မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်ချက်ဖြင့်တည်ဆောက်ထားသော နန်းမြို့ရိုး အရှေ့ဘက်နှင့်တောင်ဘက်ခြမ်းရှိ ရတနာပုံ အပန်းဖြေဥယျာဉ်ဖွင့်ပွဲအခမ်းအနားကို ဧပြီ၁၃ရက်(သင်္ကြန်အကြိုနေ့)နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် ယနေ့ (ဧပြီ ၁၁ ရက်တွင်) ဝတ်ဟုံပြည့်အစမ်းလေ့ကျင့်ခြင်းကို ပြုလုပ်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ရာတွင် ကုန်းပေါ်၌ လှည်းယာဥ်အလှပြမှုများနှင့် ကျုံးရေပြင်အတွင်း လောင်းလှေ အလှပြမှုများ ပါဝင်မည်ဖြစ်သည်။

အဆိုပါ ရတနာပုံအပန်းဖြေဥယျာဥ်စီမံကိန်းကို မန္တလေးမြို့နေ ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရန်နှင့် နိုင်ငံခြားခရီးသွားများ နန်းမြို့ရိုးအလှကြည့်ရှုခံစားနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၆၆လမ်း၊ ၂၆ လမ်းနှင့် ၁၂ လမ်းကြား ကျုံးရေပြင်နှင့် နန်းမြို့ရိုးအကြား မြေနေရာလွတ် ကျုံးအရှေ့ဘက်ခြမ်းကို ဦးထိပ်ရတနာပုံအပန်းဖြေဥယျာဥ်၊ ၂၆ လမ်း၊ လမ်း ၈၀ နှင့် ၆၆ လမ်းကြား ကျုံးရေပြင်နှင့် နန်းမြို့ရိုးအကြား မြေနေရာလွတ် ကျုံးတောင်ဘက်ခြင်းတို့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရတနာပုံ အပန်းဖြေဥယျာဥ်စီမံကန်းကို တည်ဆောက်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဥယျာဥ်တည်ဆောက်ရေး ဒီဇိုင်းပုံစံရေးဆွဲ၍ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များနှင့် ယူနက်စကို၏ စံချိန်စံညွှန်းသတ်မှတ်ချက်များကို အထူးဂရုပြုလိုက်နာကာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥယျာဥ်အတွင်း၌ မင်းလှည်းလမ်း ၁၆ ပေ၊ ကလေးများစက်ဘီစီးရန် စက်ဘီလမ်း ၁၀ ပေ၊ လူသွားလမ်း ၃၁ ပေ၊ ပရဆေးစိုက်ခင်းများ၊ ပန်းအလှပင်များ၊ နန်းမြို့ရိုးအလှ မပျက်စီးရန်အတွက် ၆ ပေမကျော်သော သစ်ပင်များ၊ စားသောက်ဆိုင်ငယ်များ၊ အနားယူနိုင်ရန် ထိုင်ခုံများ စသည်ဖြင့် ပါဝင်မည်ဖြစ်ပြီး ခေတ်မီလှပသော ပုံစံဒီဇိုင်းများကို အသုံးပြုကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရတနာပုံအပန်းဖြေဥယျာဥ် တည်ဆောက်ပြီးစီးပါက မန္တလေးမြို့ခံလူထုကို ဝင်ကြေးအခမဲ့ဖြင့် အပန်းဖြေအနားယူနိုင်မည်ဖြစ်ကြောင်းနှင့် ကျုံးမြောက်ဘက်ခြမ်းတွင်းလည်း ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

#mhtnews

(Zawgyi)

“မႏၱေလး နန္းၿမိဳ႕ရိုး အေရွ႕ဘက္ႏွင့္ေတာင္ဘက္တို႔တြင္ တည္ေဆာက္ထားသည့္ ရတနာပုံ အပန္းေျဖဥယ်ာဥ္ဖြင့္ပြဲအခမ္းအနားျပဳလုပ္ရန္ ဝတ္စုံျပည့္ျဖင့္ ေလ့က်င့္မႈျပဳလုပ္”

မႏၱေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕လမ္းၫႊန္ခ်က္ျဖင့္တည္ေဆာက္ထားေသာ နန္းၿမိဳ႕ရိုး အေရွ႕ဘက္ႏွင့္ေတာင္ဘက္ျခမ္းရွိ ရတနာပုံ အပန္းေျဖဥယ်ာဥ္ဖြင့္ပြဲအခမ္းအနားကို ဧၿပီ၁၃ရက္(သၾကၤန္အႀကိဳေန႕)နံနက္ပိုင္းတြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္သျဖင့္ ယေန႕ (ဧၿပီ ၁၁ ရက္တြင္) ဝတ္ဟုံျပည့္အစမ္းေလ့က်င့္ျခင္းကို ျပဳလုပ္ခဲ့ေၾကာင္း မႏၱေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

ဖြင့္ပြဲအခမ္းအနားကို ျပဳလုပ္ရာတြင္ ကုန္းေပၚ၌ လွည္းယာဥ္အလွျပမႈမ်ားႏွင့္ က်ဳံးေရျပင္အတြင္း ေလာင္းေလွ အလွျပမႈမ်ား ပါဝင္မည္ျဖစ္သည္။

အဆိုပါ ရတနာပုံအပန္းေျဖဥယ်ာဥ္စီမံကိန္းကို မႏၱေလးၿမိဳ႕ေန ျပည္သူမ်ား စိတ္ေအးခ်မ္းသာစြာ အပန္းေျဖအနားယူနိုင္ရန္ႏွင့္ နိုင္ငံျခားခရီးသြားမ်ား နန္းၿမိဳ႕ရိုးအလွၾကည့္ရႈခံစားနိုင္ရန္ ရည္႐ြယ္တည္ေဆာက္ခဲ့ျခင္းျဖစ္ကာ ၆၆လမ္း၊ ၂၆ လမ္းႏွင့္ ၁၂ လမ္းၾကား က်ဳံးေရျပင္ႏွင့္ နန္းၿမိဳ႕ရိုးအၾကား ေျမေနရာလြတ္ က်ဳံးအေရွ႕ဘက္ျခမ္းကို ဦးထိပ္ရတနာပုံအပန္းေျဖဥယ်ာဥ္၊ ၂၆ လမ္း၊ လမ္း ၈၀ ႏွင့္ ၆၆ လမ္းၾကား က်ဳံးေရျပင္ႏွင့္ နန္းၿမိဳ႕ရိုးအၾကား ေျမေနရာလြတ္ က်ဳံးေတာင္ဘက္ျခင္းတို႔တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ရတနာပုံ အပန္းေျဖဥယ်ာဥ္စီမံကန္းကို တည္ေဆာက္ရာတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ယာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ဥယ်ာဥ္တည္ေဆာက္ေရး ဒီဇိုင္းပုံစံေရးဆြဲ၍ ေရွးေဟာင္းသုေတသနဦးစီးဌာနမွ ကြၽမ္းက်င္ပညာရွင္မ်ား၏ အႀကံျပဳခ်က္မ်ားႏွင့္ ယူနက္စကို၏ စံခ်ိန္စံၫႊန္းသတ္မွတ္ခ်က္မ်ားကို အထူးဂ႐ုျပဳလိုက္နာကာ မႏၱေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ ဦးေဆာင္တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဥယ်ာဥ္အတြင္း၌ မင္းလွည္းလမ္း ၁၆ ေပ၊ ကေလးမ်ားစက္ဘီစီးရန္ စက္ဘီလမ္း ၁၀ ေပ၊ လူသြားလမ္း ၃၁ ေပ၊ ပရေဆးစိုက္ခင္းမ်ား၊ ပန္းအလွပင္မ်ား၊ နန္းၿမိဳ႕ရိုးအလွ မပ်က္စီးရန္အတြက္ ၆ ေပမေက်ာ္ေသာ သစ္ပင္မ်ား၊ စားေသာက္ဆိုင္ငယ္မ်ား၊ အနားယူနိုင္ရန္ ထိုင္ခုံမ်ား စသည္ျဖင့္ ပါဝင္မည္ျဖစ္ၿပီး ေခတ္မီလွပေသာ ပုံစံဒီဇိုင္းမ်ားကို အသုံးျပဳကာ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ရတနာပုံအပန္းေျဖဥယ်ာဥ္ တည္ေဆာက္ၿပီးစီးပါက မႏၱေလးၿမိဳ႕ခံလူထုကို ဝင္ေၾကးအခမဲ့ျဖင့္ အပန္းေျဖအနားယူနိုင္မည္ျဖစ္ေၾကာင္းႏွင့္ က်ဳံးေျမာက္ဘက္ျခမ္းတြင္းလည္း ဆက္လက္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း မႏၱေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

#mhtnews