
မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG)တပ်ဆင်သုံးစွဲနေတဲ့ မော်တော်ယာဉ်များ ဓာတ်ငွေ့ဖြည့်သွင်းမှု အဆင်ပြေစေဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးများမှာ ဖွင့်လှစ်ရောင်းချပေးနေတဲ့ (CNG)အရောင်းဆိုင်အများစုကို မဟာသင်္ကြန်ပွဲတော်ကာလအတွင်းနေ့စဉ် ဖွင့်လှစ်ရောင်းချပေးသွားမယ်လို့ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ သိရပါတယ်။
အဲဒီလို ဖွင့်လှစ်ရောင်းချတဲ့နေရာမှာ ရန်ကုန်တိုင်းဒေသကြအတွင်းမှာရှိတဲ့ (CNG) အရောင်ဆိုင်တွေကို ယမန်နစ်ကထက် ပိုမိုဖွင့်လှစ် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အရောင်းများအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးမှာ ၂ ဆိုင်နဲ့ မကွေးတိုင်းဒေသကြီးမှာ ၃ ဆိုင်ရှိတာဖြစ်ပါတယ်။
မဟာသင်္ကြန်ကာလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက CNG အရောင်းဆိုင် ၄၁ အနက် တွဲကားတွေနဲ့ရောင်းချတဲ့ Daughter Station ၆ ဆိုင်နဲ့ Daughter Station တွေကို ဓာတ်ငွေ့ဖြည့်တင်းပေးနေတဲ့ Mother Station ၁ ဆိုင်တို့ကိုတော့ သင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့အထိ ခေတ္တရပ်နားထားမှာဖြစ်ပြီး ကျန် ၃၄ ဆိုင်လုံးကို နံနက် ၅ နာရီကနေ ည ၇ နာရီအထိ ပုံမှန်ဖွင့်လှစ်ရောင်းချပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းဒေသကြအတွင်းက CNG အရောင်း ၂ ဆိုင်အနက် တွဲကားနဲ့ရောင်းတဲ့ဆိုင်တစ်ဆိုင်ကို ပိတ်ထားမှာဖြစ်သလို ရေနံချောင်းမြို့မှာရှိတဲ့ CNG အရောင်းဆိုင် ၂ ဆိုင်အနက်က ၁ ဆိုင်ကိုလည်းပိတ်ထားမှာဖြစ်ပြီး ချောက်မြို့နယ်မှာရှိတဲ့ CNG အရောင်းဆိုင်ကို ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိကာလမှာ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) ၁ ကီလိုဂရမ်ကို ၂၇၃ ကျပ် ၂၅ ပြားနှုန်းနဲ့ ရောင်းချပေးနေတာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျှက်ရှိသည့် အငှားယာဥ်၊ YBS ယာဥ်နှင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) တပ်ဆင်အသုံးပြုနေတဲ့ တခြားယာဥ်တွေအပါအဝင် ယာဥ်အစီးရေပေါင်း ၂၇၀၀၀ ကျော်ကို မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) ကုဗပေသန်းပေါင်း ၁၅ သန်းနဲ့ ၁၆ သန်းအကြား နေ့စဥ်ဖြန့်ဖြူးရောင်းချပေးနေတာဖြစ်ပါတယ်။
#mhtnews
=============================
(Zawgyi)
“မဟာသၾကၤန္ပြဲေတာ္ကာလအတြင္း ေမာ္ေတာ္ယာဥ္သုံးသဘာဝဓာတ္ေငြ႕ (CNG) အေရာင္းဆိုင္အမ်ားစုကို ေန႕စဥ္ ဖြင့္လွစ္ ေရာင္းခ်ေပးမည္”
ေမာ္ေတာ္ယာဥ္သုံးသဘာဝဓာတ္ေငြ႕ (CNG)တပ္ဆင္သုံးစြဲေနတဲ့ ေမာ္ေတာ္ယာဥ္မ်ား ဓာတ္ေငြ႕ျဖည့္သြင္းမႈ အဆင္ေျပေစဖို႔အတြက္ ရန္ကုန္တိုင္းေဒသႀကီးအပါအဝင္ တိုင္းေဒသႀကီးမ်ားမွာ ဖြင့္လွစ္ေရာင္းခ်ေပးေနတဲ့ (CNG)အေရာင္းဆိုင္အမ်ားစုကို မဟာသၾကၤန္ပြဲေတာ္ကာလအတြင္းေန႕စဥ္ ဖြင့္လွစ္ေရာင္းခ်ေပးသြားမယ္လို႔ ေမာ္ေတာ္ယာဥ္သုံးသဘာဝဓာတ္ေငြ႕ဌာနမွ သိရပါတယ္။
အဲဒီလို ဖြင့္လွစ္ေရာင္းခ်တဲ့ေနရာမွာ ရန္ကုန္တိုင္းေဒသၾကအတြင္းမွာရွိတဲ့ (CNG) အေရာင္ဆိုင္ေတြကို ယမန္နစ္ကထက္ ပိုမိုဖြင့္လွစ္ ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။
ေမာ္ေတာ္ယာဥ္သုံးသဘာဝဓာတ္ေငြ႕ (CNG) အေရာင္းမ်ားအေနနဲ႕ ရန္ကုန္တိုင္းေဒသႀကီးမွာ ၄၁ ဆိုင္၊ မႏၱေလးတိုင္းေဒသႀကီးမွာ ၂ ဆိုင္နဲ႕ မေကြးတိုင္းေဒသႀကီးမွာ ၃ ဆိုင္ရွိတာျဖစ္ပါတယ္။
မဟာသၾကၤန္ကာလအတြင္းမွာ ရန္ကုန္တိုင္းေဒသႀကီးအတြင္းက CNG အေရာင္းဆိုင္ ၄၁ အနက္ တြဲကားေတြနဲ႕ေရာင္းခ်တဲ့ Daughter Station ၆ ဆိုင္နဲ႕ Daughter Station ေတြကို ဓာတ္ေငြ႕ျဖည့္တင္းေပးေနတဲ့ Mother Station ၁ ဆိုင္တို႔ကိုေတာ့ သၾကၤန္အႀကိဳေန႕ကေန ႏွစ္ဆန္းတစ္ရက္ေန႕အထိ ေခတၱရပ္နားထားမွာျဖစ္ၿပီး က်န္ ၃၄ ဆိုင္လုံးကို နံနက္ ၅ နာရီကေန ည ၇ နာရီအထိ ပုံမွန္ဖြင့္လွစ္ေရာင္းခ်ေပးမွာျဖစ္တယ္လို႔ ဆိုပါတယ္။
မႏၱေလးတိုင္းေဒသၾကအတြင္းက CNG အေရာင္း ၂ ဆိုင္အနက္ တြဲကားနဲ႕ေရာင္းတဲ့ဆိုင္တစ္ဆိုင္ကို ပိတ္ထားမွာျဖစ္သလို ေရနံေခ်ာင္းၿမိဳ႕မွာရွိတဲ့ CNG အေရာင္းဆိုင္ ၂ ဆိုင္အနက္က ၁ ဆိုင္ကိုလည္းပိတ္ထားမွာျဖစ္ၿပီး ေခ်ာက္ၿမိဳ႕နယ္မွာရွိတဲ့ CNG အေရာင္းဆိုင္ကို ပုံမွန္အတိုင္း ဖြင့္လွစ္ေရာင္းခ်ေပးမွာျဖစ္တယ္လို႔ သိရပါတယ္။
လက္ရွိကာလမွာ ေမာ္ေတာ္ယာဥ္သုံးသဘာဝဓာတ္ေငြ႕ (CNG) ၁ ကီလိုဂရမ္ကို ၂၇၃ က်ပ္ ၂၅ ျပားႏႈန္းနဲ႕ ေရာင္းခ်ေပးေနတာျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေျပးဆြဲလွ်က္ရွိသည့္ အငွားယာဥ္၊ YBS ယာဥ္ႏွင့္ ေမာ္ေတာ္ယာဥ္သုံးသဘာဝဓာတ္ေငြ႕ (CNG) တပ္ဆင္အသုံးျပဳေနတဲ့ တျခားယာဥ္ေတြအပါအဝင္ ယာဥ္အစီးေရေပါင္း ၂၇၀၀၀ ေက်ာ္ကို ေမာ္ေတာ္ယာဥ္သုံးသဘာဝဓာတ္ေငြ႕ (CNG) ကုဗေပသန္းေပါင္း ၁၅ သန္းနဲ႕ ၁၆ သန္းအၾကား ေန႕စဥ္ျဖန့္ျဖဴးေရာင္းခ်ေပးေနတာျဖစ္ပါတယ္။
#mhtnews
Recent Comments