၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလ၌ ရန်ကုန်မြို မဟာဗန္ဓုလလမ်းပန်းခြံလမ်း၌ လမ်းလျှောက်သင်္ကြန် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများနှင့်အတူ သင်္ကြန်ချစ်ပြည်သူများက ရန်ကုန်လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပါဝင် ဆင်နွှခဲ့ကြသည်။

မဟာဗန္ဓုလပန်းခြံလမ်း လမ်းလျှောက်သင်္ကြန်တွင် မဟာဗန္ဓုလလမ်းမှ ကုန်သည်လမ်းမပေါ်အထိ မုခ်ဦးများတပ်ဆင်ထားပြီး ရေပန်းများတပ်ဆင်ထားခြင်း၊ ဖျော်ဖြေရေးစင်မြင့်များဖြင့် ဖျော်ဖြေတင်ဆက်ကာ ရန်ကုန်မြိုလယ်ကောင်တွင် တည်ရှိသည့်အတွက် သင်္ကြန်ချစ်သူပြည်သူများ ပျော်ရွှင်စွာရေကစားကြကြောင်း သိရသည်။
#mhtnews

(Zawgyi)
“မဟာဗန္ဓုလလမ်းပန်းခြံလမ်း၌ လမ်းလျှောက်သင်္ကြန်ပွဲ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ပါဝင်ဆင်နွှဲ”


#mhtnews