ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို၌ ယနေ့ ဧပြီ ၂ ရက် နံနက်ပိုင်းတွင် လားဟူတိုင်းရင်းသားများ (၁၀)ကြိမ်မြောက် ဗုဒ္ဓဘာသာ ကူးပြောင်းပွဲနှင့် ရှင်အပါး(၁၀၀) ရှင်ပြုပွဲကို ထေရဝါဒဗုဒ္ဓသာသနာပြု ‘ဗဟို’ ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြိုနယ်၌ ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်ပြုပွဲကို ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုအခါ (၁၀)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပြီး၊ မိုင်းပျဉ်းမြိုနယ် တောင်ပေါ်ဒေသရှိ လားဟူတိုင်းရင်းသား/သူ (၅၀၀)ကျော်တိုက မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးကို သက်ဝင်ယုံကြည်လာကြသဖြင့် ဗုဒ္ဓဘာသာဝင်သို ကူးပြောင်းကြခြင်းနှင့် ၄င်းတို၏ ရင်သွေးငယ်များကိုလည်း ရှင်သာမဏေအဖြစ် ရှင်ပြုပေးလိုသောကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာပြု ‘ဗဟို’ ကျောင်း (မိုင်းပျဉ်း)၏ ဗဟိုခေါင်းဆောင်ဆရာတော် အရှင်သီရိဓမ္မ ဦးဆောင်၍ ယခုပွဲအား ဆောင်ရွက်ပေးခြင်းဖြစ်သည်။

အဆိုပါ ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်ပြုပွဲတွင် ရွှေဆံနွယ်ဆရာတော် ဒေါက်တာ အရှင်ဝါယမာနန္ဒမှလည်း ဧပြီ ၂ ရက်နှင့် ၃ ရက်နေ့ ည(၇)နာရီတွင် တရားတော်များ ဟောကြားပေးမည်ဖြစ်ပြီး၊ ဇာတ်သဘင်အငြိမ့်၊ စျေးပွဲတော်များဖြင့် ယနေ့မှစတင်ကာ ဧပြီ ၁၁ ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဆရာတော် အရှင်သီရိဓမ္မထံမှ သိရသည်။
#mhtnews

(Zawgyi)
“မိုင်းပျဉ်းမြို့၌ လူးဟူတိုင်းရင်းသားများ (၁၀)ကြိမ်မြောက် ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်အပါး (၁၀၀) ကျော် ရှင်ပြုအလှူပွဲကျင်းပ”

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့၌ ယနေ့ ဧပြီ ၂ ရက် နံနက်ပိုင်းတွင် လားဟူတိုင်းရင်းသားများ (၁၀)ကြိမ်မြောက် ဗုဒ္ဓဘာသာ ကူးပြောင်းပွဲနှင့် ရှင်အပါး(၁၀၀) ရှင်ပြုပွဲကို ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟို ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်၌ ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်ပြုပွဲကို ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုအခါ (၁၀)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပြီး၊ မိုင်းပျဉ်းမြို့နယ် တောင်ပေါ်ဒေသရှိ လားဟူတိုင်းရင်းသား/သူ (၅၀၀)ကျော်တို့က မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးကို သက်ဝင်ယုံကြည်လာကြသဖြင့် ဗုဒ္ဓဘာသာဝင်သို့ ကူးပြောင်းကြခြင်းနှင့် ၄င်းတို့၏ ရင်သွေးငယ်များကိုလည်း ရှင်သာမဏေအဖြစ် ရှင်ပြုပေးလိုသောကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟို ကျောင်း (မိုင်းပျဉ်း)၏ ဗဟိုခေါင်းဆောင်ဆရာတော် အရှင်သီရိဓမ္မ ဦးဆောင်၍ ယခုပွဲအား ဆောင်ရွက်ပေးခြင်းဖြစ်သည်။

အဆိုပါ ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်ပြုပွဲတွင် ရွှေဆံနွယ်ဆရာတော် ဒေါက်တာ အရှင်ဝါယမာနန္ဒမှလည်း ဧပြီ ၂ ရက်နှင့် ၃ ရက်နေ့ ည(၇)နာရီတွင် တရားတော်များ ဟောကြားပေးမည်ဖြစ်ပြီး၊ ဇာတ်သဘင်အငြိမ့်၊ ဈေးပွဲတော်များဖြင့် ယနေ့မှစတင်ကာ ဧပြီ ၁၁ ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဆရာတော် အရှင်သီရိဓမ္မထံမှ သိရသည်။
#mhtnews