
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဦးလွင်တပ်နယ်အတွင်းရှိ တပ်မတော်အုပ်ချုပ်မှုကျောင်းအတွင်း ဥပဒေဒီပလိုမာ သင်တန်းသား အရာရှိများအား တွေ့ဆုံ၍ အမှားစကားပြောကြားရာ၌ တပ်မတော်သားများအနေဖြင့် ဥပဒေကို သိရှိနားလည် လိုက်နာရန် လိုအပ်သည့်အတွက် ဥပဒေသင်တန်းများကို ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ မိမိတို့သည် ပါတီစုံဒီမိုကရေစီကို လျှောက်လှမ်းနေခြင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖော်ဆောင်နေခြင်း ဖြစ်သည့် အတွက် ဥပဒေကို ပိုမိုသိရှိ လိုက်နာရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက ဥပဒေသည် စည်းကမ်းမှ ပေါ်ပေါက်လာခြင်း ဖြစ်ပြီး စည်းကမ်းသည် ကျင့်ဝတ်နှင့်အညီ နေထိုင်လုပ်ကိုင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေ၏ အနှစ်သာရနှင့် အခြေခံကို သိရှိမှသာလျင် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် သင်ကြားပေးသည့် ဥပဒေပိုင်းဆိုင်ရာ ပညာရပ်များကို အမှန်တကယ်သိရှိ တတ်မြောက်အောင် သင်ယူကြစေလိုကြောင်း၊ နိုင်ငံတကာတွင်လည်း မည်သည့်ကိစ္စမဆို ဥပဒေနှင့် အညီသာ ဆောင်ရွက်ကြသည်ဖြစ်သည့်အတွက် ဥပဒေပညာရပ်သည် မဖြစ်မနေ သိသင့်သိထိုက်သည့် ပညာရပ် တစ်ခုပင်ဖြစ်ကြောင်း၊
ဥပဒေပညာရပ်သည် မိမိတို့၏ အုပ်ချုပ်ရေးစွမ်းရည်ကို ပိုမိုမြှင့်တင်ပေးနိုင်စေမည်ဖြစ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များသို့ ပြန်လည်ရောက်ရှိပြီး တစ်ဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင်မည်ဆိုပါက အထောက်အကူများစွာ ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားပေး သည်များကို ကြိုးစားသင်ယူခြင်းသာမက ဥပဒေ၏ အနှစ်သာရကိုလည်း ဖတ်မှတ်လေ့လာရန် လိုကြောင်း၊ သင်တန်းပြီးစီး ပါကလည်း မိမိတို့၏ ရဲဘော်ရဲဘက်များ၊ စစ်သည်များကို ဥပဒေနှင့် ပတ်သက်သည့် အသိပညာများကို မျှဝေပေးရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်ဟု သိရသည်။
#mhtnews

(Zawgyi)
“မိမိတို႔သည္ ပါတီစုံဒီမိုကေရစီကို ေလွ်ာက္လွမ္းေနျခင္း၊ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးကို ေဖာ္ေဆာင္ေနျခင္းျဖစ္သည့္အတြက္ ဥပေဒကို ပိုမိုသိရွိ လိုက္နာရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ေျပာၾကား”
နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ျပင္ဦးလြင္တပ္နယ္အတြင္းရွိ တပ္မေတာ္အုပ္ခ်ဳပ္မႈေက်ာင္းအတြင္း ဥပေဒဒီပလိုမာ သင္တန္းသား အရာရွိမ်ားအား ေတြ႕ဆုံ၍ အမွားစကားေျပာၾကားရာ၌ တပ္မေတာ္သားမ်ားအေနျဖင့္ ဥပေဒကို သိရွိနားလည္ လိုက္နာရန္ လိုအပ္သည့္အတြက္ ဥပေဒသင္တန္းမ်ားကို ပို႔ခ်ေပးေနျခင္းျဖစ္ေၾကာင္း၊ မိမိတို႔သည္ ပါတီစုံဒီမိုကေရစီကို ေလွ်ာက္လွမ္းေနျခင္း၊ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးကို ေဖာ္ေဆာင္ေနျခင္း ျဖစ္သည့္ အတြက္ ဥပေဒကို ပိုမိုသိရွိ လိုက္နာရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
ဆက္လက္၍လည္း ဗိုလ္ခ်ဳပ္မႉးႀကီးက ဥပေဒသည္ စည္းကမ္းမွ ေပၚေပါက္လာျခင္း ျဖစ္ၿပီး စည္းကမ္းသည္ က်င့္ဝတ္ႏွင့္အညီ ေနထိုင္လုပ္ကိုင္ ေဆာင္႐ြက္ျခင္းပင္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ဥပေဒ၏ အႏွစ္သာရႏွင့္ အေျခခံကို သိရွိမွသာလ်င္ ဥပေဒအတိုင္း လိုက္နာေဆာင္႐ြက္နိုင္မည္ ျဖစ္သည့္အတြက္ သင္ၾကားေပးသည့္ ဥပေဒပိုင္းဆိုင္ရာ ပညာရပ္မ်ားကို အမွန္တကယ္သိရွိ တတ္ေျမာက္ေအာင္ သင္ယူၾကေစလိုေၾကာင္း၊ နိုင္ငံတကာတြင္လည္း မည္သည့္ကိစၥမဆို ဥပေဒႏွင့္ အညီသာ ေဆာင္႐ြက္ၾကသည္ျဖစ္သည့္အတြက္ ဥပေဒပညာရပ္သည္ မျဖစ္မေန သိသင့္သိထိုက္သည့္ ပညာရပ္ တစ္ခုပင္ျဖစ္ေၾကာင္း၊
ဥပေဒပညာရပ္သည္ မိမိတို႔၏ အုပ္ခ်ဳပ္ေရးစြမ္းရည္ကို ပိုမိုျမႇင့္တင္ေပးနိုင္ေစမည္ျဖစ္ၿပီး တပ္ရင္း၊ တပ္ဖြဲ႕မ်ားသို႔ ျပန္လည္ေရာက္ရွိၿပီး တစ္ဆင့္ျမင့္ရာထူးတာဝန္မ်ားကို ထမ္းေဆာင္မည္ဆိုပါက အေထာက္အကူမ်ားစြာ ျဖစ္ေပၚေစနိုင္မည္ျဖစ္ေၾကာင္း၊ သင္တန္းကာလအတြင္း သင္ၾကားေပး သည္မ်ားကို ႀကိဳးစားသင္ယူျခင္းသာမက ဥပေဒ၏ အႏွစ္သာရကိုလည္း ဖတ္မွတ္ေလ့လာရန္ လိုေၾကာင္း၊ သင္တန္းၿပီးစီး ပါကလည္း မိမိတို႔၏ ရဲေဘာ္ရဲဘက္မ်ား၊ စစ္သည္မ်ားကို ဥပေဒႏွင့္ ပတ္သက္သည့္ အသိပညာမ်ားကို မွ်ေဝေပးရန္လိုေၾကာင္းျဖင့္ မွာၾကားခဲ့သည္ဟု သိရသည္။
#mhtnews
Recent Comments