မိုဒါနာကိုဗစ်ကာကွယ်ဆေးပုလင်းတွေထဲမှာ မသန့်ရှင်းတဲ့အရာဝတ္ထုတွေ တွေ့ရှိရတာကြောင့် ကွယ်ဆေးပေါင်း ၇၆၄,၉၀၀ doses ကို ပြန်လည်သိမ်းယူနေတယ်လို့ ပြီးခဲ့တဲ့သောကြာနေ့မှာ ၎င်းကုမ္ပဏီက ကြေညာခဲ့တာဖြစ်ပြီး မသန့်ရှင်းတဲ့ အရာဝတ္ထုဟာ ဘာဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ပြောဆိုခြင်း မရှိပါဘူး။

အဲဒီကိုဗစ်ကာကွယ်ဆေးတွေဟာ မိုဒါနာကုမ္ပဏီက ကန်ထရိုက်ပေးထားတဲ့ ရိုဗီက ထုတ်လုပ်ထားတဲ့ဆေးတွေဖြစ်တယ်လို့သိရပြီး ပြင်ပက အရာဝတ္တုတစ်ခုကြောင့် မသန့်မပြန့်ဖြစ်နေတာကို တွေ့ရှိခဲ့လို့ ယခုလိုပြန်လည်သိမ်းယူတာဖြစ်ပြီး ဘေးကင်းစိတ်ချရမှုဆိုင်ရာ ပြဿနာတစ်စုံတစ်ခု မတွေ့ရသေးကြောင်း မိုဒါနာကဆိုပါတယ်။

အဲဒီဆေးတွေကို နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ စပိန်နဲ့ ဆွီဒင်နိုင်ငံတွေကို ဇန်နဝါရီလကတည်းက တင်ပို့ထားတာဖြစ်ပြီး ဆေးထုတ်လုပ်သူကတော့ မသန့်မပြန့်ဖြစ်တာကို ဆေးတစ်ပုလင်းထဲမှာသာ တွေ့ရှိခဲ့တာဖြစ်ပေမယ့် ကြိုတင်ကာကွယ်နိုင်စေဖို့အတွက် အဲဒီတစ်သုတ်လုံးကို ပြန်သိမ်းယူတာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မိုဒါနာကာကွယ်ဆေးပုလင်းအချို့ကို ဂျပန်အစိုးရက သုံးစွဲမှုရပ်ဆိုင်းခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ အချို့ပုလင်းတွေထဲမှာ သံမဏိအမှုန်အမွှားတွေတွေ့ရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် မိုဒါနာက ဆေးပုလင်းတွေကိုပြန်သိမ်းယူခဲ့တဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ယခုအချိန်မှာတော် တစ်ကမ္ဘာလုံးမှာ မိုဒါနာ ကာကွယ်ဆေးပေါင်း သန်း ၉၀၀ doses ကို ထိုးနှံပေးပြီးဖြစ်တယ်လို့သိရပြီး အခြားဆေးပုလင်းတွေမှာ ယခုလိုမသန့်မပြန့်ဖြစ်မှု အန္တရာယ်မရှိနိုင်ဘူးလို့ ယုံကြည်တယ်ဆိုပြီး မိုဒါနာက သောကြာနေ့မှာ ပြောဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

#mhtnews

(Zawgyi)

“”မိုဒါနာ” ကိုဗစ်ကာကွယ်ဆေးပုလင်းတွေထဲမှာ မသန့်ရှင်းတဲ့အရာဝတ္ထုတွေ ပါဝင်နေတာကြောင့် ကာကွယ်ဆေးပေါင်း ၇၆၄,၉၀၀ doses ကို ပြန်လည်သိမ်းယူနေ”






#mhtnews