မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် PDF အကြမ်းဖက်အဖွဲ့ဝင်နှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က သေနတ်ဖြင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဧပြီ ၈ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် PDF အကြမ်းဖက် အမျိုးသားနှစ်ဦးမှာ ဆိုင်ကယ်ဖြင့်လာရောက်၍ ရပ်ကွက်ရုံးကို လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ကင်းပုန်းဝပ်စောင့်ကြည့်နေသော လုံခြုံရေးတပ်ဖွဲ့မှ ပတ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား စစ်ဆေးရှာဖွေရာ ကျည်နှင့် ကျည်အိမ်ပါဝင်သည့် ပစ္စတိုသေနတ်တစ်လက်၊ ကော်ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးနှင့် ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“မန္တလေးမြို့ရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် PDF အဖွဲ့ဝင် နှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီး”




#mhtnews