လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်း သက်ငယ်သင်တန်းကျောင်းသို့ ရောက်ရှိရာ တာဝန်ခံ ကျောင်းအုပ်က သင်တန်းကျောင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းအနေဖြင့် ပိုမိုထိရောက်ကျယ်ပြန့်စွာ အကျိုးပြုနိုင်ရေးအတွက် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Resource Center အဖြစ်မြှင့်တင်၍ TOT သင်တန်းများ ပို့ချနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိကြပြီး မသန်စွမ်းကလေးများအား ပြုစုစောင့်ရှောက်ပေးနေမှုနှင့် စားသောက်နေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ မသန်စွမ်းကလေးများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်း၌ သင်တန်းကျောင်း ခန်းမဆောင်၊ ဝန်ထမ်းအိမ်ရာနှင့် သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိရာ တာဝန်ခံကျောင်းအုပ်က ကျောင်း၏ တည်နေရာ၊ အဆောက်အဦ၊ ဝန်ထမ်းအင်အား၊ ဝင်ဆံ့အင်အားနှင့် လက်ခံစောင့်ရှောက်ထားရှိမှု၊ ကလေးများ အသိပညာ အတတ်ပညာ ဖွံ့ဖြိုးစေရေး ဆောင်ရွက်နေမှု၊ အားသာချက်၊ အားနည်းချက်များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့် အချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားပြီး သင်တန်းကျောင်း အိပ်ဆောင်များအတွင်း လိုက်လံကြည့်ရှုကာ ကလေးငယ်များအား လိမ္မာရေးခြားရှိပြီး အကျိုးပြုနိုင်သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းအားပေး ပြောကြားခဲ့ကြောင်း သိရသည်။

#mhtnews

=============================

(Zawgyi)

“မသန္စြမ္းသူမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ Resource Center အျဖစ္ျမႇင့္တင္၍ TOT သင္တန္းမ်ား ပို႔ခ်နိဳင္ေရးေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီး ေဒၚသက္သက္ခိုင္မွာၾကား”

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္သက္ခိုင္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး လူမႈေရးဝန္ႀကီးတို႔သည္ ယမန္ေန႕ မြန္းလြဲပိုင္းတြင္ မရမ္းကုန္းၿမိဳ႕နယ္ရွိ လူမႈဝန္ထမ္းဦးစီးဌာန မသန္စြမ္း သက္ငယ္သင္တန္းေက်ာင္းသို႔ ေရာက္ရွိရာ တာဝန္ခံ ေက်ာင္းအုပ္က သင္တန္းေက်ာင္း၏ ရည္႐ြယ္ခ်က္ႏွင့္ လုပ္ငန္းေဆာင္႐ြက္ေနမႈကို ရွင္းလင္းတင္ျပၿပီး ျပည္ေထာင္စုဝန္ႀကီးက သင္တန္းေက်ာင္းအေနျဖင့္ ပိုမိုထိေရာက္က်ယ္ျပန႔္စြာ အက်ိဳးျပဳနိုင္ေရးအတြက္ မသန္စြမ္းသူမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ Resource Center အျဖစ္ျမႇင့္တင္၍ TOT သင္တန္းမ်ား ပို႔ခ်နိဳင္ေရး ေဆာင္႐ြက္သြားရန္ မွာၾကားသည္။

ယင္းေနာက္ မရမ္းကုန္းၿမိဳ႕နယ္ရွိ လူမႈဝန္ထမ္းဦးစီးဌာန မသန္စြမ္းကေလးမ်ား ျပဳစုေစာင့္ေရွာက္ေရးေဂဟာသို႔ ေရာက္ရွိၾကၿပီး မသန္စြမ္းကေလးမ်ားအား ျပဳစုေစာင့္ေရွာက္ေပးေနမႈႏွင့္ စားေသာက္ေနထိုင္မႈကို လွည့္လည္ၾကည့္ရႈစစ္ေဆးကာ မသန္စြမ္းကေလးမ်ားကို ရင္းရင္းႏွီးႏွီးေတြ႕ဆုံ ႏႈတ္ဆက္အားေပးၾကသည္။

ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးႏွင့္ အဖြဲ႕သည္ မရမ္းကုန္းၿမိဳ႕နယ္ရွိ လူမႈဝန္ထမ္းဦးစီးဌာန လူမႈဝန္ထမ္းအတတ္သင္ သိပၸံေက်ာင္း၌ သင္တန္းေက်ာင္း ခန္းမေဆာင္၊ ဝန္ထမ္းအိမ္ရာႏွင့္ သင္တန္းေက်ာင္းအတြင္း လွည့္လည္ၾကည့္ရႈ စစ္ေဆးၾကသည္။

ထို႔ေနာက္ မရမ္းကုန္းၿမိဳ႕နယ္ရွိ လူမႈဝန္ထမ္းဦးစီးဌာန က်ိဳက္ဝိုင္း လူငယ္သင္တန္းေက်ာင္းသို႔ ေရာက္ရွိရာ တာဝန္ခံေက်ာင္းအုပ္က ေက်ာင္း၏ တည္ေနရာ၊ အေဆာက္အဦ၊ ဝန္ထမ္းအင္အား၊ ဝင္ဆံ့အင္အားႏွင့္ လက္ခံေစာင့္ေရွာက္ထားရွိမႈ၊ ကေလးမ်ား အသိပညာ အတတ္ပညာ ဖြံ႕ၿဖိဳးေစေရး ေဆာင္႐ြက္ေနမႈ၊ အားသာခ်က္၊ အားနည္းခ်က္မ်ားႏွင့္ ျဖည့္ဆည္းေဆာင္႐ြက္ေပးေစလိုသည့္ အခ်က္မ်ားကို ရွင္းလင္းတင္ျပရာ ျပည္ေထာင္စုဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားက လိုအပ္သည္မ်ား မွာၾကားၿပီး သင္တန္းေက်ာင္း အိပ္ေဆာင္မ်ားအတြင္း လိုက္လံၾကည့္ရႈကာ ကေလးငယ္မ်ားအား လိမၼာေရးျခားရွိၿပီး အက်ိဳးျပဳနိုင္ေသာ လူ႕စြမ္းအား အရင္းအျမစ္မ်ား ျဖစ္လာေစေရးအတြက္ ႀကိဳးစားေဆာင္႐ြက္ၾကရန္ တိုက္တြန္းအားေပး ေျပာၾကားခဲ့ေၾကာင္း သိရသည္။

#mhtnews