
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဉီးစီးဌာန၊ လှော်ကားပင်မဓာတ်အားခွဲရုံတွင် အသစ်တည်ဆောက်လျှက်ရှိသော 230/33/11kV, 150MVA TR Bank.5 အား ဓာတ်အားချိတ်ဆက်အသုံးပြုနိုင်ရန် အတွက် လှော်ကားပင်မဓာတ်အားခွဲရုံတွင် 230/33/11kV, 150MVA TR Bank.5 အား 33kV Bus-A, Bus-B Dropper များချိတ်ဆက်တပ်ဆင်ခြင်း၊ လှော်ကားပင်မဓာတ်အားခွဲရုံတွင် 230/33/11kV, 150MVA TR Bank.1 နှင့် Bank.2 တို့အတွက် 33kV Main D/S အသစ်တပ်ဆင်နိုင်ရန် ဆောင်ရွက်ခြင်းလုပ်ငန်းများကို မနက်ဖန် (ဧပြီ ၂၄ ရက်) နံနက် ၁၀ နာရီမှ ညနေ (၄)နာရီအထိ ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း က အသိပေးကြောထားသည်။
ထိုသို့လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ၂၃၀ ကေဗွီ ၊လှော်ကားပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပေး ထားသည့် အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့နယ်၊ လှည်းကူးမြို့နယ်၊ အင်းတိုင်မြို့နယ်၊ ဒါးပိန်မြို့နယ်၊ဖောင်ကြီးမြို့နယ် တစ်မြို့နယ်လုံး၊ ရွှေပြည်သာမြို့နယ်၊ ရွှေလင်ပန်းမြို့နယ်နှင့် မှော်ဘီမြို့နယ် တို့ရှိနေရာအချို့တွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှု မရှိစေရေးကို အလေးထား စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရသည်။
#mhtnews

(Zawgyi)
“မနက်ဖန် (ဧပြီ ၂၄ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ လျှပ်စစ် ဓါတ်အား မနက်မှ ညနေထိပြတ်တောက်မည်ဖြစ်ကြောင်း YESC အသိပေးကြေညာ”
#mhtnews
Recent Comments