊ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ မိုးေလဝသသတင္းမ်ားကိုလည္း ဂ႐ုျပဳေစာင့္ ၾကည့္ကာ ထူးျခားမိုးေလဝသသတင္းမ်ားအား ေအာက္ေျခအဆင့္အထိျဖန႔္ေဝရမည္ျဖစ္ၿပီး ေဒသအလိုက္ျဖစ္ပြားတတ္ေသာ ေဘးအႏၱရာယ္မ်ားႏွင့္ပတ္သက္၍ ျပည္သူမ်ားတြင္ က်န္းမာ ေရးအသိပညာမ်ားျမင့္မားေစေရးကိုလည္း စီမံေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းႏွင့္ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ လိုအပ္သည္မ်ားကို ဝန္ႀကီးဌာနအေနျဖင့္ အတတ္နိုင္ဆုံး ပံ့ပိုးေပးမည္ျဖစ္ကာ တိုင္းေဒသႀကီး/ ျပည္နယ္ျပည္သူ႕က်န္းမာေရးဦးစီးဌာနမ်ားအေနျဖင့္ အက်ိဳးရွိထိေရာက္စြာ အသုံးျပဳေဆာင္႐ြက္ေစလိုေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရွိရပါသည္။

#mhtnews