
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးတို့အတွက် ၂၀၂၂ ခုနှစ် မိုးနှင့်ဆောင်း စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို ဧကပေါင်း (၄၃၀၀၀)ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာတို့ကို အဓိက အားထားစိုက်ပျိုးကြပြီး စိုက်ပျိုးစရိတ်ကုန်မှုနည်းပါးသော နေကြာသီး နှံကို စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေး၊ ပြည်ပစားသုံးဆီ တင်သွင်းရောင်းချမှု/သုံးစွဲမှု လျော့ချစေရေး၊ စိုက်ပျိုးတောင်သူများ တစ်ဧက အထွက်းနှုန်းတိုးတက် ကောင်းမွန်စေရေး၊ မျိုးကောင်းမျိုးသန့်များ စနစ်တကျ စိစစ်ရွေးချယ် စိုက်ပျိုးနိုင်စေရေးနှင့် တောင်သူ တစ်ဦးချင်းအလိုက် ဝင်ငွေတိုးတက်စေရေး တို့အတွက် ၂၀၂၂ ခုနှစ်၊ မိုးနှင့်ဆောင်း စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို ဧကပေါင်း လေးသောင်းကျော် တိုးချဲ့စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ ယခုနှစ် မိုးရာသီတွင် နေကြာသီးနှံကို သီးညှပ်စိုက်ပျိုးမည့် တောင်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဧကလျှင် တစ်ပြည်နှုန်းဖြင့် မျိုးစေ့များ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးနှင့်ဆောင်း စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို ဧက ပေါင်း (၁၂၂၄၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် မိုးရာသီတွင် (၁၀၀၆၄)ဧကနှင့် ဆောင်းရာသီတွင် (၃၃၅၀၄)ဧက စုစုပေါင်း (၄၃၅၆၈)ဧကအထိ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“မင္းဘူး(စကု)ၿမိဳ႕နယ္၌ ၂၀၂၂ ခုႏွစ္ မိုးႏွင့္ေဆာင္းစိုက္ပ်ိဳးရာသီတြင္ ေနၾကာသီးႏွံကို ဧကေပါင္း (၄၃၀၀၀)ေက်ာ္ စိုက္ပ်ိဳးသြားမည္”
မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခရိုင္၊ မင္းဘူး(စကု)ၿမိဳ႕နယ္၌ ေနၾကာသီးႏွံ စိုက္ပ်ိဳးထုတ္လုပ္မႈ တိုးတက္ျမင့္မားေစေရးႏွင့္ ျပည္တြင္းစားသုံးဆီ ဖူလုံေစေရးတို႔အတြက္ ၂၀၂၂ ခုႏွစ္ မိုးႏွင့္ေဆာင္း စိုက္ပ်ိဳးရာသီတြင္ ေနၾကာသီးႏွံကို ဧကေပါင္း (၄၃၀၀၀)ေက်ာ္ လ်ာထားစိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။
မင္းဘူး(စကု)ၿမိဳ႕နယ္အတြင္း သီးႏွံမ်ိဳးစုံစိုက္ပ်ိဳးလ်က္ရွိရာ ဆီထြက္သီးႏွံျဖစ္သည့္ ႏွမ္း၊ ေျမပဲႏွင့္ ေနၾကာတို႔ကို အဓိက အားထားစိုက္ပ်ိဳးၾကၿပီး စိုက္ပ်ိဳးစရိတ္ကုန္မႈနည္းပါးေသာ ေနၾကာသီး ႏွံကို စိုက္ပ်ိဳးထုတ္လုပ္မႈတိုးတက္ျမင့္မားေစေရး၊ ျပည္တြင္းစားသုံးဆီဖူလုံေစေရး၊ ျပည္ပစားသုံးဆီ တင္သြင္းေရာင္းခ်မႈ/သုံးစြဲမႈ ေလ်ာ့ခ်ေစေရး၊ စိုက္ပ်ိဳးေတာင္သူမ်ား တစ္ဧက အထြက္းႏႈန္းတိုးတက္ ေကာင္းမြန္ေစေရး၊ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ား စနစ္တက် စိစစ္ေ႐ြးခ်ယ္ စိုက္ပ်ိဳးနိုင္ေစေရးႏွင့္ ေတာင္သူ တစ္ဦးခ်င္းအလိုက္ ဝင္ေငြတိုးတက္ေစေရး တို႔အတြက္ ၂၀၂၂ ခုႏွစ္၊ မိုးႏွင့္ေဆာင္း စိုက္ပ်ိဳးရာသီတြင္ ေနၾကာသီးႏွံကို ဧကေပါင္း ေလးေသာင္းေက်ာ္ တိုးခ်ဲ့စိုက္ပ်ိဳးသြား မည္ျဖစ္ေၾကာင္း၊ ယခုႏွစ္ မိုးရာသီတြင္ ေနၾကာသီးႏွံကို သီးညွပ္စိုက္ပ်ိဳးမည့္ ေတာင္သူမ်ားအား တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ တစ္ဧကလွ်င္ တစ္ျပည္ႏႈန္းျဖင့္ မ်ိဳးေစ့မ်ား အခမဲ့ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးမႉး ဦးေဇာ္လင္းက ေျပာသည္။
မင္းဘူး(စကု)ၿမိဳ႕နယ္၌ ၂၀၂၁ ခုႏွစ္ မိုးႏွင့္ေဆာင္း စိုက္ပ်ိဳးရာသီတြင္ ေနၾကာသီးႏွံကို ဧက ေပါင္း (၁၂၂၄၁)ဧက စိုက္ပ်ိဳးနိုင္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္ မိုးရာသီတြင္ (၁၀၀၆၄)ဧကႏွင့္ ေဆာင္းရာသီတြင္ (၃၃၅၀၄)ဧက စုစုေပါင္း (၄၃၅၆၈)ဧကအထိ တိုးခ်ဲ့စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။
#mhtnews
Recent Comments