
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသော Astrazeneca အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၅)သိန်း doses သည် ဧပြီ ၂၀ ရက်၊ နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်မှ မလေးရှားလေကြောင်းလိုင်း ကုန်တင်ယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ Astrazeneca ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို Malaysia-Myanmar Business Clamber(MMBC) ဥက္ကဌ Ms. Loi Jin Choo ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ Counsellor, Mr. Muhammad Syukri Bin Azmi နှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းနှင့် တာ၀န်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုသို့ ရောက်ရှိလာသည့် Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော်(လေ)နှင့်မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှ လည်းကောင်း အအေးလမ်းကြောင်းမပြတ် ဆက်လက်ဖြန့်ဝေကာ ဦးတည်အုပ်စု အလိုက် ပြည်သူ့ဆေးရုံများနှင့်ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ဧပြီ ၂၀ ရက်နေ့အထိ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်နှင့် အထက် ထိုးနှံပြီးသူဦးရေ (၂၈ ဒသမ ၉၇) သန်းကျော်ရှိပြီဖြစ်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုအနေဖြင့် (၁ ဒသမ ၂)သန်း doses ထိုးနှံပြီးဖြစ်ရာ စုစုပေါင်းကာကွယ်ဆေး doses ပေါင်း (၅၂ ဒသမ ၆၅) သန်းကျော် ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
#mhtnews
============================
(Zawgyi)
“မေလးရွားနိုင္ငံမွ ျမန္မာနိုင္ငံသို႔လႉဒါန္းသည့္ Astrazeneca ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး (၅)သိန္း Doses ေရာက္ရွိ”
မေလးရွားနိုင္ငံမွ ျမန္မာနိုင္ငံသို႔လႉဒါန္းေသာ Astrazeneca အမွတ္တံဆိပ္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး (၅)သိန္း doses သည္ ဧၿပီ ၂၀ ရက္၊ နံနက္ပိုင္းတြင္ မေလးရွားနိုင္ငံ၊ ကြာလာလမ္ပူ ေလဆိပ္မွ မေလးရွားေလေၾကာင္းလိုင္း ကုန္တင္ယာဥ္ျဖင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ Astrazeneca ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးမ်ားကို Malaysia-Myanmar Business Clamber(MMBC) ဥကၠဌ Ms. Loi Jin Choo ၊ ျမန္မာနိုင္ငံဆိုင္ရာ မေလးရွားသံ႐ုံးမွ Counsellor, Mr. Muhammad Syukri Bin Azmi ႏွင့္ တာဝန္ရွိသူမ်ားက ရန္ကုန္တိုင္းေဒသႀကီး၊ ျပည္သူ႕က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနမႉး ေဒါက္တာထြန္းမင္းႏွင့္ တာ၀န္ရွိသူမ်ားထံ လႊဲေျပာင္းေပးအပ္ခဲ့သည္။
ထိုသို႔ ေရာက္ရွိလာသည့္ Astrazeneca ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးမ်ားကို ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားသို႔ လိုအပ္ခ်က္အရ ေျမျပင္ခရီးလမ္းေၾကာင္းမွ လည္းေကာင္း၊ တပ္မေတာ္(ေလ)ႏွင့္ျမန္မာ့ေလေၾကာင္းတို႔၏ အကူအညီျဖင့္ ေလေၾကာင္းခရီးမွ လည္းေကာင္း အေအးလမ္းေၾကာင္းမျပတ္ ဆက္လက္ျဖန႔္ေဝကာ ဦးတည္အုပ္စု အလိုက္ ျပည္သူ႕ေဆး႐ုံမ်ားႏွင့္ကာကြယ္ေဆးထိုးစုရပ္မ်ားတြင္ ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာတစ္နိုင္ငံလုံးတြင္ ဧၿပီ ၂၀ ရက္ေန႕အထိ ကိုဗစ္- ၁၉ ေရာဂါ ကာကြယ္ေဆးတစ္ႀကိမ္ႏွင့္ အထက္ ထိုးႏွံၿပီးသူဦးေရ (၂၈ ဒသမ ၉၇) သန္းေက်ာ္ရွိၿပီျဖစ္ၿပီး ထပ္ေဆာင္းကာကြယ္ေဆး ထိုးႏွံမႈအေနျဖင့္ (၁ ဒသမ ၂)သန္း doses ထိုးႏွံၿပီးျဖစ္ရာ စုစုေပါင္းကာကြယ္ေဆး doses ေပါင္း (၅၂ ဒသမ ၆၅) သန္းေက်ာ္ ထိုးႏွံၿပီးစီးၿပီးျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရွိရပါသည္။
#mhtnews
Recent Comments