
မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန်ကာလ၌ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများမှ ငပလီ၊ ချောင်းသာ၊ ငွေဆောင်ပင်လယ်ကမ်းခြေ အပန်းဖြေခရီးသွားများ စည်ကားမှုကြောင့် သံတွဲလေယာဉ်ခရီးစဉ်များကို မူလခရီးစဉ်ပြေးဆွဲမှုထက် အခေါက်ရေ ၂၄ ခေါက် ထပ်တိုးပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန် – သံတွဲခရီးစဉ်ကို Air KBZ ၏ ATR 72-600 လေယာဉ်များဖြင့် တစ်ပတ်ခုနစ်ကြိမ် နေ့စဉ်ပြေးဆွဲလျက်ရှိပြီး မန္တလေး-သံတွဲ လေကြောင်းခရီးစဉ်ကိုလည်း ၂၀၂၁ခုနှစ်နိုဝင်ဘာလမှစတင်၍ Tour Operators များနှင့် ညှိနှိုင်းမှုဖြင့် လိုအပ်ချက်နှင့်အညီ ပြေးဆွဲလျက်ရှိရာမှ မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်အတွင်းနှင့် သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်မှ အတက်နေ့ ဧပြီ ၁၆ ရက်အထိပင်လယ်ကမ်းခြေတွင် အပန်းဖြေသူများနှင့် ဧပြီ ၁၇ ရက် ရုံးပိတ်ရက် နောက်ဆုံးရက်မတိုင်မီ မိမိတို့နေရပ်သို့ပြန်လိုသော အပန်းဖြေခရီးသွားများအတွက် လေယာဉ်ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲခြင်းဖြစ်ရာ ဧပြီ ၈ ရက်မှ ၁၈ ရက်အထိ သံတွဲခရီးစဉ်များကို အခေါက်ပို ၂၄ ခေါက်ထိ ထပ်တိုးပြေးဆွဲခြင်းဖြစ်သည်။
“ဒီရုံးပိတ်ရက် သင်္ကြန်ကာလမှာ ပင်လယ်ကမ်းခြေမှာ အပန်းဖြေကြတာများတယ်။ သံတွဲကို ပုံမှန်ခရီးစဉ်တွေအပြင် သင်္ကြန်ကာလမှာခေါက်ရေထပ်တိုးပြီး အပန်းဖြေခရီးသွားများကို ဝန်ဆောင်မှုပေးနေပါတယ်” ဟု MAI လေကြောင်းလိုင်းမှ ကပ္ပတိန်ကျော်စိုးလှက ပြောသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) အနေဖြင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ခရီးသွားလိုအပ်မှုပေါ်မူတည်၍ ပြည်တွင်းခရီးစဉ်များသာမက ပြည်ပခရီးစဉ်များကိုလည်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
မဟာသၾကၤန္ကာလ ငပလီသို႔ အပန္းေျဖခရီးသြားစည္ကားမႈေၾကာင့္ သံတြဲေလယာဥ္ခရီးစဥ္မ်ား ထပ္တိုးေျပးဆြဲ
ျမန္မာ့ႏွစ္သစ္ကူးမဟာသၾကၤန္ကာလ၌ ရန္ကုန္၊ မႏၱေလးႏွင့္ ေနျပည္ေတာ္ၿမိဳ႕ႀကီးမ်ားမွ ငပလီ၊ ေခ်ာင္းသာ၊ ေငြေဆာင္ပင္လယ္ကမ္းေျခ အပန္းေျဖခရီးသြားမ်ား စည္ကားမႈေၾကာင့္ သံတြဲေလယာဥ္ခရီးစဥ္မ်ားကို မူလခရီးစဥ္ေျပးဆြဲမႈထက္ အေခါက္ေရ ၂၄ ေခါက္ ထပ္တိုးေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။
ရန္ကုန္ – သံတြဲခရီးစဥ္ကို Air KBZ ၏ ATR 72-600 ေလယာဥ္မ်ားျဖင့္ တစ္ပတ္ခုနစ္ႀကိမ္ ေန႕စဥ္ေျပးဆြဲလ်က္ရွိၿပီး မႏၱေလး-သံတြဲ ေလေၾကာင္းခရီးစဥ္ကိုလည္း ၂၀၂၁ခုႏွစ္နိုဝင္ဘာလမွစတင္၍ Tour Operators မ်ားႏွင့္ ညွိႏွိုင္းမႈျဖင့္ လိုအပ္ခ်က္ႏွင့္အညီ ေျပးဆြဲလ်က္ရွိရာမွ ျမန္မာ့ႏွစ္သစ္ကူး ႐ုံးပိတ္ရက္အတြင္းႏွင့္ သၾကၤန္အႀကိဳေန႕ ဧၿပီ ၁၃ ရက္မွ အတက္ေန႕ ဧၿပီ ၁၆ ရက္အထိပင္လယ္ကမ္းေျခတြင္ အပန္းေျဖသူမ်ားႏွင့္ ဧၿပီ ၁၇ ရက္ ႐ုံးပိတ္ရက္ ေနာက္ဆုံးရက္မတိုင္မီ မိမိတို႔ေနရပ္သို႔ျပန္လိုေသာ အပန္းေျဖခရီးသြားမ်ားအတြက္ ေလယာဥ္ခရီးစဥ္မ်ားကို တိုးခ်ဲ့ေျပးဆြဲျခင္းျဖစ္ရာ ဧၿပီ ၈ ရက္မွ ၁၈ ရက္အထိ သံတြဲခရီးစဥ္မ်ားကို အေခါက္ပို ၂၄ ေခါက္ထိ ထပ္တိုးေျပးဆြဲျခင္းျဖစ္သည္။
ဒီ႐ုံးပိတ္ရက္ သၾကၤန္ကာလမွာ ပင္လယ္ကမ္းေျခမွာ အပန္းေျဖၾကတာမ်ားတယ္။ သံတြဲကို ပုံမွန္ခရီးစဥ္ေတြအျပင္ သၾကၤန္ကာလမွာေခါက္ေရထပ္တိုးၿပီး အပန္းေျဖခရီးသြားမ်ားကို ဝန္ေဆာင္မႈေပးေနပါတယ္ ဟု MAI ေလေၾကာင္းလိုင္းမွ ကပၸတိန္ေက်ာ္စိုးလွက ေျပာသည္။
အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္းလိုင္း (MAI) အေနျဖင့္ နိုင္ငံတကာ ေလေၾကာင္းလိုင္းမ်ား ျပန္လည္ဖြင့္လွစ္ခ်ိန္တြင္ ခရီးသြားလိုအပ္မႈေပၚမူတည္၍ ျပည္တြင္းခရီးစဥ္မ်ားသာမက ျပည္ပခရီးစဥ္မ်ားကိုလည္း တိုးခ်ဲ့ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။
#mhtnews
Recent Comments