
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မြို့နယ်၊ မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန် အကြိုနေ့၌ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မအီမြို့ရှိ လောကမဉ္ဇူတောရ ဓမ္မရိပ်သာအတွင်း၌ တည်ထားကိုးကွယ်သည့် ဆုတောင်းပြည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ကမာကူရဂျပန်ကြေးသွန်းဘုရားကြီးနှင့် သျှစ်သောင်းပုထိုးပုံတူ ပုထိုးတော်တို့အား ဘုရားရေသပ္ပါယ်ပူဇော်ခြင်းမင်္ဂလာအမှု ပြုလုပ်ကုသိုလ်ယူ ပူဇော်ခဲ့ကြကြောင်း သိရသည်။
ဖော်ပြပါ လောကမဉ္ဇူတောရဓမ္မရိပ်သာရှိ ဆင်းတုတော်များနှင့် ပုထိုးတော်တို့မှာ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ နာယကချုပ်၊ ပြည်တွင်းပြည်ပ သာသနာပြုဓမ္မကထိက အဂ္ဂမဟာကမ္မဌာနစရိယ ဝနဝါသီအရှင်ဝါယာမိန္ဒမှ ကြီးမှူး၍ (၇)ရက်သားသမီးတို့၏ ကောင်းမှုတော်များဖြင့် တည်ထားကိုးကွယ်ထားခြင်းဖြစ်ပြီး ဤသို့ ဘုရားရှင်အား ရည်မှန်း၍ ရေသပ္ပါယ်ခြင်းမှာ ရခိုင်လူမျိုးတို့၏ စဉ်လာမပျက်နှစ်စဉ်ကျင်းပသည့် ပူဇော်ပွဲတစ်ရပ်ဖြစ်ကြောင်းနှင့် နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်ကိုမသယ်ဆောင်စေလိုသည့်အထိမ်းအမှတ်အဖြစ် ရခိုင့်လူပျိုအပျိုများက ငွေဖလားတွင် နံ့သာဖြူနံ့သာနီ သပြေပန်းတို့ဖြင့် နှစ်သစ်အတာသင်္ကြန်ကာလတွင် ဘုရားရှင်အား ရေသပ္ပါယ်ပူဇော်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ရေသပ္ပါယ်ရာတွင် ဆင်းတုတော်ကြီးများ၏ မြင့်မား၍ လက်လှမ်းမမီသည့်နေရာအချို့ကို သန့်ရှင်းစင်ကြယ်သွားစေရန် မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်များဖြင့် ဖြည့်စည်း၍ ရေသပ္ပါယ် ပူဇော်ကုသိုလ်ယူခဲ့ကြောင်း သိရသည်။

(Zawgyi)
“မအီၿမိဳ႕ ေလာကမၪၨဴေတာရဓမၼရိပ္သာ၌ ဘုရားရေသပ္ပါယ်ခြင်းမင်္ဂလာအမှု ျပဳလုပ္ကုသိုလ္ယူေဆာင္႐ြက္”
ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕ၿမိဳ႕နယ္၊ မအီၿမိဳ႕တြင္ ႏွစ္သစ္ကူးအတာသၾကၤန္ အႀကိဳေန႕၌ ၿမိဳ႕ေပၚရပ္ကြက္ေနျပည္သူမ်ားႏွင့္ မီးသတ္ဦးစီးဌာနတို႔ ပူးေပါင္း၍ မအီၿမိဳ႕ရွိ ေလာကမၪၨဴေတာရ ဓမၼရိပ္သာအတြင္း၌ တည္ထားကိုးကြယ္သည့္ ဆုေတာင္းျပည့္ ေလ်ာင္းေတာ္မူ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၊ ကမာကူရဂ်ပန္ေၾကးသြန္းဘုရားႀကီးႏွင့္ သွ်စ္ေသာင္းပုထိုးပုံတူ ပုထိုးေတာ္တို႔အား ဘုရားရေသပ္ပါယ်ပူဇော်ခြင်းမင်္ဂလာအမှု ျပဳလုပ္ကုသိုလ္ယူ ပူေဇာ္ခဲ့ၾကေၾကာင္း သိရသည္။
ေဖာ္ျပပါ ေလာကမၪၨဴေတာရဓမၼရိပ္သာရွိ ဆင္းတုေတာ္မ်ားႏွင့္ ပုထိုးေတာ္တို႔မွာ ရတနာ့မာရ္ေအာင္ ေတာရဓမၼရိပ္သာမ်ား၏ နာယကခ်ဳပ္၊ ျပည္တြင္းျပည္ပ သာသနာျပဳဓမၼကထိက အဂၢမဟာကမၼဌာနစရိယ ဝနဝါသီအရွင္ဝါယာမိႏၵမွ ႀကီးမႉး၍ (၇)ရက္သားသမီးတို႔၏ ေကာင္းမႈေတာ္မ်ားျဖင့္ တည္ထားကိုးကြယ္ထားျခင္းျဖစ္ၿပီး ဤသို႔ ဘုရားရွင္အား ရည္မွန္း၍ ရေသပ္ပါယ်ခြင်းမှာ ရခိုင္လူမ်ိဳးတို႔၏ စဥ္လာမပ်က္ႏွစ္စဥ္က်င္းပသည့္ ပူေဇာ္ပြဲတစ္ရပ္ျဖစ္ေၾကာင္းႏွင့္ ႏွစ္ေဟာင္းမွ အညစ္အေၾကးမ်ားကို ႏွစ္သစ္ကိုမသယ္ေဆာင္ေစလိုသည့္အထိမ္းအမွတ္အျဖစ္ ရခိုင့္လူပ်ိဳအပ်ိဳမ်ားက ေငြဖလားတြင္ နံ႕သာျဖဴနံ႕သာနီ သေျပပန္းတို႔ျဖင့္ ႏွစ္သစ္အတာသၾကၤန္ကာလတြင္ ဘုရားရွင္အား ရေသပ္ပါယ်ပူဇော်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို႔ ရေသပ္ပါယ်ရာတွင် ဆင္းတုေတာ္ႀကီးမ်ား၏ ျမင့္မား၍ လက္လွမ္းမမီသည့္ေနရာအခ်ိဳ႕ကို သန႔္ရွင္းစင္ၾကယ္သြားေစရန္ မီးသတ္ဦးစီးဌာနမွ ေရသယ္ယာဥ္မ်ားျဖင့္ ျဖည့္စည္း၍ ရေသပ္ပါယ် ပူေဇာ္ကုသိုလ္ယူခဲ့ေၾကာင္း သိရသည္။
Recent Comments