
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း အပန်းဖြေအနားယူလိုသူများအတွက် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး ၇ မိုင်၊၆ဖာလုံအနီးရှိ သူဌေးကျွန်း(၁)နှင့် ၃၉မိုင်၊ ပဲခူးမြစ်ဘေးရှိ သူဌေးကျွန်း(၂)တို့ကို ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြင့် လာရောက်လည်ပတ်ခွင်ပြုမည်ဖြစ်ကြောင်း ကျွန်းတာဝန်ခံများထံမှ သိရသည်။
ထိုသို့ ဝင်ကြေးအခမဲ့ဝင်ခွင့်ကို လူဦးရေအကန့်အသတ်ဖြင့် ခွင့်ပြုမည်ဖြစ်ကာ လည်ပတ်သူများ မိသားစုလိုက်ဖြစ်စေ၊ သူငယ်ချင်အပေါင်းအသင်းများနှင့်ဖြစ်စေ စိတ်ချမ်းသာပျော်ရွှင်စွာ အနားယူနိုင်မည့် နေရာထိုင်ခင်းများကို စီစဉ်ပေးထားပြီး သင်္ကြန်ရက်များ၌ စတုဒိသာကုသိုလ်အဖြစ် သူဌေးကျွန်းမိသားစုများက မုန့်လက်ဆောင်း၊ သင်္ကြန်အကျနေ့တွင် KMA Wedding Photo Studio က မုန့်လုံးတို့ဖြင့် ဧည့်ခံမည်ဖြစ်သည်။
ထို့အတူ နေ့လယ်စာသုံးဆောင်လိုသူများအတွက် စားသောက်ဆိုင်ခန်းများ လာရောက်ဖွင့်လှစ်မည်ဖြစ်ပြီး မြန်မာထမင်းဟင်းလျာများ၊ တိုင်းရင်းသားဟင်းလျာများကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသူဌေးကျွန်းများတွင် သဘာဝရေမြေနှင့် သစ်ပင်များကို တန်ဖိုးထားထိန်းသိမ်းလျှက်ရှိရာ မိလ္လာစနစ်ကိုလည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သည့် Bio Tank မိလ္လာစနစ်ကိုသာ ရွေးချယ်အသုံးပြုထားကြောင်းလည်း သိရသည်။
#mhtnews

(Zawgyi)
“မဟာသၾကၤန္ကာလအတြင္း အျမန္လမ္းမႀကီးအနီးရွိ သူေဌးကြၽန္းအပန္းေျဖေနရာမ်ားကို ဝင္ေၾကးအခမဲ့ျဖင့္ လာေရာက္လည္ပတ္အနားယူခြင့္ျပဳမည္”
ျမန္မာ့ရိုးရာမဟာသၾကၤန္ပြဲေတာ္ကာလအတြင္း အပန္းေျဖအနားယူလိုသူမ်ားအတြက္ ရန္ကုန္- မႏၱေလးအျမန္လမ္းမႀကီး ၇ မိုင္၊၆ဖာလုံအနီးရွိ သူေဌးကြၽန္း(၁)ႏွင့္ ၃၉မိုင္၊ ပဲခူးျမစ္ေဘးရွိ သူေဌးကြၽန္း(၂)တို႔ကို ဖြင့္လွစ္ေပးထားမည္ျဖစ္ၿပီး ဝင္ေၾကးအခမဲ့ျဖင့္ လာေရာက္လည္ပတ္ခြင္ျပဳမည္ျဖစ္ေၾကာင္း ကြၽန္းတာဝန္ခံမ်ားထံမွ သိရသည္။
ထိုသို႔ ဝင္ေၾကးအခမဲ့ဝင္ခြင့္ကို လူဦးေရအကန့္အသတ္ျဖင့္ ခြင့္ျပဳမည္ျဖစ္ကာ လည္ပတ္သူမ်ား မိသားစုလိုက္ျဖစ္ေစ၊ သူငယ္ခ်င္အေပါင္းအသင္းမ်ားႏွင့္ျဖစ္ေစ စိတ္ခ်မ္းသာေပ်ာ္႐ႊင္စြာ အနားယူနိုင္မည့္ ေနရာထိုင္ခင္းမ်ားကို စီစဥ္ေပးထားၿပီး သၾကၤန္ရက္မ်ား၌ စတုဒိသာကုသိုလ္အျဖစ္ သူေဌးကြၽန္းမိသားစုမ်ားက မုန႔္လက္ေဆာင္း၊ သၾကၤန္အက်ေန႕တြင္ KMA Wedding Photo Studio က မုန႔္လုံးတို႔ျဖင့္ ဧည့္ခံမည္ျဖစ္သည္။
ထို႔အတူ ေန႕လယ္စာသုံးေဆာင္လိုသူမ်ားအတြက္ စားေသာက္ဆိုင္ခန္းမ်ား လာေရာက္ဖြင့္လွစ္မည္ျဖစ္ၿပီး ျမန္မာထမင္းဟင္းလ်ာမ်ား၊ တိုင္းရင္းသားဟင္းလ်ာမ်ားကို ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါသူေဌးကြၽန္းမ်ားတြင္ သဘာဝေရေျမႏွင့္ သစ္ပင္မ်ားကို တန္ဖိုးထားထိန္းသိမ္းလွ်က္ရွိရာ မိလႅာစနစ္ကိုလည္း သဘာဝပတ္ဝန္းက်င္ကို မထိခိုက္သည့္ Bio Tank မိလႅာစနစ္ကိုသာ ေ႐ြးခ်ယ္အသုံးျပဳထားေၾကာင္းလည္း သိရသည္။
#mhtnews
Recent Comments