
မန္တလေးမြို့တွင် ယခုလပိုင်းအတွင်း တစ်ပတ်ရစ်မော်တော်ဆိုင်ကယ် (အဟောင်း) စျေးကွက်များ ပြန်လည်ကောင်းမွန်လာပြီး ခိုးယူထားသည့် မော်တော်ဆိုင်ကယ် (ခိုးဘီး) များကိုလည်း ပေါ်ပေါ်တင်တင် ရောင်းချလျှက်ရှိကြောင်း အရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။
မန္တလေးမြို့နှင့် အနီးဝန်းကျင်ရှိ မြို့ရွာများမှ ပြည်သူများအနေဖြင့် ဝင်ငွေနည်းပါးမှုကြောင့် အသစ်ပြန်လည်ဝယ်ယူရန် အဆင်မပြေမှုများရှိနေသည့်အတွက် တစ်ပတ်ရစ်ဆိုင်ကယ်များကို ဝယ်ယူအသုံးပြုနေရခြင်းဖြစ်သည်။
လက်ရှိစျေးကွက်အတွင်း တရုတ်နိုင်ငံထုတ် မော်တော်ဆိုင်ကယ်များသာ အများဆုံးအရောင်းအဝယ်ဖြစ်နေပြီး ထိုင်းနှင့် ဂျပန်နိုင်ငံထုတ်အမျိုးအစားများမှာ အနည်းငယ်သာအရောင်းအဝယ်ရှိနေကာ အများစုမှာစျေးနှုန်းသက်သာသည့် လိုင်စင်မဲ့ဆိုင်ကယ်များသာဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် မြို့လယ်ကောင်လုယက်မှုများအပါအဝင် မော်တော်ဆိုင်ကယ်ခိုးယူမှုများ နေ့စဥ်နီးပါးဖြစ်ပွားလျက်ရှိရာ ထိုကဲ့သို့ခိုးယူခံထားရသည့် မော်တော်ဆိုင်ကယ် (ဒေသအခေါ် ခိုးဘီး)များကိုလည်း ပေါ်ပေါ်ထင်ထင် ပြန်လည်ရောင်းချမှုများလည်းတွင်ကျယ်လာပြီး တချို့ဆိုင်ကယ်ခိုးယူခံရသူများအနေဖြင့် မိမိဆိုင်ကယ်ကို အဆိုပါစျေးကွက်အတွင်း သွားရောက်ရှာဖွေကာ ပြန်လည်ဝယ်ယူမှုများပြုလုပ်နေရကြောင်း သိရသည်။
#mhtnews

(Zawgyi)
“မန္တလေးတွင် မော်တော်ဆိုင်ကယ် အဟောင်းဈေးကွက် ပြန်လည်ကောင်းမွန်လာပြီး ခိုးယူထားသည့် ခိုးဘီးများကိုပါ ပေါ်ပေါ်တင်တင်ရောင်းချမှုများရှိနေ”
မန္တလေးမြို့တွင် ယခုလပိုင်းအတွင်း တစ်ပတ်ရစ်မော်တော်ဆိုင်ကယ် (အဟောင်း) ဈေးကွက်များ ပြန်လည်ကောင်းမွန်လာပြီး ခိုးယူထားသည့် မော်တော်ဆိုင်ကယ် (ခိုးဘီး) များကိုလည်း ပေါ်ပေါ်တင်တင် ရောင်းချလျှက်ရှိကြောင်း အရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။
လက်ရှိဈေးကွက်အတွင်း တရုတ်နိုင်ငံထုတ် မော်တော်ဆိုင်ကယ်များသာ အများဆုံးအရောင်းအဝယ်ဖြစ်နေပြီး ထိုင်းနှင့် ဂျပန်နိုင်ငံထုတ်အမျိုးအစားများမှာ အနည်းငယ်သာအရောင်းအဝယ်ရှိနေကာ အများစုမှာဈေးနှုန်းသက်သာသည့် လိုင်စင်မဲ့ဆိုင်ကယ်များသာဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် မြို့လယ်ကောင်လုယက်မှုများအပါအဝင် မော်တော်ဆိုင်ကယ်ခိုးယူမှုများ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိရာ ထိုကဲ့သို့ခိုးယူခံထားရသည့် မော်တော်ဆိုင်ကယ် (ဒေသအခေါ် ခိုးဘီး)များကိုလည်း ပေါ်ပေါ်ထင်ထင် ပြန်လည်ရောင်းချမှုများလည်းတွင်ကျယ်လာပြီး တချို့ဆိုင်ကယ်ခိုးယူခံရသူများအနေဖြင့် မိမိဆိုင်ကယ်ကို အဆိုပါဈေးကွက်အတွင်း သွားရောက်ရှာဖွေကာ ပြန်လည်ဝယ်ယူမှုများပြုလုပ်နေရကြောင်း သိရသည်။
#mhtnews
Recent Comments