အရပ်သားများ ထွက်ခွာနိုင်ရေးအတွက် မာရီယူပိုးလ်မြို့ရှိ Azovstal စက်ရုံ စစ်ဆင်ရေးကို မော်စကို စံတော်ချိန် ဧပြီ ၂၅ ရက် ၁၄ နာရီမှစပြီး တစ်ဖက်သတ် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မာရီယူပိုးလ်မြို့ Azovstal စက်ရုံအတွင်း အလုပ်သမား၊ အမျိုးသမီးနှင့်ကလေးသူငယ် အရပ်သားများ ပိတ်မိနေကြောင်း ယူကရိန်းအစိုးရက ပြောကြားခဲ့သည့်အပေါ် ရုရှားက ထိုမတိုင်မီ Azovstal စက်ရုံတွင် ထားရှိသည့် လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်းကို ဆက်လက် ဖွင့်ထားဆဲဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

ရုရှားစစ်တပ်နှင့် ဒွန်းနက်စ်တပ်ဖွဲ့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာရာ အရပ်သားများ ထွက်ခွာနိုင်ရေး မော်စကိုစံတော်ချိန် ဧပြီ ၂၅ ရက် ၁၄ နာရီမှစ၍ ယင်းဒေသစစ်ဆင်ရေးအားလုံးကို တစ်ဖက်သတ် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

#mhtnews

(Zawgyi)

“မာရီယူပိုးလ္ၿမိဳ႕ Azovstal စက္႐ုံ စစ္ဆင္ေရးကို တစ္ဖက္သတ္ရပ္ဆိုင္းေၾကာင္း ႐ုရွားေၾကညာ”

အရပ္သားမ်ား ထြက္ခြာနိုင္ေရးအတြက္ မာရီယူပိုးလ္ၿမိဳ႕ရွိ Azovstal စက္႐ုံ စစ္ဆင္ေရးကို ေမာ္စကို စံေတာ္ခ်ိန္ ဧၿပီ ၂၅ ရက္ ၁၄ နာရီမွစၿပီး တစ္ဖက္သတ္ ရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ဧၿပီ ၂၅ ရက္တြင္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

မာရီယူပိုးလ္ၿမိဳ႕ Azovstal စက္႐ုံအတြင္း အလုပ္သမား၊ အမ်ိဳးသမီးႏွင့္ကေလးသူငယ္ အရပ္သားမ်ား ပိတ္မိေနေၾကာင္း ယူကရိန္းအစိုးရက ေျပာၾကားခဲ့သည့္အေပၚ ႐ုရွားက ထိုမတိုင္မီ Azovstal စက္႐ုံတြင္ ထားရွိသည့္ လူသားခ်င္းစာနာေထာက္ထားမႈ လမ္းေၾကာင္းကို ဆက္လက္ ဖြင့္ထားဆဲျဖစ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ဧၿပီ ၂၅ ရက္တြင္ ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားခဲ့သည္။

႐ုရွားစစ္တပ္ႏွင့္ ဒြန္းနက္စ္တပ္ဖြဲ႕သည္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ မူဝါဒမ်ားကို ေလးစားလိုက္နာရာ အရပ္သားမ်ား ထြက္ခြာနိုင္ေရး ေမာ္စကိုစံေတာ္ခ်ိန္ ဧၿပီ ၂၅ ရက္ ၁၄ နာရီမွစ၍ ယင္းေဒသစစ္ဆင္ေရးအားလုံးကို တစ္ဖက္သတ္ ရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္ဟု သိရသည္။

#mhtnews